မူဆယ္ခရိုင္တြင္ ႏွစ္ဆန္းတစ္ရက္ေန႔ တရားေဟာေနသည့္ ဘုန္းေတာ္ႀကီးအား လွံျဖင့္ထိုးသူကို ဖမ္းဆီးထား

မူဆယ္ခရိုင္တြင္ ႏွစ္ဆန္းတစ္ရက္ေန႔ တရားေဟာေနသည့္ ဘုန္းေတာ္ႀကီးအား လွံျဖင့္ထိုးသူကို ဖမ္းဆီးထား
ဧပြီ 17, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ခရိုင္ ေမာ္ေတာင္းေက်းရြာအုပ္စု ေကာင္းဝွက္ေက်းရြာတြင္ ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔ျဖစ္သည့္ ဧၿပီလ (၁၇) ရက္ေန႔ နံနက္ပိုင္း၌ တရားခ်ီးျမႇင့္ေနသည့္ ဆရာေတာ္အား အမ်ိဳးသားတစ္ဦးက လွံျဖင့္ထုိးသျဖင့္ ဒဏ္ရာအျပင္းအထန္ရသြားသည့္ ဆရာေတာ္အား တရုတ္ႏုိင္ငံ ေရႊလီၿမိဳ႕သို႔ ပို႔ေဆာင္ေဆးကုသ ထားရေၾကာင္း သိရသည္။

မူဆယ္ၿမိဳ႕မွ (၁၀၅)မုိင္ေက်ာ္ ေကာင္းဝွက္ေက်းရြာ မုိးကုတ္၀ိပသနာ ဓမၼရိပ္သာ ကုမာရာ ရာမေက်ာင္းတုိက္မွ ေက်ာင္းထုိင္ဆရာေတာ္ ဆရာေတာ္ ဘဒၵနၱ ကုမာရက တရားေဟာေနစဥ္ နံနက္(၈)နာရီအခ်ိန္ခန္႔၌ တရားေဟာပလႅင္ေပၚသို႔ အမ်ိဳးသားတစ္ဦးကတက္၍ လွံျဖင့္ထိုးျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“ဆရာေတာ္က တရားေဟာေနတာကို ပစၥည္းလွဴမလိုနဲ႔တက္ၿပီး လွံနဲ႔ ထုိးလိုက္တာ”ဟု မူဆယ္ၿမိဳ႕ခံတစ္ဦးျဖစ္သည့္ ကိုခင္ေမာင္လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လွံျဖင့္အထိုးခံရသည့္ ဆရာေတာ္ ဘဒၵနၱ ကုမာရသည္ သက္ေတာ္(၆၂)ႏွစ္ ဝါေတာ္(၂၅)ဝါရိွၿပီျဖစ္ၿပီး တရားစခန္းဝင္ လူပုဂၢဳိလ္ (၃၀၀) ဦးခန္႔အား ဝိပႆနာတရားေဟာၾကားေနစဥ္ ၄င္းေက်ာင္းတုိက္၌ ဒုလႅဘရဟန္းဝတ္ဖူးသူ အုိက္မြန္းဆိုသူက လွံျဖင့္ထိုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္သည္ ဝမ္းဗိုက္၊ လက္ဖ်ံႏွင့္ ေပါင္တို႔တြင္ ဒဏ္ရာအျပင္းအထန္ရရိွသြားရာ နံနက္ (၈)နာရီခြဲဝန္းက်င္၌ မူဆယ္ဂ႐ုဏာအသင္း၊ (၁၀၅)မုိင္ပါရမီလူမႈကူညီေရးအသင္းတို႔က မူဆယ္ခရိုင္ျပည္သူ႔ေဆးရံုႀကီးသို႔ ပို႔ေဆာင္ေပးကာ နံနက္ (၉)နာရီအခ်ိန္၌ တရုတ္နုိင္ငံ ေရႊလီၿမိဳ႕ရိွေဆးရံုသို႔ ေျပာင္းေရႊ႕ကုသမႈခံယူေနရေၾကာင္း သိရသည္။

ဆရာေတာ္အား လွံျဖင့္ထုိးသည့္ အုိက္မြန္းအား ဖမ္းဆီးရမိထားၿပီး မူဆယ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ရန္ ေဆာင္ရြက္ေနေၾကာင္း မူဆယ္ၿမိဳ႕မရဲစခန္းမွ ရဲအရာရိွထံမွ သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ခင္ေမာင္လြင္

~~~~~~~~⊰❂ unicode ~~~~~~~~
မူဆယ်ခရိုင်တွင် နှစ်ဆန်းတစ်ရက်နေ့ တရားဟောနေသည့် ဘုန်းတော်ကြီးအား လှံဖြင့်ထိုးသူကို ဖမ်းဆီးထား
*************
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မော်တောင်းကျေးရွာအုပ်စု ကောင်းဝှက်ကျေးရွာတွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ဧပြီလ (၁၇) ရက်နေ့ နံနက်ပိုင်း၌ တရားချီးမြှင့်နေသည့် ဆရာတော်အား အမျိုးသားတစ်ဦးက လှံဖြင့်ထိုးသဖြင့် ဒဏ်ရာအပြင်းအထန်ရသွားသည့် ဆရာတော်အား တရုတ်နိုင်ငံ ရွှေလီမြို့သို့ ပို့ဆောင်ဆေးကုသ ထားရကြောင်း သိရသည်။

မူဆယ်မြို့မှ (၁၀၅)မိုင်ကျော် ကောင်းဝှက်ကျေးရွာ မိုးကုတ်ဝိပသနာ ဓမ္မရိပ်သာ ကုမာရာ ရာမကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဆရာတော် ဘဒ္ဒန္တ ကုမာရက တရားဟောနေစဉ် နံနက်(၈)နာရီအချိန်ခန့်၌ တရားဟောပလ္လင်ပေါ်သို့ အမျိုးသားတစ်ဦးကတက်၍ လှံဖြင့်ထိုးခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ဆရာတော်က တရားဟောနေတာကို ပစ္စည်းလှူမလိုနဲ့တက်ပြီး လှံနဲ့ ထိုးလိုက်တာ”ဟု မူဆယ်မြို့ခံတစ်ဦးဖြစ်သည့် ကိုခင်မောင်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လှံဖြင့်အထိုးခံရသည့် ဆရာတော် ဘဒ္ဒန္တ ကုမာရသည် သက်တော်(၆၂)နှစ် ဝါတော်(၂၅)ဝါရှိပြီဖြစ်ပြီး တရားစခန်းဝင် လူပုဂ္ဂိုလ် (၃၀၀) ဦးခန့်အား ဝိပဿနာတရားဟောကြားနေစဉ် ၄င်းကျောင်းတိုက်၌ ဒုလ္လဘရဟန်းဝတ်ဖူးသူ အိုက်မွန်းဆိုသူက လှံဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်သည် ဝမ်းဗိုက်၊ လက်ဖျံနှင့် ပေါင်တို့တွင် ဒဏ်ရာအပြင်းအထန်ရရှိသွားရာ နံနက် (၈)နာရီခွဲဝန်းကျင်၌ မူဆယ်ဂရုဏာအသင်း၊ (၁၀၅)မိုင်ပါရမီလူမှုကူညီရေးအသင်းတို့က မူဆယ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးကာ နံနက် (၉)နာရီအချိန်၌ တရုတ်နိုင်ငံ ရွှေလီမြို့ရှိဆေးရုံသို့ ပြောင်းရွှေ့ကုသမှုခံယူနေရကြောင်း သိရသည်။

ဆရာတော်အား လှံဖြင့်ထိုးသည့် အိုက်မွန်းအား ဖမ်းဆီးရမိထားပြီး မူဆယ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိထံမှ သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ခင်မောင်လွင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~