တာချီလိတ်မြို့ မယ်ဟုတ်ချောင်းတွင်း သင်္ကြန်ကာလအတွက် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်တဲများအားလုံး မိုးရွာသွန်းမှုကြောင့် ရေထဲမျောပါ ဆုံးရှုံး

တာချီလိတ်မြို့ မယ်ဟုတ်ချောင်းတွင်း သင်္ကြန်ကာလအတွက် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်တဲများအားလုံး မိုးရွာသွန်းမှုကြောင့် ရေထဲမျောပါ ဆုံးရှုံး
ဧပွီ 7, 2018
By Tachileik News Agency


ဧပြီလ(၇)ရက်နေ့အကူး နံနက်ပိုင်းက မိုးရွာသွန်းသည့် ဖြစ်စဉ်ကြောင့် မယ်ဟုတ်ချောင်း ရေကြီးလာမှုကြောင့် နွေရာသီသင်္ကြန်ကာလအတွက် အပန်းဖြေ ရေကစားရန်ဖွင့်လှစ်ထားသည့် ရေထဲမှ စားသောက်ဆိုင်ခန်းတဲများအားလုံး မျောပါပျက်စီးသွားခဲ့သည်။




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်ချောင်းအပေါ်တွင် နွေရာသီသင်္ကြန်ကာလအတွက် အပန်းဖြေ ရေကစားရန် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်ခန်းတဲများအားလုံးမှာ မိုးရွာသွန်းမှုကြောင့် ဧပြီလ(၇)ရက်နေ့ နံနက်ပိုင်းက ရေထဲမျောပါ ပျက်စီးသွားကြောင်း သိရသည်။

ဧပြီလ(၇)ရက်နေ့အကူး နံနက်ပိုင်းက မိုးရွာသွန်းသည့် ဖြစ်စဉ်ကြောင့် မယ်ဟုတ်ချောင်း ရကြေီးလာမှုကြောင့် နွေရာသီသင်္ကြန်ကာလအတွက် အပန်းဖြေ ရေကစားရန်ဖွင့်လှစ်ထားသည့် ရေထဲမှ စားသောက်ဆိုင်ခန်းတဲများအားလုံး မျောပါပျက်စီးသွားခဲ့သည်။

လက်ရှိတွင် မယ်ဟုတ်တံတားတွင် မျောပါလာသည် အဆိုပါဝါးတဲများ ခံနေသည့်အတွက် ရှင်းလင်းနေလျက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~