Update News

တာချီလိတ်တွင် သက်ငယ်မုဒိမ်းနှင့် မုဒိမ်းမှုကျူးလွန်သူများအား သေဒဏ်ပေးရေးလက်မှတ်ရေးထိုးမှု ဒုတိယနေ့အဖြစ် ကောက်ခံရာ နံနက်ပိုင်းတွင် (၁၀၀)၀န်းကျင် လာရောက် လက်မှတ်ထိုး

သက်ငယ်မုဒိမ်းနှင့် မုဒိမ်းမှုများအား သေဒဏ်ပေးရန်တောင်းဆိုသည့် စုပေါင်းလက်မှတ်ရေးထိုးပွဲ ဒုတိယနေ့အဖြစ် ဧပြီလ(၂)ရက်နေ့ နံက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ လုပ်ဆောင်နေရာ လူဦးရေ (၁၀၀)ဝန်းကျင် လာရောက်လက်မှတ်ရေးထိုးနေကြသည်။


တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်းမှာ ၂၀၁၇ ခုနှစ် မှုခင်းစာရင်းများအရ ပျမ်းမျှအားဖြင့် နေ့စဉ် ကလေးငယ် (၂)ဦးနှုန်း မုဒိမ်းမှုကျူးလွန်ခံနေကြရခြင်းဖြစ်ကြောင်း သိရသည်။












~~~~~~~~⊰❂ unicode ~~~~~~~~

သက်ငယ်မုဒိမ်းနှင့် မုဒိမ်းမှုများအား သေဒဏ်ပေးရန်တောင်းဆိုသည့် စုပေါင်းလက်မှတ်ရေးထိုးပွဲ ဒုတိယနေ့အဖြစ် ဧပြီလ(၂)ရက်နေ့ နံက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ လုပ်ဆောင်နေရာ လူဦးရေ (၁၀၀)ဝန်းကျင် လာရောက်လက်မှတ်ရေးထိုးနကြေသည်။

ရှမ်းရိုးမကွင်းတွင် နံနက်(၉)နာရီက စတင်၍ ည (၆)နာရီအထိ လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ပြီး ပထမနေ့ဖြစ်သည့် ဧပြီလ (၁) ရက်နေ့က တာချီလိတ်မြို့အပြင် တာလေနှင့် မိုင်းဖြတ်မြို့များကပါ လာရောက် လက်မှတ်ရေးထိုးကြရာ စုစုပေါင်း လက်မှတ်ရေးထိုးသူဦးရေ (၅၆၀) ဝန်းကျင်ရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်းမှာ ၂၀၁၇ ခုနှစ် မှုခင်းစာရင်းများအရ ပျမ်းမျှအားဖြင့် နေ့စဉ် ကလေးငယ် (၂)ဦးနှုန်း မုဒိမ်းမှုကျူးလွန်ခံနကြေရခြင်းဖြစ်ကြောင်း သိရသည်။ 
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::