မြန်မာ - လာအို နယ်စပ် ကျိုင်းလပ်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ချစ်ကြည်ရေးတံတားရှိ စစ်ဆေးရေးကောင်တာ ပျက်စီးပြီး ကျေးရွာမှ လူနေအိမ်(၃)လုံး ပျက်စီးကာ မိုးသီးကျ

မြန်မာ - လာအို နယ်စပ် ကျိုင်းလပ်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ချစ်ကြည်ရေးတံတားရှိ စစ်ဆေးရေးကောင်တာ ပျက်စီးပြီး ကျေးရွာမှ လူနေအိမ်(၃)လုံး ပျက်စီးကာ မိုးသီးကျ
ဧပွီ 3, 2018
By Tachileik News Agency

မြန်မာ - လာအို နယ်စပ်၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ဘက် မြန်မာ - လာအိုချစ်ကြည်ရေးတံတားရှိ စစ်ဆေးရေးကောင်တာ ပျက်စီးမှုနှင့်အတူ ကျိုင်းလပ်မြို့တွင်းရှိ ကျေးရွာများတွင် လူနေအိမ်(၃)လုံး လေပြင်းတိုက်ခတ်မှု ဒဏ်သင့်ခဲ့ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဧပြီလ(၂)ရက်နေ့ ညပိုင်းက လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုင်းလပ်မြို့ဘက် မြန်မာ - လာအိုချစ်ကြည်ရေးတံတားရှိ BCF ( Border Control Facilities )အတွင်း တည်ဆောက်ထားသော စစ်ဆေးရေးကောင်တာခုံ(၂)လုံးမှာ ပျက်စီးသွားခဲ့ကြောင်း သိရသည်။



လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခေါင်မိုးလန်သည်အထိ ဖြစ်ပွားခဲ့သော်လည်း လူနှင့်သက်ရှိများ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - လာအို နယ်စပ်၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ဘက် မြန်မာ - လာအိုချစ်ကြည်ရေးတံတားရှိ စစ်ဆေးရေးကောင်တာ ပျက်စီးမှုနှင့်အတူ ကျိုင်းလပ်မြို့တွင်းရှိ ကျေးရွာများတွင် လူနေအိမ်(၃)လုံး လပြေင်းတိုက်ခတ်မှု ဒဏ်သင့်ခဲ့ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဧပြီလ(၂)ရက်နေ့ ညပိုင်းက လပြေင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုင်းလပ်မြို့ဘက် မြန်မာ - လာအိုချစ်ကြည်ရေးတံတားရှိ BCF ( Border Control Facilities )အတွင်း တည်ဆောက်ထားသော စစ်ဆေးရေးကောင်တာခုံ(၂)လုံးမှာ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ဆီး(လားဟူ)ရွာတွင် လူနေအိမ်(၃)လုံးမှာ အိမ်ခေါင်လန်သွားမှုနှင့်အတူ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး မိုးသီးများလည်း ကျခဲ့ကြောင်း သိရသည်။

"ညက မိုးသီးတွေကျတာ အများကြီးပဲ လေလည်း အရမ်းတိုက်တယ်၊ မြို့ထဲမှာတော့ လူနေအိမ်တွေ ပျက်စီးမှုတော့မရှိဘူး"ဟု ကျိုင်းလပ်နေ နန်းဆီဖောင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လပြေင်းတိုက်ခတ်မှုကြောင့် အိမ်ခေါင်မိုးလန်သည်အထိ ဖြစ်ပွားခဲ့သော်လည်း လူနှင့်သက်ရှိများ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~