သိမ္းဆည္းရမိသည့္ သက္တမ္းလြန္ စားသံုးကုန္ပစၥည္းမ်ားအား အခမ္းအနားျဖင့္ ဖ်က္ဆီး

သိမ္းဆည္းရမိသည့္ သက္တမ္းလြန္ စားသံုးကုန္ပစၥည္းမ်ားအား အခမ္းအနားျဖင့္ ဖ်က္ဆီး
ဧပြီ 5, 2018
By Tachileik News Agency
မေကြးတိုင္းေဒသႀကီး စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖဲြ႔မွ ေစ်းကြက္အတြင္း သိမ္းယူခဲ့သည့္ သက္တမ္းလြန္ စားသံုးကုန္ပစၥည္းမ်ားကို ဧၿပီလ(၅)ရက္ ညေနပိုင္းတြင္ အခမ္းအနားျဖင္႔ ဖ်က္ဆီးရာ စုစုေပါင္း တန္ဖိုးေငြမွာ က်ပ္(၅)သိန္းခြဲေက်ာ္ရွိေၾကာင္း သိရသည္။

"ဒီလို အခမ္းအနားမ်ိဳးကို ၿပီးခဲ႔တဲ့ ႏွစ္ေတြတုန္းက မလုပ္ႏိုင္ခဲ့ ပါဘူး။ အခု ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္က စၿပီး ေတာ႔ သက္တမ္းလြန္ စားေသာက္ကုန္နဲ႔ လူသံုးကုန္ေတြကို ေစ်းကြက္ထဲကေန သိမ္းဆည္းၿပီး မီးရိႈ႕ ဖ်က္ဆီးတဲ့ နည္း၊ က်င္းတူးျမႇဳပ္ႏံွတဲ့ နည္းလမ္း (၂)မ်ိဳးနဲ႔ ဖ်က္ဆီးခဲ့တာမွာ ဒါ ဒုတိယအႀကိမ္ေျမာက္ က်င္းတူးျမႇဳပ္ႏွံတဲ့ နည္းလမ္းနဲ႔ ဖ်က္ဆီးတာပါ"ဟု မေကြးတိုင္းေဒသႀကီး စားသံုးသူေရးရာဦးစီးဌာန တိုင္းေဒသႀကီး ဦးစီးမွဴး ဦးေက်ာ္စြာဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခုလုိ ဖ်က္ဆီးရျခင္းသည္ စံမမီ အရည္အေသြး မမီသည့္ စားသံုးကုန္မ်ားကို ျပည္သူမ်ား သိရွိႏိုင္ရန္ အတြက္ ျဖစ္ေၾကာင္း သိရသည္။

"ဒါကေတာ႔ စားသံုးသူေရးရာရဲ႕ လုပ္ရမယ့္ လုပ္ငန္းတာဝန္ေတြထဲက အဓိကက်တဲ႔ အလုပ္တစ္ခု ပါပဲ။ ဒီလိုအခမ္းအနားကေနၿပီးေတာ႔ စံမမီ၊ အရည္အေသြးမမီတဲ႔ ပစၥည္းေတြကို ဒီလိုမ်ိဳးဖ်က္ဆီးလိုက္တယ္ ဆိုတာကို ျပည္သူလူထုသိရိွၿပီး ကိုယ္႔အတြက္ အႏၱရာယ္ျဖစ္ေစႏိုင္တဲ႔ ဒီလိုပစၥည္းေတြကို စားသံုးဖို႔မသင္႔ ဘူးဆိုတဲ႔ အသိကိုလည္း ရသြားေစခ်င္ပါတယ္"ဟု စီမံကိန္း၊ ဘ႑ာေရးႏွင္႔ စည္ပင္သာယာေရးဝန္ႀကီး ဦးေဇာ္မင္းက ေျပာသည္။

ယခုဖ်က္ဆီးသည့္ သက္တမ္းလြန္စားသံုးကုန္ပစၥည္းမ်ားကို ပူးေပါင္းအဖဲြ႔ျဖင့္ မေကြး၊ သရက္၊ မင္းဘူး ခရိုင္တို႔ရိွ ေစ်းကြက္အသီးသီးမွ သိမ္းဆည္းရရိွခဲ့ျခင္းျဖစ္ၿပီး စုစုေပါင္းတန္ဖိုးေငြမွာ က်ပ္(၅၆၆,၄၈၀)ခန္႔ရိွေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ ဈေးကွက်အတွင်း သိမ်းယူခဲ့သည့် သက်တမ်းလွန် စားသုံးကုန်ပစ္စည်းများကို ဧပြီလ(၅)ရက် ညနေပိုင်းတွင် အခမ်းအနားဖြင့် ဖျက်ဆီးရာ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်(၅)သိန်းခွဲကျော်ရှိကြောင်း သိရသည်။

"ဒီလို အခမ်းအနားမျိုးကို ပြီးခဲ့တဲ့ နှစ်တွေတုန်းက မလုပ်နိုင်ခဲ့ ပါဘူး။ အခု ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်က စပြီး တော့ သက်တမ်းလွန် စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို ဈေးကွက်ထဲကနေ သိမ်းဆည်းပြီး မီးရှို့ ဖျက်ဆီးတဲ့ နည်း၊ ကျင်းတူးမြှုပ်နှံတဲ့ နည်းလမ်း (၂)မျိုးနဲ့ ဖျက်ဆီးခဲ့တာမှာ ဒါ ဒုတိယအကြိမ်မြောက် ကျင်းတူးမြှုပ်နှံတဲ့ နည်းလမ်းနဲ့ ဖျက်ဆီးတာပါ"ဟု မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်စွာဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခုလို ဖျက်ဆီးရခြင်းသည် စံမမီ အရည်အသွေး မမီသည့် စားသုံးကုန်များကို ပြည်သူများ သိရှိနိုင်ရန် အတွက် ဖြစ်ကြောင်း သိရသည်။

"ဒါကတော့ စားသုံးသူရေးရာရဲ့ လုပ်ရမယ့် လုပ်ငန်းတာဝန်တွေထဲက အဓိကကျတဲ့ အလုပ်တစ်ခု ပါပဲ။ ဒီလိုအခမ်းအနားကနပြေီးတော့ စံမမီ၊ အရည်အသွေးမမီတဲ့ ပစ္စည်းတွေကို ဒီလိုမျိုးဖျက်ဆီးလိုက်တယ် ဆိုတာကို ပြည်သူလူထုသိရှိပြီး ကိုယ့်အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ ဒီလိုပစ္စည်းတွေကို စားသုံးဖို့မသင့် ဘူးဆိုတဲ့ အသိကိုလည်း ရသွားစေချင်ပါတယ်"ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက ပြောသည်။

ယခုဖျက်ဆီးသည့် သက်တမ်းလွန်စားသုံးကုန်ပစ္စည်းများကို ပူးပေါင်းအဖွဲ့ဖြင့် မကွေး၊ သရက်၊ မင်းဘူး ခရိုင်တို့ရှိ ဈေးကွက်အသီးသီးမှ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းတန်ဖိုးငွေမှာ ကျပ်(၅၆၆,၄၈၀)ခန့်ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~