ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းမွ ေလယာဥ္တစ္စီး အင္ဂ်င္၀ိုင္ ယိုစိမ့္မႈေၾကာင့္ အေရးေပၚဆင္းသက္ခဲ့ရေၾကာင္း MNA ထုတ္ျပန္

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းမွ ေလယာဥ္တစ္စီး အင္ဂ်င္၀ိုင္ ယိုစိမ့္မႈေၾကာင့္ အေရးေပၚဆင္းသက္ခဲ့ရေၾကာင္း MNA ထုတ္ျပန္
ဧပြီ 15, 2018
By Tachileik News Agency

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းမွ ရန္ကုန္ - ၿမိတ္ - ဘုတ္ျပင္း - ရန္ကုန္ ခရီးစဥ္ေျပးဆြဲသည့္ ေလယာဥ္တစ္စီး အင္ဂ်င္ဝိုင္ကုန္သြားသျဖင့္ ထားဝယ္ေလဆိပ္သို႔ အေရးေပၚဆင္းသက္ခဲ့ရသည္ဟု ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားေသာ္လည္း အင္ဂ်င္ဝိုင္ ယိုစိမ့္မႈျဖစ္ပြားျခင္းျဖစ္ေၾကာင္း ေလေၾကာင္းလုိင္းက ထုတ္ျပန္ထားသည္။

ေလယာဥ္မွဴး၊ ေလယာဥ္အမႈထမ္း(၆) ဦး၊ ေလယာဥ္လုံၿခဳံေရး (၂) ဦး၊ ခရီးသည္ (၆၉) ဦးတုိ႔ လိုက္ပါ လာသည့္ XY-AJN ေလယာဥ္သည္ ၂၀၁၈ ခုႏွစ္၊ ဧၿပီလ (၁၄) ရက္ေန႔ ေန႔လယ္ (၁)နာရီ (၁၅)မိနစ္အခ်ိန္တြင္ ရန္ကုန္ - ၿမိတ္ - ဘုတ္ျပင္း - ရန္ကုန္ ခရီးစဥ္အတိုင္းထြက္ခြာလာရာ ေလယာဥ္ဝဲဘက္ အင္ဂ်င္အတြင္း အင္ဂ်င္ဝိုင္ ကုန္သြား၍ ထားဝယ္ေလဆိပ္သို႔ အေရးေပၚ ဆင္းသက္စဥ္ ဝဲဘက္အတြင္းဘီး ေပါက္ ခဲ့ေသာ္လည္း အဆင္ေျပစြာ ဆင္းသက္နိုင္ခဲ့သည္ဟု ျပည္ထဲေရးဝန္ႀကီးဌာနက ေဖၚျပထားျခင္းျဖစ္သည္။

 “MNA ၏ ယေန႔ UB337၊ ရန္ကုန္၊ၿမိတ္၊ဘုတ္ျပင္း ခရီးစဥ္၊ ေလယာဥ္အမွတ္ XY AJN သည္ ထားဝယ္ ၿမိဳ႕ အနီး၌ Engine number 2 Engine Oil ယိုစိမ့္မႈ ျဖစ္သျဖင့္ ေလယာဥ္မွဴးမွ ထားဝယ္ေလဆိပ္သို႔ အင္ဂ်င္ စက္တစ္လံုး သတ္၍ ၁၃:၂၅ နာရီတြင္ အႏၲရာယ္ကင္းရွင္းစြာျဖင့္ အေရးေပၚဆင္းသက္ခဲ့ပါသည္။ က်န္ရွိေသာ ခရီးစဥ္အတြက္ အစားထိုုးေလယာဥ္ စီစဥ္ေဆာင္ရြက္ခဲ့ပါသည္။ ဤ အေရးေပၚျဖစ္စဥ္တြင္ ဆံုးျဖတ္ခ်က္မွန္ကန္စြာျဖင့္ ခရီးသည္မ်ားႏွင့္ ေလယာဥ္အတြက္ safety ရွိစြာ ေဆာင္ရြက္ျခင္းေၾကာင့္ ေလယာဥ္မႉး အပါအဝင္ Crew အဖြဲ႕ အားလံုးအား ခ်ီးက်ဴး မွတ္တမ္းတင္အပ္ပါေၾကာင္း။ ေနာက္ေနာင္ တြင္လည္း ႏိုင္ငံေတာ္ပိုင္ ေလေၾကာင္းလိုင္းျဖစ္ေသာ Myanmar National Airlines အေနျဖင့္ safetyကို ဦးစားေပး အဆင့္တစ္အျဖစ္ ေဆာင္ရြက္သြားမည္ျဖစ္ပါေၾကာင္း တင္ျပအပ္ပါသည္။”ဟု ျမန္မာအမ်ိဳးသား ေလေၾကာင္းလိုင္းက ၎တို႔၏ လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္ အသိေပးခ်က္တြင္ ေဖၚျပထားသည္။

အဆိုပါ ေလယာဥ္မွ  ခရီးသည္မ်ားအား ယင္းေန႔ ညေန (၄)နာရီခြဲတြင္ ျမန္မာအမ်ိဳးသား ေလေၾကာင္းလိုင္းမွ XY-AMK ေလယာဥ္ျဖင့္ ေျပာင္းလဲတင္ေဆာင္ကာ ၿမိတ္ေလဆိပ္သို႔ ထြက္ခြာသြားခဲ့ၿပီး ည (၈)နာရီ (၄၀)မိနစ္ အခ်ိန္တြင္ အေရးေပၚဆင္းသက္ခဲ့သည့္ေလယာဥ္အား ျပန္လည္ျပင္ဆင္ၿပီးစီး၍ ထားဝယ္ေလဆိပ္မွ ရန္ကုန္ ေလဆိပ္သို႔ ျပန္လည္ထြက္ခြာသြားသည္ဟု ျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။




~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ရန်ကုန် - မြိတ် - ဘုတ်ပြင်း - ရန်ကုန် ခရီးစဉ်ပြေးဆွဲသည့် လေယာဉ်တစ်စီး အင်ဂျင်ဝိုင်ကုန်သွားသဖြင့် ထားဝယ်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော်လည်း အင်ဂျင်ဝိုင် ယိုစိမ့်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။

လေယာဉ်မှူး၊ လေယာဉ်အမှုထမ်း(၆) ဦး၊ လေယာဉ်လုံခြုံရေး (၂) ဦး၊ ခရီးသည် (၆၉) ဦးတို့ လိုက်ပါ လာသည့် XY-AJN လေယာဉ်သည် ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့ နေ့လယ် (၁)နာရီ (၁၅)မိနစ်အချိန်တွင် ရန်ကုန် - မြိတ် - ဘုတ်ပြင်း - ရန်ကုန် ခရီးစဉ်အတိုင်းထွက်ခွာလာရာ လေယာဉ်ဝဲဘက် အင်ဂျင်အတွင်း အင်ဂျင်ဝိုင် ကုန်သွား၍ ထားဝယ်လေဆိပ်သို့ အရေးပေါ် ဆင်းသက်စဉ် ဝဲဘက်အတွင်းဘီး ပေါက် ခဲ့သော်လည်း အဆင်ပြေစွာ ဆင်းသက်နိုင်ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ပြထားခြင်းဖြစ်သည်။

 “MNA၏ ယနေ့ UB337၊ ရန်ကုန်၊မြိတ်၊ဘုတ်ပြင်း ခရီးစဉ်၊ လေယာဉ်အမှတ် XY AJN သည် ထားဝယ် မြို့ အနီး၌ Engine number 2 Engine Oil ယိုစိမ့်မှု ဖြစ်သဖြင့် လေယာဉ်မှူးမှ ထားဝယ်လေဆိပ်သို့ အင်ဂျင် စက်တစ်လုံး သတ်၍ ၁၃:၂၅ နာရီတွင် အန္တရာယ်ကင်းရှင်းစွာဖြင့် အရေးပေါ်ဆင်းသက်ခဲ့ပါသည်။ ကျန်ရှိသော ခရီးစဉ်အတွက် အစားထိုးလေယာဉ် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ဤ အရေးပေါ်ဖြစ်စဉ်တွင် ဆုံးဖြတ်ချက်မှန်ကန်စွာဖြင့် ခရီးသည်များနှင့် လေယာဉ်အတွက် safety ရှိစွာ ဆောင်ရွက်ခြင်းကြောင့် လေယာဉ်မှူး အပါအဝင် Crew အဖွဲ့ အားလုံးအား ချီးကျူး မှတ်တမ်းတင်အပ်ပါကြောင်း။ နောက်နောင် တွင်လည်း နိုင်ငံတော်ပိုင် လေကြောင်းလိုင်းဖြစ်သော Myanmar National Airlines အနဖြေင့် safetyကို ဦးစားပေး အဆင့်တစ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။”ဟု မြန်မာအမျိုးသား လေကြောင်းလိုင်းက၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အသိပေးချက်တွင် ဖော်ပြထားသည်။

အဆိုပါ လေယာဉ်မှ ခရီးသည်များအား ယင်းနေ့ ညနေ (၄)နာရီခွဲတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ XY-AMK လေယာဉ်ဖြင့် ပြောင်းလဲတင်ဆောင်ကာ မြိတ်လေဆိပ်သို့ ထွက်ခွာသွားခဲ့ပြီး ည (၈)နာရီ (၄၀)မိနစ် အချိန်တွင် အရေးပေါ်ဆင်းသက်ခဲ့သည့်လေယာဉ်အား ပြန်လည်ပြင်ဆင်ပြီးစီး၍ ထားဝယ်လေဆိပ်မှ ရန်ကုန် လေဆိပ်သို့ ပြန်လည်ထွက်ခွာသွားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~