(၆)ဘီးယာဥ္ ႏွင့္ ဟိုင္းဂ်က္ယာဥ္ မ်က္ႏွာခ်င္းဆိုင္တိုက္မိ၍ တစ္ဦးေသ၊ ေလးဦးဒဏ္ရာရ

(၆)ဘီးယာဥ္ ႏွင့္ ဟိုင္းဂ်က္ယာဥ္ မ်က္ႏွာခ်င္းဆိုင္တိုက္မိ၍ တစ္ဦးေသ၊ ေလးဦးဒဏ္ရာရ
ဧပြီ 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕အနီး ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ဧၿပီလ (၂၂) ရက္ေန႔ နံနက္ပိုင္းက (၆) ဘီးယာဥ္တစ္စီးႏွင့္ ဟိုင္းဂ်က္ယာဥ္တစ္စီး မ်က္ႏွာခ်င္းဆိုင္ တိုက္မိခဲ့ရာ ဟိုင္းဂ်က္ယာဥ္ေပၚပါ အမ်ိဳးသမီး တစ္ဦး ေသဆံုးသြားၿပီး ေလးဦးဒဏ္ရာရသြားေၾကာင္း သိရသည္။

"၆ ဘီး(ကန္တာ ၁၀ ေပ) ယာဥ္က တစ္ဖက္ယာဥ္ေၾကာကေန ေက်ာ္တက္ရင္းနဲ႔ မ်က္ႏွာခ်င္းဆိုင္ ယာဥ္ေၾကာက လာတဲ့ ဟိုင္းဂ်က္ယာဥ္ကို တိုက္မိတဲ့ အေနအထားေတြ႔ရတယ္။ တိုက္ခံရတဲ့ယာဥ္ေပၚက အမ်ိဳးသမီးတစ္ဦး ေသဆံုးတယ္။ ဝင္တိုက္တဲ့ယာဥ္က ယာဥ္ေမာင္းကိုေတာ့ အမႈဖြင့္အေရးယူဖို႔ ေဆာင္ရြက္ေနပါတယ္” ဟု သီေပါယာဥ္ထိန္းရဲတပ္ဖြဲ႔မွ တပ္ၾကပ္ႀကီး ဝင္းေဇာ္လတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သီေပါၿမိဳ႕အနီး ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္ ၁၃၃/၃ ႏွင့္ ၁၃၃/၄ အၾကားတြင္ လားရိႈးဘက္မွ လာသည့္ ကန္တာယာဥ္က မ်က္ႏွာခ်င္းဆိုင္တစ္ဖက္ ယာဥ္ေၾကာရိွ သီေပါဘက္မွလာေသာ ဟိုင္းဂ်က္ယာဥ္အား ဝင္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔ မေတာ္တဆမႈျဖစ္တဲ့ အဲ့ဒီေနရာတစ္ဝိုက္မွာ လမ္းက နည္းနည္းက်ဥ္းတယ္။ ေရွ႕ယာဥ္ကို ေက်ာ္တက္တဲ့ အခါ တစ္ဖက္ယာဥ္ေၾကာကလာတဲ့ယာဥ္ကို မျမင္ရဘဲ ေက်ာ္တက္လို႔ ျဖစ္ရတာလို႔ထင္တယ္။ လမ္းနည္းနည္းခ်ဲ႕ ေပးရင္ေတာ့ပိုေကာင္းမယ္။ အဲဒီေနရာက ခဏခဏ မေတာ္တဆမႈျဖစ္တတ္တယ္” ဟု ျပည္ေထာင္စုလမ္းမႀကီး အသံုးျပဳသူ ကိုသန္းထြန္း က အႀကံျပဳေျပာၾကားသည္။

ယာဥ္တိုက္မႈေၾကာင့္ ဟိုင္းဂ်က္ယာဥ္ေပၚပါ ယာဥ္ေမာင္းတစ္ဦးႏွင့္ အမ်ိဳးသမီး (၃) ဦး ဒဏ္ရာရရွိခဲ့ကာ အမ်ိဳးသမီးတစ္ဦး ေသဆံုးခဲ့ေၾကာင္း သိရသည္။

ယာဥ္မေတာ္တဆမႈ ျဖစ္ပြားရာေနရာသို႔ သီေပါၿမိဳ႕ရွိ နယ္စည္းမျခားပရဟိတ လူမႈကူညီေရးအသင္းႏွင့္ အေနာက္ရပ္ လူမႈကူညီေရးအသင္းတို႔မွ လူနာတင္ယာဥ္မ်ားျဖင့္ သြားေရာက္ကူညီသယ္ေဆာင္ခဲ့ၿပီး ေသဆံုးသူအား သီေပါၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - နယ္စည္းမျခားပရဟိတ(သီေပါ)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဧပြီလ (၂၂) ရက်နေ့ နံနက်ပိုင်းက (၆) ဘီးယာဉ်တစ်စီးနှင့် ဟိုင်းဂျက်ယာဉ်တစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာ ဟိုင်းဂျက်ယာဉ်ပေါ်ပါ အမျိုးသမီး တစ်ဦး သေဆုံးသွားပြီး လေးဦးဒဏ်ရာရသွားကြောင်း သိရသည်။

"၆ ဘီး(ကန်တာ ၁၀ ပေ) ယာဉ်က တစ်ဖက်ယာဉ်ကြောကနေ ကျော်တက်ရင်းနဲ့ မျက်နှာချင်းဆိုင် ယာဉ်ကြောက လာတဲ့ ဟိုင်းဂျက်ယာဉ်ကို တိုက်မိတဲ့ အနေအထားတွေ့ရတယ်။ တိုက်ခံရတဲ့ယာဉ်ပေါ်က အမျိုးသမီးတစ်ဦး သေဆုံးတယ်။ ဝင်တိုက်တဲ့ယာဉ်က ယာဉ်မောင်းကိုတော့ အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေပါတယ်” ဟု သီပေါယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး ဝင်းဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သီပေါမြို့အနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၃၃/၃ နှင့် ၁၃၃/၄ အကြားတွင် လားရှိုးဘက်မှ လာသည့် ကန်တာယာဉ်က မျက်နှာချင်းဆိုင်တစ်ဖက် ယာဉ်ကြောရှိ သီပေါဘက်မှလာသော ဟိုင်းဂျက်ယာဉ်အား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ မတော်တဆမှုဖြစ်တဲ့ အဲ့ဒီနေရာတစ်ဝိုက်မှာ လမ်းက နည်းနည်းကျဉ်းတယ်။ ရှေ့ယာဉ်ကို ကျော်တက်တဲ့ အခါ တစ်ဖက်ယာဉ်ကြောကလာတဲ့ယာဉ်ကို မမြင်ရဘဲ ကျော်တက်လို့ ဖြစ်ရတာလို့ထင်တယ်။ လမ်းနည်းနည်းချဲ့ ပေးရင်တော့ပိုကောင်းမယ်။ အဲဒီနေရာက ခဏခဏ မတော်တဆမှုဖြစ်တတ်တယ်” ဟု ပြည်ထောင်စုလမ်းမကြီး အသုံးပြုသူ ကိုသန်းထွန်း က အကြံပြုပြောကြားသည်။

ယာဉ်တိုက်မှုကြောင့် ဟိုင်းဂျက်ယာဉ်ပေါ်ပါ ယာဉ်မောင်းတစ်ဦးနှင့် အမျိုးသမီး (၃) ဦး ဒဏ်ရာရရှိခဲ့ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားရာနေရာသို့ သီပေါမြို့ရှိ နယ်စည်းမခြားပရဟိတ လူမှုကူညီရေးအသင်းနှင့် အနောက်ရပ် လူမှုကူညီရေးအသင်းတို့မှ လူနာတင်ယာဉ်များဖြင့် သွားရောက်ကူညီသယ်ဆောင်ခဲ့ပြီး သေဆုံးသူအား သီပေါမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - နယ်စည်းမခြားပရဟိတ(သီပေါ)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~