မိုင္းျဖတ္ - က်ဳိင္းတံုသြားလမ္းအနီး နမ့္လံုေခ်ာင္းအတြင္း ေရဆင္းခ်ဳိးသည့္ ကေလးငယ္တစ္ဦး ေရနစ္ေသဆံုး

မိုင္းျဖတ္ - က်ဳိင္းတံုသြားလမ္းအနီး နမ့္လံုေခ်ာင္းအတြင္း ေရဆင္းခ်ဳိးသည့္ ကေလးငယ္တစ္ဦး ေရနစ္ေသဆံုး
ဧပြီ 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းျဖတ္ - က်ဳိင္းတံု သြားလမ္းေပၚ ဆိုင္းေလေက်းရြာအနီး နမ့္လံုေခ်ာင္းတြင္ ေရဆင္းခ်ဳိးသည့္ အသက္(၆)ႏွစ္၀န္းက်င္ရွိ ေယာက်ာ္းေလး ကေလးငယ္တစ္ဦး ေရနစ္ေသဆံုးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ဧၿပီလ(၄)ရက္ေန႔ ညေန(၅)နာရီ ၀န္းက်င္အခ်ိန္က ဆိုင္းေလေက်းရြာမွ အသက္(၆)ႏွစ္ရွိ ေမာင္အားေနာင္သည္ သူငယ္ခ်င္းမ်ားႏွင့္အတူ ဆိုင္းေလေက်းရြာအနီးရွိ ေတာင္ယာသြားသည့္ ႀကိဳးတံတားေအာက္ နမ့္လံုေခ်ာင္းထဲသို႔ ေရဆင္းခ်ဳိးေဆာ့ကစားရာမွ  ေရနစ္ေပ်ာက္ဆံုးသြားရာမွ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာ ေနရာသို႔ မုိင္းျဖတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးေအာင္လင္းခိုင္ ႏွင့္ တပ္ဖြဲ႔၀င္မ်ား အပါအ၀င္ တာ၀န္ရွိသူမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား ႏွင့္ ေက်းရြာေနသူမ်ား ေရာက္ရွိၿပီး ရွာေဖြရာ ညပိုင္းတြင္ မေတြ႔ရွိရဘဲ ဧၿပီလ(၅)ရက္ေန႔ နံနက္ပိုင္းတြင္ ဆက္လက္၍ ေခ်ာင္းတစ္ေလွ်ာက္ ရွာေဖြခဲ့ၾကရာ နံနက္(၁၀)နာရီခြဲ ၀န္းက်င္အခ်ိန္တြင္  အဆိုပါ ေခ်ာင္းအတြင္း ေရလည္ရွိ ေက်ာက္တံုးေပၚ၌ ေသဆံုးေနလ်က္ျဖင့္ ေတြ႕ရွိရေၾကာင္း သိရသည္။

ေသဆံုးသူ၏ ခႏၶာကိုယ္တြင္ ေရႏွင့္အတူ ေမ်ာပါသြားမႈေၾကာင့္ ေက်ာက္တံုးမ်ားႏွင့္ ပြန္တိုက္မိထားသည့္ ဒဏ္ရာမ်ားသာ စစ္ေဆးေတြ႕ရွိရေၾကာင္း သိရသည္။

ဓါတ္ပံု - မိုင္းျဖတ္ ျပန္/ဆက္


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ် - ကျိုင်းတုံ သွားလမ်းပေါ် ဆိုင်းလေကျေးရွာအနီး နမ့်လုံချောင်းတွင် ရေဆင်းချိုးသည့် အသက်(၆)နှစ်ဝန်းကျင်ရှိ ယောကျာ်းလေး ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဧပြီလ(၄)ရက်နေ့ ညနေ(၅)နာရီ ဝန်းကျင်အချိန်က ဆိုင်းလေကျေးရွာမှ အသက်(၆)နှစ်ရှိ မောင်အားနောင်သည် သူငယ်ချင်းများနှင့်အတူ ဆိုင်းလေကျေးရွာအနီးရှိ တောင်ယာသွားသည့် ကြိုးတံတားအောက် နမ့်လုံချောင်းထဲသို့ ရေဆင်းချိုးဆော့ကစားရာမှ ရေနစ်ပျောက်ဆုံးသွားရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ မိုင်းဖြတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအောင်လင်းခိုင် နှင့် တပ်ဖွဲ့ဝင်များ အပါအဝင် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ကျေးရွာနေသူများ ရောက်ရှိပြီး ရှာဖွေရာ ညပိုင်းတွင် မတွေ့ရှိရဘဲ ဧပြီလ(၅)ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက်၍ ချောင်းတစ်လျှောက် ရှာဖွေခဲ့ကြရာ နံနက်(၁၀)နာရီခွဲ ဝန်းကျင်အချိန်တွင် အဆိုပါ ချောင်းအတွင်း ရေလည်ရှိ ကျောက်တုံးပေါ်၌ သေဆုံးနေလျက်ဖြင့် တွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူ၏ ခန္ဓာကိုယ်တွင် ရေနှင့်အတူ မျောပါသွားမှုကြောင့် ကျောက်တုံးများနှင့် ပွန်တိုက်မိထားသည့် ဒဏ်ရာများသာ စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ဓာတ်ပုံ - မိုင်းဖြတ် ပြန်/ဆက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~