တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား(၁)အလယ်၌ နှစ်စဉ်ကျင်းပနေကြ နှစ်နိုင်ငံချစ်ကြည်ရေးသင်္ကြန်ပွဲတော် ယခုနှစ်တွင် မကျင်းပဖြစ်
တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား(၁)အလယ်၌ နှစ်စဉ်ကျင်းပနေကြ နှစ်နိုင်ငံချစ်ကြည်ရေးသင်္ကြန်ပွဲတော် ယခုနှစ်တွင် မကျင်းပဖြစ်
ဧပွီ 12, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် နှစ်စဉ် ကျင်းပနေကြဖြစ်သည့် နှစ်နိုင်ငံချစ်ကြည်ရေးသင်္ကြန်ပွဲတော်အား ၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံဘက်မှ သင်္ကြန်ပွဲတော် ဘတ်ဂျက်ရရှိမှု နည်းသဖြင့် ကျင်းပနိုင်မည် မဟုတ်ကြောင်း သိရသည်။
တာချီလိတ်မြို့ရှိ နှစ်နိုင်ငံချစ်ကြည်ရေးတံတားတွင် ယခင်နှစ်များက နှစ်နိုင်ငံချစ်ကြည်ရေး သင်္ကြန်ပွဲတော် အဖြစ် ထိုင်းနိုင်ငံဘက်မှ ဖျော်ဖြေရေးအဖွဲ့များဖြင့် လာရောက်ကျင်းပလေ့ရှိသော်လည်း ယခုနှစ်အတွက် အဆိုပါ သင်္ကြန်ပွဲတော်အတွက် ထိုင်းနိုင်ငံဘက်မှ ဘတ်ငွေငါးသောင်းသာ ဘတ်ဂျက်ရရှိထားသဖြင့် ကျင်းပနိုင်ခြင်း မရှိခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် နှစ်စဉ် ကျင်းပနကြဖြေစ်သည့် နှစ်နိုင်ငံချစ်ကြည်ရေးသင်္ကြန်ပွဲတော်အား ၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံဘက်မှ သင်္ကြန်ပွဲတော် ဘတ်ဂျက်ရရှိမှု နည်းသဖြင့် ကျင်းပနိုင်မည် မဟုတ်ကြောင်း သိရသည်။
“နှစ်နိုင်ငံအဝင် တံတားပေါ်မှာတော့ ပိတောက်ပန်းတွေနဲ့ အလှဆင်တာ လုပ်ထားတယ်။ သူတို့နိုင်ငံ ဘက်ကတော့ ဒီနှစ်က ဘတ်ဂျက်မရလို့ မလုပ်ဘူးလို့ ပြောတယ်။ အရင်နှစ်တွေကတော့ ဒီတံတားပေါ်မှာ water canal ရေပန်းတွေနဲ့ လုပ်တယ်။ ဒီနှစ်ပြောတော့ သူတို့ဘက်က မလုပ်ဘူးဆိုတော့ မြန်မာနိုင်ငံဘက်က သင်္ကြန်ကြိုတဲ့ အနေနဲ့ ပိတောက်ပန်းနဲ့ အလှဆင်တာ လုပ်ထားတယ်”ဟု တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရို်င် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နယ်စပ် တာချီလိတ်မြို့တွင် တစ်ဖက်နိုင်ငံရောက် မြန်မာနိုင်ငံသားများ လာရောက် လည်ပတ် ရေကစားနိုင်ရန် ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေရေးများဖြင့် စီစဉ်ထားကြောင်း သိရသည်။
“ဒီနှစ်က အရင်နှစ်လိုပဲ ရေကစားဏ္ဍပ်မှာတော့ ဖျော်ဖြေရေးတွေ ပါဝင်မှာပါ။ တစ်ဖက်နိုင်ငံမှာ ရောက်နေတဲ့ နေရပ် မပြန်နိုင်သေးတဲ့ ကိုယ့်မြန်မာနိုင်ငံသားတွေလည်း ဒီတာချီလိတ်မြို့မှာပဲ လာကစားလို့ရအောင် ရည်ရွယ်ချက်နဲ့ လုပ်ပေးထားပါတယ်”ဟု တာချီလိတ်ခရို်င် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။
တာချီလိတ်မြို့တွင် မဟာသင်္ကြန်ကာလ ရေကစားမဏ္ဍပ်တည်ဆောက်မှုမှာ ဗဟိုသင်္ကြန်မဏ္ဍပ်အပါအဝင် စုစုပေါင်း ရေကစားမဏ္ဍပ် (၁၀)ခုဝန်းကျင်ရှိပြီး ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအဖွဲ့(၁၉)ဖွဲ့က ပထမနေ့တွင် (၆)ဖွဲ့၊ ဒုတိယနေ့တွင် (၇)နှစ်ဖွဲ့ နှင့် တတိယနေ့တွင်(၆)ဖွဲ့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ရှိ နှစ်နိုင်ငံချစ်ကြည်ရေးတံတားတွင် ယခင်နှစ်များက နှစ်နိုင်ငံချစ်ကြည်ရေး သင်္ကြန်ပွဲတော် အဖြစ် ထိုင်းနိုင်ငံဘက်မှ ဖျော်ဖြေရေးအဖွဲ့များဖြင့် လာရောက်ကျင်းပလေ့ရှိသော်လည်း ယခုနှစ်အတွက် အဆိုပါ သင်္ကြန်ပွဲတော်အတွက် ထိုင်းနိုင်ငံဘက်မှ ဘတ်ငွေငါးသောင်းသာ ဘတ်ဂျက်ရရှိထားသဖြင့် ကျင်းပနိုင်ခြင်း မရှိခြင်းဖြစ်ကြောငး် သိရသည်။
သတင်း - ချယ်ရီထိုက်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~