ကြတ္ခုိင္ၿမိဳ႕အနီးတြင္ Winner ခရီးသည္တင္ယာဥ္ ေခ်ာက္ထဲထုိးက် တိမ္းေမွာက္

ကြတ္ခုိင္ၿမိဳ႕အနီးတြင္ Winner ခရီးသည္တင္ယာဥ္ ေခ်ာက္ထဲထုိးက် တိမ္းေမွာက္
ဧပြီ 30, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖတ္လြန္းေက်းရြာအနီးတြင္ ဧၿပီလ (၃၀) ရက္ေန႔ နံနက္ အေစာပိုင္းက Winner ခရီးသည္တင္ ယာဥ္တစ္စီး မူဆယ္သို႔အသြား လမ္းေဘးေခ်ာက္ထဲထိုးက်ခ့ဲရာ သံုးဦးေသဆံုးၿပီး (၁၀)ဦး ဒဏ္ရာျပင္းထန္စြာရရွိသြားေၾကာင္း သိရသည္။

“မနက္အေစာပိုင္းက ျဖစ္တာ။ ကၽြန္ေတာ္တို႔ကို ခရီးသြားတစ္ခ်ိဳ႕က အေၾကာင္းၾကားလာတာန႔ဲ သိရတာ။ ဒဏ္ရာရသူေတြကို ေလာေလာဆယ္ ကြတ္ခိုင္ေဆးရံုမွာ တင္ထားတယ္” ဟု ျဗမၼစိုရ္လူမႈကူညီေရးအသင္း (ကြတ္ခိုင္)မွ ကိုတင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ဒဏ္ရာရသူ အေရအတြက္ စာရင္းအတိအက် မသိရေသးေသာ္လည္း အနည္းဆံုး (၁၀) ဦးဝန္းက်င္ ရိွမည္ဟု လူနာမ်ားအား ေဆးရံုသို႔ ပို႔ေဆာင္ေပးေနသည့္ အဆိုပါ လူမႈကူညီေရးအသင္းက ခန္႔မွန္းထားသည္။

လားရႈိးမွ မူဆယ္သို႔ ဧၿပီလ (၃၀) ရက္ေန႔က ထြက္ခြာလာသည့္ Winner Express ယာဥ္သည္ နံနက္ (၅)နာရီဝန္းက်င္တြင္ ကြတ္ခိုင္ၿမိဳ႕မွ (၁၃) မိုင္ခန္႔အကြာရိွ နမ့္ဖတ္လြန္းေက်းရြာအနီးတြင္ လမ္းေဘး ေပ (၂၀၀)ခန္႔ နက္သည့္ ေခ်ာက္အတြင္း ထိုးက်သြားျခင္းျဖစ္ေၾကာင္း သိရသည္။

“ျဖစ္စဥ္အေသးစိတ္ကိုေတာ့ မသိရေသးပါဘူး။ လူမႈကူညီေရးအသင္းေတြနဲ႔ သက္ဆိုင္ရာအဖြဲ႕ေတြ ေရာက္ရွိၿပီး ကူညီေပးေနပါတယ္”ဟု ကြတ္ခိုင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ရံုးမွ တာဝန္က်ရဲဝန္ထမ္းတစ္ဦးက ေျပာသည္။

အဆိုပါ မေတာ္တဆမႈႏွင့္ ပတ္သက္၍ မူဆယ္ခရိုင္ ယာဥ္ထိန္းရဲတပ္ဖြဲ႕က သြားေရာက္ စစ္ေဆးေနေၾကာင္း ကြတ္ခိုင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ထံမွ သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု- ျဗမၼစိုရ္လူမႈကူညီေရးအသင္း(ကြတ္ခိုင္)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လွန်းကျေးရွာအနီးတွင် ဧပြီလ (၃၀) ရက်နေ့ နံနက် အစောပိုင်းက Winner ခရီးသည်တင် ယာဉ်တစ်စီး မူဆယ်သို့အသွား လမ်းဘေးချောက်ထဲထိုးကျခဲ့ရာ သုံးဦးသေဆုံးပြီး (၁၀)ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း သိရသည်။

“မနက်အစောပိုင်းက ဖြစ်တာ။ ကျွန်တော်တို့ကို ခရီးသွားတစ်ချို့က အကြောင်းကြားလာတာနဲ့ သိရတာ။ ဒဏ်ရာရသူတွေကို လောလောဆယ် ကွတ်ခိုင်ဆေးရုံမှာ တင်ထားတယ်” ဟု ဗြမ္မစိုရ်လူမှုကူညီရေးအသင်း (ကွတ်ခိုင်)မှ ကိုတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရသူ အရေအတွက် စာရင်းအတိအကျ မသိရသေးသော်လည်း အနည်းဆုံး (၁၀) ဦးဝန်းကျင် ရှိမည်ဟု လူနာများအား ဆေးရုံသို့ ပို့ဆောင်ပေးနေသည့် အဆိုပါ လူမှုကူညီရေးအသင်းက ခန့်မှန်းထားသည်။

လားရှိုးမှ မူဆယ်သို့ ဧပြီလ (၃၀) ရက်နေ့က ထွက်ခွာလာသည့် Winner Express ယာဉ်သည် နံနက် (၅)နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့မှ (၁၃) မိုင်ခန့်အကွာရှိ နမ့်ဖတ်လွန်းကျေးရွာအနီးတွင် လမ်းဘေး ပေ (၂၀၀)ခန့် နက်သည့် ချောက်အတွင်း ထိုးကျသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ လူမှုကူညီရေးအသင်းတွေနဲ့ သက်ဆိုင်ရာအဖွဲ့တွေ ရောက်ရှိပြီး ကူညီပေးနေပါတယ်”ဟု ကွတ်ခိုင်မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ မတော်တဆမှုနှင့် ပတ်သက်၍ မူဆယ်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးနေကြောင်း ကွတ်ခိုင်မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ- ဗြမ္မစိုရ်လူမှုကူညီရေးအသင်း(ကွတ်ခိုင်) 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~