မူးယစ္ေဆး၀ါး ခ်က္လုပ္ရာတြင္ အသံုးျပဳသည့္ အက္ဆစ္မ်ား ႏွင့္ ဆက္စပ္ပစၥည္းမ်ား သႀကၤန္အႀကိဳေန႔က ဖမ္းဆီးရမိ

မူးယစ္ေဆး၀ါး ခ်က္လုပ္ရာတြင္ အသံုးျပဳသည့္ အက္ဆစ္မ်ား ႏွင့္ ဆက္စပ္ပစၥည္းမ်ား သႀကၤန္အႀကိဳေန႔က ဖမ္းဆီးရမိ
ဧပြီ 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) လဲခ်ားၿမိဳ႕နယ္၊ ဝမ္ကန္ေက်းရြာ၊ ဝမ္ကန္တပ္စခန္းအနီးတြင္ သႀကၤန္အႀကိဳေန႔ ျဖစ္သည့္ ဧၿပီလ (၁၃)ရက္ေန႔က မူးယစ္ေဆးဝါး ခ်က္လုပ္ရာ၌ အသုံးျပဳသည့္ ဆာလဖ်ဴရစ္ အက္ဆစ္ ေပပါမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား သယ္ေဆာင္လာသည့္ (၁၂)ဘီးယာဥ္တစ္စီးအား တပ္မေတာ္က ဖမ္းဆီးရမိေၾကာင္းသိရသည္။

တပ္မေတာ္၊ မူးယစ္တပ္ဖြဲ႕စု(၂၇)လြိဳင္လင္မွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ လဲခ်ား နယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ဝမ္ကန္တပ္စခန္းအနီးတြင္  ေန႔လယ္ (၁၂)နာရီဝန္းက်င္၌ ျဖတ္သန္း သြားသည့္ (၁၂)ဘီးယာဥ္အား စစ္ေဆးရာ မူးယစ္ေဆးဝါး ခ်က္လုပ္ရာ၌ အသံုးျပဳသည့္ အက္ဆစ္ပါေသာ ေပပါ (၆၅) လုံးတြင္ ဆာလဖ်ဴရစ္အက္ဆစ္ (၁၀၄၀၀) လီတာ၊ မူးယစ္ေဆးခ်က္ လုပ္ရာတြင္ အသံုးျပဳသည့္ ေပါင္းအိုးအႀကီး (၃) လုံး၊ ေပါင္းအိုးအေသးတစ္လုံး၊ ေႂကြထည္ကေတာ့အႀကီး (၄) ခု၊ ဓာတ္ခြဲခန္းသုံး ဖန္အိုး (၇) လုံး၊ ေဆးရည္(အက္ဆစ္)စုပ္ပိုက္ေခ်ာင္းတို (၇၄) ေခ်ာင္း၊ ေဆးရည္ (အက္ဆစ္)စုပ္ ဖန္ေဆးထိုးႁပြန္ (၃၂) ေခ်ာင္း၊ ေဆးရည္(အက္ဆစ္) ဒီဂရီ တိုင္းႁပြန္ (၃) ေခ်ာင္း၊ ဂက္စ္ ပိုက္အဆက္ (၁၂၀) ခု၊ ဓာတ္ခြဲခန္းသုံး ဖန္အိုးရာဘာအဆို႔ (၃၀) ခုတို႔ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးထုတ္လုပ္ရန္ ဆက္စပ္ပစၥည္းမ်ား သယ္ေဆာင္လာသည့္ယာဥ္မွ ယာဥ္ေမာင္း ေအာင္ဝင္း(ခ)တုံးလီဟန္အား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ား ဆိုင္ရာ ဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု #ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့နယ်၊ ဝမ်ကန်ကျေးရွာ၊ ဝမ်ကန်တပ်စခန်းအနီးတွင် သင်္ကြန်အကြိုနေ့ ဖြစ်သည့် ဧပြီလ (၁၃)ရက်နေ့က မူးယစ်ဆေးဝါး ချက်လုပ်ရာ၌ အသုံးပြုသည့် ဆာလဖျူရစ် အက်ဆစ်ပေပါများနှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင်လာသည့် (၁၂)ဘီးယာဉ်တစ်စီးအား တပ်မတော်က ဖမ်းဆီးရမိကြောင်းသိရသည်။

တပ်မတော်၊ မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များနှင့် လဲချား နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဝမ်ကန်တပ်စခန်းအနီးတွင် နေ့လယ် (၁၂)နာရီဝန်းကျင်၌ ဖြတ်သန်း သွားသည့် (၁၂)ဘီးယာဉ်အား စစ်ဆေးရာ မူးယစ်ဆေးဝါး ချက်လုပ်ရာ၌ အသုံးပြုသည့် အက်ဆစ်ပါသော ပေပါ (၆၅) လုံးတွင် ဆာလဖျူရစ်အက်ဆစ် (၁၀၄၀၀) လီတာ၊ မူးယစ်ဆေးချက် လုပ်ရာတွင် အသုံးပြုသည့် ပေါင်းအိုးအကြီး (၃) လုံး၊ ပေါင်းအိုးအသေးတစ်လုံး၊ ကြွေထည်ကတော့အကြီး (၄) ခု၊ ဓာတ်ခွဲခန်းသုံး ဖန်အိုး (၇) လုံး၊ ဆေးရည်(အက်ဆစ်)စုပ်ပိုက်ချောင်းတို (၇၄) ချောင်း၊ ဆေးရည် (အက်ဆစ်)စုပ် ဖန်ဆေးထိုးပြွန် (၃၂) ချောင်း၊ ဆေးရည်(အက်ဆစ်) ဒီဂရီ တိုင်းပြွန် (၃) ချောင်း၊ ဂက်စ် ပိုက်အဆက် (၁၂၀) ခု၊ ဓာတ်ခွဲခန်းသုံး ဖန်အိုးရာဘာအဆို့ (၃၀) ခုတို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးထုတ်လုပ်ရန် ဆက်စပ်ပစ္စည်းများ သယ်ဆောင်လာသည့်ယာဉ်မှ ယာဉ်မောင်း အောင်ဝင်း(ခ)တုံးလီဟန်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓာတ်ပုံ #ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~