ထိုင္းႏိုင္ငံမွ တရားမ၀င္ေရႊ႕ေျပာင္းျမန္မာႏိုင္ငံသား (၃၃)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထိုင္းႏိုင္ငံမွ တရားမ၀င္ေရႊ႕ေျပာင္းျမန္မာႏိုင္ငံသား (၃၃)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း
မေ 9, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံတြင္ တရားမဝင္ ေနထုိင္သည့္ ျမန္မာႏုိင္ငံသားမ်ားအား ေမလ (၉)ရက္ေန႔တြင္ ထိုင္းဘက္မွ လႊဲေျပာင္း ေပးလာရာ  စုစုေပါင္း(၃၃)ဦး ၌ ကေလးငယ္ (၇)ဦး ပါ၀င္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွ တာ၀န္ရွိသူမ်ားက ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတား တာခ်ီလိတ္ ဘက္သို႔ လႊဲေျပာင္းေပးလာရာတြင္ အမ်ဳိးသား(၁၈)ဦး၊ အမ်ဳိးသမီး(၈)ဦး ႏွင့္ ကေလးငယ္(၇)ဦး စုစုေပါင္း(၃၃)ဦး ပါ၀င္ရာ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ေမလ(၉)ရက္ေန႔အထိ စုစုေပါင္း(၂၉၇)ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျမန္မာႏိုင္ငံသားမ်ားအား ထိုင္းႏိုင္ငံ မယ္ဆိုင္ဘက္မွ လႊဲေျပာင္းေပးလာရာတြင္ ျမန္မာႏိုင္ငံ တာခ်ီလိတ္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၊ လ၀က၊ လူကုန္တား၊ ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ ( CNCMC  ) ႏွင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား ပါ၀င္ကာ စိစစ္လက္ခံၾကေၾကာင္း သိရသည္။

ထိုင္းဘက္မွ လႊဲေျပာင္းေပးလာမႈမ်ားတြင္ ရံဖန္ရံခါ၌ ျမန္မာႏိုင္ငံသား မဟုတ္သူမ်ားလည္း ပါလာတတ္သည့္အတြက္ အဆိုပါ ပူးေပါင္းအဖြဲ႔က စိစစ္ၿပီးမွသာ လက္ခံေလ့ရွိေၾကာင္း သိရွိရသည္။

 ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံသားများအား မေလ (၉)ရက်နေ့တွင် ထိုင်းဘက်မှ လွှဲပြောင်း ပေးလာရာ စုစုပေါင်း(၃၃)ဦး၌ ကလေးငယ် (၇)ဦး ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တာဝန်ရှိသူများက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား တာချီလိတ် ဘက်သို့ လွှဲပြောင်းပေးလာရာတွင် အမျိုးသား(၁၈)ဦး၊ အမျိုးသမီး(၈)ဦး နှင့် ကလေးငယ်(၇)ဦး စုစုပေါင်း(၃၃)ဦး ပါဝင်ရာ ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ မေလ(၉)ရက်နေ့အထိ စုစုပေါင်း(၂၉၇)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ လွှဲပြောင်းပေးလာရာတွင် မြန်မာနိုင်ငံ တာချီလိတ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝက၊ လူကုန်တား၊ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ ( CNCMC ) နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ကာ စိစစ်လက်ခံကြကြောင်း သိရသည်။

ထိုင်းဘက်မှ လွှဲပြောင်းပေးလာမှုများတွင် ရံဖန်ရံခါ၌ မြန်မာနိုင်ငံသား မဟုတ်သူများလည်း ပါလာတတ်သည့်အတွက် အဆိုပါ ပူးပေါင်းအဖွဲ့က စိစစ်ပြီးမှသာ လက်ခံလေ့ရှိကြောင်း သိရှိရသည်။

 ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~