
ဧပွီ 17, 2018
By 🌸
အိန္ဒိယနိုင်ငံနယ်စပ်ရှိ ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ အမှတ်(၂)ရပ်ကွက်တွင် ဧပြီလ (၁၆)ရက်နေ့က ဈေးဆိုင်ခန်းအတွင်းရှိ ဂက်စ်အိုးယိုစိမ့်မှုကြောင့် မီးစတင်လောင်ကျွမ်းရာ ဈေးဆိုင်ခန်းပိုင်ရှင်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

 အချိန် တစ်နာရီနီးပါး ငြှိမ်းသတ်ခဲ့ရသည့်မီးလောင်မှုကြောင့် မြန်မာ-အိန္ဒိယနယ်စပ်တံတားအနီးမှ နယ်စပ်ကုန်သွယ်ရေးဌာနပိုင် အဆောက်အဦးအပါအဝင် လူနေအိမ် (၈)လုံးဆုံးရှုံးပြီး မီးစတင်လောင်ကျွမ်းသည့်ဆိုင်ခန်းမှ ဦးငွန်လှယ်ထောင်း၏ ညီမဖြစ်သူ အသက် (၁၈)နှစ်အရွယ် ငွန်ရှန်းစီမှာ မီးလောင်ဒဏ်ရာအပြင်းအထန် ရရှိသွားသဖြင့် ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။



သတင်း #Sui Thian
ဓါတ်ပုံ #IPRD

~~~~~~~~⊰❂ unicode ~~~~~~~~
အိန္ဒိယနှင့်နယ်စပ် ရိခေါဒါရ်မြို့တွင် လူတစ်ဦးဒဏ်ရာရသွားသည့် မီးလောင်မှုမှ အမှုဖွင့်ခံရသူ တိမ်းရှောင်နေ
********
အိန္ဒိယနိုင်ငံနယ်စပ်ရှိ ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ အမှတ်(၂)ရပ်ကွက်တွင် ဧပြီလ (၁၆)ရက်နေ့က စျေးဆိုင်ခန်းအတွင်းရှိ ဂက်စ်အိုးယိုစိမ့်မှုကြောင့် မီးစတင်လောင်ကျွမ်းရာ စျေးဆိုင်ခန်းပိုင်ရှင်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

 အချိန် တစ်နာရီနီးပါး ငြိှမ်းသတ်ခဲ့ရသည့်မီးလောင်မှုကြောင့် မြန်မာ-အိန္ဒိယနယ်စပ်တံတားအနီးမှ နယ်စပ်ကုန်သွယ်ရေးဌာနပိုင် အဆောက်အဦးအပါအဝင် လူနေအိမ် (၈)လုံးဆုံးရှုံးပြီး မီးစတင်လောင်ကျွမ်းသည့်ဆိုင်ခန်းမှ ဦးငွန်လှယ်ထောင်း၏ ညီမဖြစ်သူ အသက် (၁၈)နှစ်အရွယ် ငွန်ရှန်းစီမှာ မီးလောင်ဒဏ်ရာအပြင်းအထန် ရရှိသွားသဖြင့် ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

မီးလောင်သည့်နေအိမ်များမှ မိသားစုများအနေဖြင့် နီးစပ်ရာဆွေမျိုးများအိမ်တွင် ယာယီနေထိုင်ကြမည်ဖြစ်သဖြင့် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးရခြင်းမရှိကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းသည့်ဆိုင်ခန်းမှ ဦးငွန်လှယ်ထောင်းအား ရိဒ်နယ်မြေရဲစခန်းတွင် (ပ)၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/ ၃၃၈(မီးပေါ့ဆမှု/ ပေါ့လျော့မှုကြောင့် ပြင်းထန်နာကျင်စေမှု)တို့ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရန် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #Sui Thian
ဓါတ်ပုံ #IPRD

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~