ကျောက်မဲမြို့၏ အတာသင်္ကြန် မဏ္ဍပ်ကြီးသုံးခု၌ ရေကစားသူများပြား

ဧပြီ 14, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် မဟာအတာသင်္ကြန် ဗဟိုမဏ္ဍပ် အပါအဝင် မဏ္ဍပ်ကြီး(၃)ခု၌ ဧပြီလ (၁၄)ရက်နေ့က ရေကစားသူများပြားနေကြောင်း သိရသည်။

“လုံခြုံရေးမကောင်းတဲ့မြို့မှာလည်း အေးချမ်းပျော်ရွှင်နေကြတယ်။ မြို့မိမြို့ဖနဲ့ ဌာနဆိုင်ရာတွေ စေတနာနဲ့ ကြိုးစားဆောင်ရွက်ပေးထားတဲ့ အောင်မြင်မှုလေးပါ”ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမြတ်ခန့်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့ ဗဟိုဈေးမြောက်ဘက်တွင် ဗဟိုမဏ္ဍပ်၊ ကားကြီးဝင်းအတွင်း တည်ဆောက်ထားသည့် ငြိမ်းချမ်းရေးမဏ္ဍပ်နှင့် အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ သင်္ကြန်မဏ္ဍပ်များတွင် ရေကစားသူများ၊ ဖျော်ဖြေမှုများဖြင့် စည်ကားနေခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့တွင်း သင်္ကြန်ကာလလုံခြုံရေးကို ပုံမှန်ထက်တိုးမြင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း #ချယ်ရီ
ဓါတ်ပုံ #MK

~~~~~~~~⊰❂ unicode ~~~~~~~~

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~