တာခ်ီလိတ္ - က်ိဳင္းတံုကားလမ္း ပန္ကြဲေတာင္အဆင္းတြင္ ဆယ္ဘီးကားတစ္စီး တိမ္းေမွာက္

တာခ်ီလိတ္ - က်ိဳင္းတံုကားလမ္း ပန္ကြဲေတာင္အဆင္းတြင္ ဆယ္ဘီးကားတစ္စီး တိမ္းေမွာက္
မေ 12, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ - က်ိဳင္းတုံကားလမ္း ပန္ကြဲေတာင္အဆင္းတြင္ တာခ်ီလိတ္ဘက္မွ က်ိဳင္းတံုဘက္သို႔ ေမာင္းႏွင္လာေသာ (၁၀)ဘီးကားတစ္စီး ၂၀၁၈ခုႏွစ္ ေမလ(၁၂)ရက္ေန႔ နံနက္(၆)နာရီခြဲဝန္းက်င္က ေတာင္အဆင္းတြင္ အရိွန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္သြားေၾကာင္း သိရသည္။

"ဒီေန႔ တာခ်ီလိတ္ဘက္ကေန က်ိဳင္းတုံဘက္ကို ေမာင္းလာတဲ့ ကုန္တင္ကားတစ္စီးက ပန္ကြဲေတာင္ကေန အဆင္း အရွိန္မထိန္းႏိုင္ဘဲ ေမွာက္သြားတယ္။ ယာဥ္ေမာင္းတစ္ေယာက္ပဲပါတာ။ ႀကီးႀကီးမားမား ဒဏ္ရာ မရပါဘူး။ ပြန္းပဲ့တာေလာက္ပဲ ျဖစ္သြားတယ္။ ကားနဲ႔ပစၥည္းေတြကေတာ့ ပ်က္စီးသြားပါတယ္"ဟု က်ဳိင္းတံု ႏွလံုးလွပိုင္ရွင္မ်ား(အခမဲ့) လူမႈကူညီေရးအသင္းမွ ဥကၠဌ ဦးေက်ာ္သူေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆုိပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ိဳင္းတုံၿမိဳ႕မရဲစခန္းတြင္ ယာဥ္ေမာင္းျဖစ္သူအား အေရးယူႏုိင္ရန္ ေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓါတ္ပံု - ႏွလံုးလွပိုင္ရွင္မ်ား(အခမဲ့) လူမႈကူညီေရးအသင္း(က်ဳိင္းတံု)




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် - ကျိုင်းတုံကားလမ်း ပန်ကွဲတောင်အဆင်းတွင် တာချီလိတ်ဘက်မှ ကျိုင်းတုံဘက်သို့ မောင်းနှင်လာသော (၁၀)ဘီးကားတစ်စီး ၂၀၁၈ခုနှစ် မေလ(၁၂)ရက်နေ့ နံနက်(၆)နာရီခွဲဝန်းကျင်က တောင်အဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားကြောင်း သိရသည်။

"ဒီနေ့ တာချီလိတ်ဘက်ကနေ ကျိုင်းတုံဘက်ကို မောင်းလာတဲ့ ကုန်တင်ကားတစ်စီးက ပန်ကွဲတောင်ကနေ အဆင်း အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတယ်။ ယာဉ်မောင်းတစ်ယောက်ပဲပါတာ။ ကြီးကြီးမားမား ဒဏ်ရာ မရပါဘူး။ ပွန်းပဲ့တာလောက်ပဲ ဖြစ်သွားတယ်။ ကားနဲ့ပစ္စည်းတွေကတော့ ပျက်စီးသွားပါတယ်"ဟု ကျိုင်းတုံ နှလုံးလှပိုင်ရှင်များ(အခမဲ့) လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးကျော်သူအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းတွင် ယာဉ်မောင်းဖြစ်သူအား အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - နှလုံးလှပိုင်ရှင်များ(အခမဲ့) လူမှုကူညီရေးအသင်း(ကျိုင်းတုံ)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~