မိန္းကေလးတစ္ဦးအား အဓမၼျပဳက်င့္ရန္ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားမႈ တာခ်ီလိတ္ခရိုင္အတြင္း သႀကၤန္အတက္ေန႔က ျဖစ္ပြား

မိန္းကေလးတစ္ဦးအား အဓမၼျပဳက်င့္ရန္ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားမႈ တာခ်ီလိတ္ခရိုင္အတြင္း သႀကၤန္အတက္ေန႔က ျဖစ္ပြား
ဧပြီ 18, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕နယ္၊ ဝမ္ဘိုးေက်းရြာအုပ္စု၊ ယမ္းမေက်းရြာ အနီး ကားဝပ္ေရွာ့တစ္ခုတြင္ သႀကၤန္အတက္ေန႔ျဖစ္သည့္ ဧၿပီလ (၁၆)ရက္ေန႔ ညေနပိုင္းက အသက္ (၂၀)ႏွစ္ အရြယ္ မိန္းကေလးအား အဓမၼျပဳက်င့္ရန္ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားသူကို မုိင္းေယာင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕က ဖမ္းဆီးထားၿပီး အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

အဆိုပါ မိန္းကေလးသည္ မုိင္းေယာင္းၿမိဳ႕မွ ဟိုရမ္းေက်းရြာသို႔ ဧၿပီလ (၁၆)ရက္ေန႔ ညေန (၅)နာရီခြဲခန္႔တြင္ ဆုိင္ကယ္ျဖင့္ ျပန္လာစဥ္ ဝမ္ဘိုးေက်းရြာအုပ္စု၊ ယမ္းမေက်းရြာအနီး ကားဝပ္ေရွာ့ေရွ႕ လမ္းေပၚ အေရာက္၌ ဝပ္ေရွာ့လုပ္သားတစ္ဦးက ေရေလာင္းရန္ ဟန္ျပင္သျဖင့္ ဆုိင္ကယ္အရွိန္ ေလွ်ာ့ေပးခဲ့ၿပီး ၎ကေရေလာင္းၿပီး ျပန္ထြက္ရန္ျပဳစဥ္ အဆိုပါ လုပ္သားက ဆိုင္ကယ္ေသာ့ ဆြဲျဖဳတ္လိုက္၍ ေသာ့ျပန္ေတာင္းစဥ္ လက္အား ေဆာင့္ဆြဲလိုက္ရာ လူႏွင့္ဆိုင္ကယ္ လဲက်သြားခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ အဆိုပါ ဝပ္ေရွာ့လုပ္သားက မိန္းကေလးအား လမ္းေဘး လယ္ကြင္းျပင္ဘက္သို႔ ဆြဲေခၚ သြားစဥ္ လမ္းေပၚတြင္ ဆုိင္ကယ္ႏွစ္စီး ျဖတ္သြားသည္ကို ေတြ႔ရသျဖင့္ အကူအညီ ေအာ္ဟစ္ေတာင္းခံရန္ ႀကိဳးစားစဥ္ ပါးစပ္အား ပိတ္ထားခံ ခဲ့ရေၾကာင္း သိရသည္။

မိန္းကေလးအား လမ္းတစ္ဖက္ျခမ္းရိွ  ဝပ္ေရွာ့အတြင္း ခ်ဳပ္ေႏွာင္ဆြဲေခၚၿပီး လက္ႏွစ္ဖက္အား ႏိုင္လြန္ႀကိဳးျဖင့္ ခ်ည္ေႏွာင္ထားကာ အျပင္တြင္ လဲက်ေနသည့္ ဆို္င္ကယ္အား သြားယူရန္ ထြက္သြားစဥ္ ႀကိဳးအားျဖည္ရန္ ႀကိဳးစားေနသည္ကို ဝပ္ေရွာ့လုပ္သားက ျမင္သြားၿပီးေနာက္ မိန္းကေလး၏ လည္ပင္း၊ လက္ႏွင့္ ေျခေထာက္တို႔အား ႀကိဳးျဖင့္ျပန္လည္ ခ်ည္ေႏွာင္ထားခဲ့ၿပီး ဆိုင္ကယ္အား သြားယူခဲ့ေၾကာင္း သိရသည္။

ဆိုင္ကယ္သြားယူေနစဥ္ ႀကိဳးျဖည္ႏုိင္ခဲ့ၿပီး ဝပ္ေရွာ့အေနာက္ဘက္ရိွ လယ္ကြင္းမ်ားအတုိင္း ထြက္ေျပးခဲ့ရာ ဝပ္ေရွာ့လုပ္သားက လိုက္လံဖမ္းဆီးၿပီး အဓမၼျပဳက်င့္ရန္လည္း ႀကိဳးစားခဲ့ေၾကာင္း သိရသည္။

မိန္းကေလးအား ျပန္လည္ ဖမ္းဆီးရမိသြားရာ ဝပ္ေရွာ့သို႔ေခၚေဆာင္လာစဥ္ ဝပ္ေရွာ့ပိုင္ရွင္၏သားနွင့္ လုပ္သား တစ္ဦးတုိ႔ ေရာက္လာသည္ႏွင့္ ေတြ႔သျဖင့္ အဆိုပါ မိန္းကေလးအား ျပန္လႊတ္ေပး လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

မိန္းကေလးအား အဓမၼျပဳက်င့္ရန္ ႀကံစည္ၿပီး မတရားခ်ဳပ္ေႏွာင္ထားသည့္ ဝပ္ေရွာ့လုပ္သား ခ်စ္ထူးေအာင္အား ဧၿပီလ (၁၇)ရက္ေန႔က မုိင္းေယာင္းၿမိဳ႕မရဲစခန္းတြင္ (ပ) ၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၅၁၁/၃၄၂ ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်ဘိုးကျေးရွာအုပ်စု၊ ယမ်းမကျေးရွာ အနီး ကားဝပ်ရှော့တစ်ခုတွင် သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ (၁၆)ရက်နေ့ ညနေပိုင်းက အသက် (၂၀)နှစ် အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ဖမ်းဆီးချုပ်နှောင်ထားသူကို မိုင်းယောင်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ မိန်းကလေးသည် မိုင်းယောင်းမြို့မှ ဟိုရမ်းကျေးရွာသို့ ဧပြီလ (၁၆)ရက်နေ့ ညနေ (၅)နာရီခွဲခန့်တွင် ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဝမ်ဘိုးကျေးရွာအုပ်စု၊ ယမ်းမကျေးရွာအနီး ကားဝပ်ရှော့ရှေ့ လမ်းပေါ် အရောက်၌ ဝပ်ရှော့လုပ်သားတစ်ဦးက ရေလောင်းရန် ဟန်ပြင်သဖြင့် ဆိုင်ကယ်အရှိန် လျှော့ပေးခဲ့ပြီး၎င်းကရေလောင်းပြီး ပြန်ထွက်ရန်ပြုစဉ် အဆိုပါ လုပ်သားက ဆိုင်ကယ်သော့ ဆွဲဖြုတ်လိုက်၍ သော့ပြန်တောင်းစဉ် လက်အား ဆောင့်ဆွဲလိုက်ရာ လူနှင့်ဆိုင်ကယ် လဲကျသွားခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါ ဝပ်ရှော့လုပ်သားက မိန်းကလေးအား လမ်းဘေး လယ်ကွင်းပြင်ဘက်သို့ ဆွဲခေါ် သွားစဉ် လမ်းပေါ်တွင် ဆိုင်ကယ်နှစ်စီး ဖြတ်သွားသည်ကို တွေ့ရသဖြင့် အကူအညီ အော်ဟစ်တောင်းခံရန် ကြိုးစားစဉ် ပါးစပ်အား ပိတ်ထားခံ ခဲ့ရကြောင်း သိရသည်။

မိန်းကလေးအား လမ်းတစ်ဖက်ခြမ်းရှိ ဝပ်ရှော့အတွင်း ချုပ်နှောင်ဆွဲခေါ်ပြီး လက်နှစ်ဖက်အား နိုင်လွန်ကြိုးဖြင့် ချည်နှောင်ထားကာ အပြင်တွင် လဲကျနေသည့် ဆို်င်ကယ်အား သွားယူရန် ထွက်သွားစဉ် ကြိုးအားဖြည်ရန် ကြိုးစားနေသည်ကို ဝပ်ရှော့လုပ်သားက မြင်သွားပြီးနောက် မိန်းကလေး၏ လည်ပင်း၊ လက်နှင့် ခြေထောက်တို့အား ကြိုးဖြင့်ပြန်လည် ချည်နှောင်ထားခဲ့ပြီး ဆိုင်ကယ်အား သွားယူခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်သွားယူနေစဉ် ကြိုးဖြည်နိုင်ခဲ့ပြီး ဝပ်ရှော့အနောက်ဘက်ရှိ လယ်ကွင်းများအတိုင်း ထွက်ပြေးခဲ့ရာ ဝပ်ရှော့လုပ်သားက လိုက်လံဖမ်းဆီးပြီး အဓမ္မပြုကျင့်ရန်လည်း ကြိုးစားခဲ့ကြောင်း သိရသည်။

မိန်းကလေးအား ပြန်လည် ဖမ်းဆီးရမိသွားရာ ဝပ်ရှော့သို့ခေါ်ဆောင်လာစဉ် ဝပ်ရှော့ပိုင်ရှင်၏သားနှင့် လုပ်သား တစ်ဦးတို့ ရောက်လာသည်နှင့် တွေ့သဖြင့် အဆိုပါ မိန်းကလေးအား ပြန်လွှတ်ပေး လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်ပြီး မတရားချုပ်နှောင်ထားသည့် ဝပ်ရှော့လုပ်သား ချစ်ထူးအောင်အား ဧပြီလ (၁၇)ရက်နေ့က မိုင်းယောင်းမြို့မရဲစခန်းတွင် (ပ) ၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁/၃၄၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~