ေက်းရြာေျမမ်ား ဂရန္ေျမအျဖစ္သတ္မွတ္ထုတ္ေပးေရး စီမံခ်က္မလုပ္ႏုိင္၍ တစ္ဦးခ်င္း ေလွ်ာက္ထား ရယူႏိုင္

ေက်းရြာေျမမ်ား ဂရန္ေျမအျဖစ္သတ္မွတ္ထုတ္ေပးေရး စီမံခ်က္မလုပ္ႏုိင္၍ တစ္ဦးခ်င္း ေလွ်ာက္ထား ရယူႏိုင္
ဧပြီ 10, 2018
By 🌸
ေက်း႐ြာမ်ားတြင္ အိမ္ၿခံေျမမ်ားကို ဂရန္ေျမအျဖစ္သတ္မွတ္ထုတ္ေပးေရးစီမံခ်က္မ်ား လုပ္ေဆာင္ရန္ ႏိုင္ငံေတာ္ဘ႑ာေငြသံုးစြဲခြင့္ျပဳႏုိင္မႈအကန္႔အသတ္ေၾကာင့္ မလုပ္ေဆာင္ႏုိင္ေသးဘဲ တစ္ဦးခ်င္း ေလွ်ာက္ထားမႈမ်ားကိုသာ စိစစ္လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။

ေက်းရြာမ်ားတြင္ အဆိုပါစီမံခ်က္လုပ္ေဆာင္ရန္မွာ ေျမပိုင္ဆိုင္မႈ အေထာက္အထားမ်ားရရွိႏိုင္ေရး ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ားျပားျခင္း၊ ပိုင္ဆိုင္မႈ အ႐ႈပ္အရွင္းကင္းေစရန္ စိစစ္ရျခင္း၊ ေက်း႐ြာေျမမ်ားကို ကြက္စိပ္/ကြက္က်ဲတိုင္းတာႏိုင္ရန္ ႏိုင္ငံေတာ္ ဘ႑ာေငြသုံးစြဲ ခြင့္ျပဳႏိုင္မႈအေပၚ မူတည္ျခင္း၊ အျခားနည္းသုံးစြဲခြင့္ရရွိရန္ လုပ္ငန္းအဆင့္အလိုက္ စိစစ္ေဆာင္႐ြက္ရျခင္းမ်ားေၾကာင့္ လုပ္ေဆာင္ႏုိင္ျခင္း မရိွျခင္းျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ဒုတိယ ဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္စိုးက ျပည္သူ႔လႊတ္ေတာ္တြင္ ေျပာၾကားခဲ့သည္။

ေျမယာအ႐ႈပ္အရွင္းကင္းသည့္ ေက်း႐ြာမ်ားအနက္ တစ္ၿမိဳ႕နယ္လွ်င္ တစ္႐ြာစီေ႐ြးခ်ယ္ၿပီး ေက်း႐ြာေျမငွားဂရန္ ျပဳလုပ္ေပးျခင္းလုပ္ငန္းကို ျပည္ေထာင္စုအစိုးရအဖြဲ႔၏  ၂၀၁၅ ခုႏွစ္ ဇြန္လ (၅) ရက္ေန႔ ရက္စြဲပါအမိန္႔ ေၾကာ္ျငာစာ အမွတ္ (၅၄/၂၀၁၅)ျဖင့္ ၂၀၁၅ ခုႏွစ္အတြင္း သုံးလစီမံခ်က္ခ်မွတ္ၿပီး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့ၿပီးေနာက္  စီမံခ်က္အေနျဖင့္ ဆက္လက္လုပ္ေဆာင္ႏုိင္ျခင္းမရိွေတာ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တစ္ႏိုင္ငံလုံးတြင္ ေက်း႐ြာေပါင္း (၆၃၃၄၆) ႐ြာရိွသည့္အနက္ ေျမတိုင္းျခင္း၊ ေျမပုံထုတ္ျခင္း၊  ဦးပိုင္တပ္ျခင္းမ်ား လုပ္ေဆာင္ၿပီးသည့္ ေက်းရြာအခ်ိဳ႕ရိွေသာ္လည္း တိုးခ်ဲ႕ရြာမ်ားအပါအဝင္ အခ်ိဳ႕ေက်းရြာမ်ားတြင္ တုိင္းတာသတ္မွတ္ထားႏုိင္ျခင္း မရိွေသးေၾကာင္း သိရသည္။

ေက်းရြာေျမမ်ားအား ဂရန္ေျမမ်ားအျဖစ္ သတ္မွတ္ထုတ္ေပးႏုိင္ျခင္းရိွမရိွကို မတ္လ (၂၉) ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ ေဝါမဲဆႏၵနယ္မွ ဦးတင္ေထြးက ေမးျမန္းခဲ့ျခင္းျဖစ္သည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ကျေးရွာမြေများ ဂရန်မြေအဖြစ်သတ်မှတ်ထုတ်ပေးရေး စီမံချက်မလုပ်နိုင်၍ တစ်ဦးချင်း လျှောက်ထား ရယူနိုင်
***********
ကျေးရွာများတွင် အိမ်ခြံမြေများကို ဂရန်မြေအဖြစ်သတ်မှတ်ထုတ်ပေးရေးစီမံချက်များ လုပ်ဆောင်ရန် နိုင်ငံတော်ဘဏ္ဍာငွေသုံးစွဲခွင့်ပြုနိုင်မှုအကန့်အသတ်ကြောင့် မလုပ်ဆောင်နိုင်သေးဘဲ တစ်ဦးချင်း လျှောက်ထားမှုများကိုသာ စိစစ်လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ကျေးရွာများတွင် အဆိုပါစီမံချက်လုပ်ဆောင်ရန်မှာ မြေပိုင်ဆိုင်မှု အထောက်အထားများရရှိနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များပြားခြင်း၊ ပိုင်ဆိုင်မှု အရှုပ်အရှင်းကင်းစေရန် စိစစ်ရခြင်း၊ ကျေးရွာမြေများကို ကွက်စိပ်/ကွက်ကျဲတိုင်းတာနိုင်ရန် နိုင်ငံတော် ဘဏ္ဍာငွေသုံးစွဲ ခွင့်ပြုနိုင်မှုအပေါ် မူတည်ခြင်း၊ အခြားနည်းသုံးစွဲခွင့်ရရှိရန် လုပ်ငန်းအဆင့်အလိုက် စိစစ်ဆောင်ရွက်ရခြင်းများကြောင့် လုပ်ဆောင်နိုင်ခြင်း မရှိခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။

မြေယာအရှုပ်အရှင်းကင်းသည့် ကျေးရွာများအနက် တစ်မြို့နယ်လျှင် တစ်ရွာစီရွေးချယ်ပြီး ကျေးရွာမြေငှားဂရန် ပြုလုပ်ပေးခြင်းလုပ်ငန်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏  ၂၀၁၅ ခုနှစ် ဇွန်လ (၅) ရက်နေ့ ရက်စွဲပါအမိန့် ကြော်ငြာစာ အမှတ် (၅၄/၂၀၁၅)ဖြင့် ၂၀၁၅ ခုနှစ်အတွင်း သုံးလစီမံချက်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးနောက်  စီမံချက်အနေဖြင့် ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိတော့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင် ကျေးရွာပေါင်း (၆၃၃၄၆) ရွာရှိသည့်အနက် မြေတိုင်းခြင်း၊ မြေပုံထုတ်ခြင်း၊  ဦးပိုင်တပ်ခြင်းများ လုပ်ဆောင်ပြီးသည့် ကျေးရွာအချို့ရှိသော်လည်း တိုးချဲ့ရွာများအပါအဝင် အချို့ကျေးရွာများတွင် တိုင်းတာသတ်မှတ်ထားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ကျေးရွာမြေများအား ဂရန်မြေများအဖြစ် သတ်မှတ်ထုတ်ပေးနိုင်ခြင်းရှိမရှိကို မတ်လ (၂၉) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးက မေးမြန်းခဲ့ခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~