မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႔တြင္ လစ္လပ္ေနသည့္ ၀န္ႀကီး ႏွစ္ဦးအတြက္ အမည္စာရင္း တင္သြင္းထားသူ ႏွစ္ဦး အနက္ တစ္ဦးကို လႊတ္ေတာ္က သေဘာတူ၊ တစ္ဦးကို ဆိုင္းငံ့

မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႔တြင္ လစ္လပ္ေနသည့္ ၀န္ႀကီး ႏွစ္ဦးအတြက္ အမည္စာရင္း တင္သြင္းထားသူ ႏွစ္ဦး အနက္ တစ္ဦးကို လႊတ္ေတာ္က သေဘာတူ၊ တစ္ဦးကို ဆိုင္းငံ့
ဧပြီ 5, 2018
By Tachileik News Agency

ဧၿပီလ(၅)ရက္ေန႔တြင္ ျပဳလုပ္သည့္ ဒုတိယအႀကိမ္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ အဌမ ပံုမွန္ အစည္းအေဝး၏ စတုတၳေန႔တြင္ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔၌ လစ္လပ္လ်က္ရိွေသာ ဝန္ႀကီး (၂)ဦး၏ ေနရာအတြက္ ျဖည့္စြက္ ခန္႔ထားႏိုင္ရန္ ဝန္ႀကီးခ်ဳပ္က ဒုတိယအႀကိမ္ေျမာက္ တင္သြင္းခဲ့သည့္ ဝန္ႀကီးေလာင္း (၂)ဦးအနက္ တစ္ဦးကို လႊတ္ေတာ္က သေဘာတူခဲ႔ၿပီး က်န္တစ္ဦး၏ အဆိုျပဳထားရိွမႈကို ဆိုင္းငံ့လိုက္ေၾကာင္း ေၾကညာလိုက္သည္။

ဝန္ႀကီးခ်ဳပ္က အမည္စာရင္းတင္သြင္းခဲ့သူ (၂)ဦးအနက္ လႊတ္ေတာ္ကိုယ္စားလွယ္ မဟုတ္သူ အၿငိမ္းစား ခရိုင္ပညာေရးမွဴး၊ ဒုတိယညႊန္ၾကားေရးမွဴး အသက္(၆၂)ႏွစ္အရြယ္ရိွ ဦးျမင္႔ေဆြ အား လႊတ္ေတာ္၏ သေဘာတူညီခ်က္ကို ရယူရာ လႊတ္ေတာ္က သေဘာတူခဲ့ၿပီး လယ္ယာစိုက္ပ်ဳိးေရးႏွင့္ဆည္ေျမာင္း ဝန္ႀကီးဌာနမွ အၿငိမ္းစား ညႊန္ၾကားေရးမွဴး ဦးခင္ေမာင္ထြန္းကို ခန္႔ထားရန္ အေၾကာင္းအက်ိဳး အတည္ျပဳခ်က္ လိုအပ္ေနသည့္ အတြက္ ဆိုင္းငံ႔လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"လက္ရိွအေျခအေနမွာ လႊတ္ေတာ္က ကန္႔ကြက္မႈ မရိွေပမယ္႔ ဝန္ႀကီးခ်ဳပ္က ဆိုင္းငံ့လိုက္တာျဖစ္ ပါတယ္။ ဘာေၾကာင့္ ဆိုင္းငံ့လိုက္ရတယ္ဆိုတာေတာ႔ မသိရေသးပါဘူး"ဟု မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠဌ ဦးတာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာၾကားသည္။

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝင္ ဝန္ႀကီး (၂)ဦးအား ၎တို႔၏ သေဘာဆႏၵအရ ႏွဳတ္ထြက္ခြင္႔ ျပဳရန္တင္ျပခဲ့မွဳအေပၚ ႏိုင္ငံေတာ္သမၼတက ႏွဳတ္ထြက္ခြင့္ျပဳခဲ့သျဖင့္ တိုင္းေဒသႀကီး ဝန္ႀကီးရာထူး (၂)ေနရာ လစ္လပ္လ်က္ရိွရာ အဆိုပါ ရာထူးေနရာမ်ားကို ျဖည့္စြက္ခန္႔ထားရန္အတြက္ ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္ ဖဲြ႔စည္းပံုအေျခခံဥပေဒပုဒ္မ ၁၆၁၊ ပုဒ္မခဲြ(က)ပါ အမည္စာရင္း သတ္မွတ္ခ်က္မ်ားႏွင္႔ ျပည့္စံုသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ မဟုတ္သူ အသက္(၆၂)ႏွစ္အရြယ္မ်ား ျဖစ္ၾကေသာ ဦးျမင္႔ေဆြႏွင့္ ဦးခင္ေမာင္ထြန္း တို႔ကို တိုင္းေဒသႀကီး(သို႔)ျပည္နယ္အစိုးရအဖဲြ႔ ဥပေဒ ပုဒ္မ ၈ ႏွင္႔အညီ တာဝန္ေပးအပ္လိုေၾကာင္းႏွင့္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္မွ သေဘာတူညီခ်က္ေပးပါရန္ ဝန္ႀကီးခ်ဳပ္က လႊတ္ေတာ္သို႔ အဆိုျပဳ တင္သြင္းခဲ့ျခင္း ျဖစ္သည္။

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔တြင္ လစ္လပ္လ်က္ရိွေသာ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရး ႏွင့္ျပည္သူ႔အင္အားဝန္ႀကီး ႏွင့္ စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ေနရာ အမည္စာရင္းကို ေဖ ေဖာ္ဝါရီ (၁၄)ရက္ေန႔တြင္ ျပဳလုပ္သည့္ ဒုတိယအႀကိမ္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚ အစည္းအေဝး ၁/၂၀၁၈ ပထမေန႔တြင္ ပထမအႀကိမ္ အဆိုျပဳတင္သြင္းခဲ႔သည့္ အေပၚ လႊတ္ေတာ္ကိုယ္ စားလွယ္ (၁၇)ဦးက ကန္႔ကြက္ခဲ့သျဖင့္ ဝန္ႀကီးခ်ဳပ္က ၎ တင္သြင္းသည့္ အမည္စာရင္းကို ျပန္လည္ရုပ္ သိမ္းခဲ႔ရၿပီး ယခု ဒုတိယအႀကိမ္ေျမာက္ ထပ္မံ အဆိုျပဳတင္သြင္းသည့္ ဝန္ႀကီးေလာင္း(၂) ဦးအနက္ ဦးခင္ေမာင္ထြန္းအား လႊတ္ေတာ္မွ ကန္႔ကြက္ျခင္း မရိွေသာ္လည္း ခန္႔ထားရန္ အေၾကာင္းအက်ိဳး အတည္ ျပဳခ်က္လိုအပ္ေနသည့္ အတြက္ ဝန္ႀကီးခ်ဳပ္က ၎၏ အဆိုျပဳထားရိွမႈအား ဆိုင္းငံ့လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - #ဖီးနစ္
ဓာတ္ပံု - #မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္



~~~~~~~~⊰❂ unicode ~~~~~~~~

ဧပြီလ(၅)ရက်နေ့တွင် ပြုလုပ်သည့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဌမ ပုံမှန် အစည်းအဝေး၏ စတုတ္ထနေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၌ လစ်လပ်လျက်ရှိသော ဝန်ကြီး (၂)ဦး၏ နေရာအတွက် ဖြည့်စွက် ခန့်ထားနိုင်ရန် ဝန်ကြီးချုပ်က ဒုတိယအကြိမ်မြောက် တင်သွင်းခဲ့သည့် ဝန်ကြီးလောင်း (၂)ဦးအနက် တစ်ဦးကို လွှတ်တော်က သဘောတူခဲ့ပြီး ကျန်တစ်ဦး၏ အဆိုပြုထားရှိမှုကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာလိုက်သည်။

ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းခဲ့သူ (၂)ဦးအနက် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ အငြိမ်းစား ခရိုင်ပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး အသက်(၆၂)နှစ်အရွယ်ရှိ ဦးမြင့်ဆွေ အား လွှတ်တော်၏ သဘောတူညီချက်ကို ရယူရာ လွှတ်တော်က သဘောတူခဲ့ပြီး လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်းကို ခန့်ထားရန် အကြောင်းအကျိုး အတည်ပြုချက် လိုအပ်နေသည့် အတွက် ဆိုင်းငံ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"လက်ရှိအခြေအနေမှာ လွှတ်တော်က ကန့်ကွက်မှု မရှိပေမယ့် ဝန်ကြီးချုပ်က ဆိုင်းငံ့လိုက်တာဖြစ် ပါတယ်။ ဘာကြောင့် ဆိုင်းငံ့လိုက်ရတယ်ဆိုတာတော့ မသိရသေးပါဘူး"ဟု မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးတာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး (၂)ဦးအား၎င်းတို့၏ သဘောဆန္ဒအရ နှုတ်ထွက်ခွင့် ပြုရန်တင်ပြခဲ့မှုအပေါ် နိုင်ငံတော်သမ္မတက နှုတ်ထွက်ခွင့်ပြုခဲ့သဖြင့် တိုင်းဒေသကြီး ဝန်ကြီးရာထူး (၂)နေရာ လစ်လပ်လျက်ရှိရာ အဆိုပါ ရာထူးနေရာများကို ဖြည့်စွက်ခန့်ထားရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၁၊ ပုဒ်မခွဲ(က)ပါ အမည်စာရင်း သတ်မှတ်ချက်များနှင့် ပြည့်စုံသည့် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ အသက်(၆၂)နှစ်အရွယ်များ ဖြစ်ကြသော ဦးမြင့်ဆွေနှင့် ဦးခင်မောင်ထွန်း တို့ကို တိုင်းဒေသကြီး(သို့)ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈ နှင့်အညီ တာဝန်ပေးအပ်လိုကြောင်းနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်မှ သဘောတူညီချက်ပေးပါရန် ဝန်ကြီးချုပ်က လွှတ်တော်သို့ အဆိုပြု တင်သွင်းခဲ့ခြင်း ဖြစ်သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီး နှင့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး နေရာ အမည်စာရင်းကို ဖေ ဖော်ဝါရီ (၁၄)ရက်နေ့တွင် ပြုလုပ်သည့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး ၁/၂၀၁၈ ပထမနေ့တွင် ပထမအကြိမ် အဆိုပြုတင်သွင်းခဲ့သည့် အပေါ် လွှတ်တော်ကိုယ် စားလှယ် (၁၇)ဦးက ကန့်ကွက်ခဲ့သဖြင့် ဝန်ကြီးချုပ်က၎င်း တင်သွင်းသည့် အမည်စာရင်းကို ပြန်လည်ရုပ် သိမ်းခဲ့ရပြီး ယခု ဒုတိယအကြိမ်မြောက် ထပ်မံ အဆိုပြုတင်သွင်းသည့် ဝန်ကြီးလောင်း(၂) ဦးအနက် ဦးခင်မောင်ထွန်းအား လွှတ်တော်မှ ကန့်ကွက်ခြင်း မရှိသော်လည်း ခန့်ထားရန် အကြောင်းအကျိုး အတည် ပြုချက်လိုအပ်နေသည့် အတွက် ဝန်ကြီးချုပ်က၎င်း၏ အဆိုပြုထားရှိမှုအား ဆိုင်းငံ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - #ဖီးနစ်
ဓာတ်ပုံ - #မကွေးတိုင်းဒေသကြီးလွှတ်တော်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~