တာခ်ီလိတ္တြင္ ပထမဆံုးအေနျဖင့္ (၃)ရက္ က်င္းပျပဳလုပ္သည့္ ျမန္မာ့သိုင္းၿပိဳင္ပြဲ ၿပီးေျမာက္

တာခ်ီလိတ္တြင္ ပထမဆံုးအေနျဖင့္ (၃)ရက္ က်င္းပျပဳလုပ္သည့္ ျမန္မာ့သိုင္းၿပိဳင္ပြဲ ၿပီးေျမာက္
ဧပြီ 8, 2018
By Tachileik News Agency

တာခ်ီလိတ္တြင္ ပထမဆံုးအႀကိမ္အျဖစ္ (၃)ရက္ၾကာ က်င္းပျပဳလုပ္သည့္ ျမန္မာ့သိုင္းၿပိဳင္ပြဲ၏ ဗိုလ္လုပြဲ ႏွင့္ ဆုေပးပြဲအား ဧၿပီလ(၈)ရက္ေန႔တြင္ က်င္းပျပဳလုပ္ခဲ့ၾကသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အားကစားႏွင့္ ကာယပညာဦးစီးဌာန ႏွင့္ အင္းသားလူမႈကူညီေရးအသင္းတို႔ ပူးေပါင္း က်င္းပသည့္ ၂၀၁၈ခုႏွစ္၊ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈ ေကာ္မတီ ဥကၠဌ(ဖလား)၊ ပထမအႀကိမ္ ျမန္မာ့ သိုင္းၿပိဳင္ပြဲအား ဧၿပီလ(၇)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕ရွိ တာေလာ့ေက်ာင္းအတြင္း၌ က်င္းပခဲ့ျခင္းျဖစ္ၿပီး ဧၿပီလ(၇)ရက္ ႏွင့္ (၈)ရက္ေန႔တို႔တြင္ တာခ်ီလိတ္ခရိုင္အားကစားခန္းမတြင္ က်င္းပျပဳလုပ္ျခင္း ျဖစ္သည္။

ေနာက္ဆံုးဗိုလ္လုပြဲ ႏွင့္ ဆုေပးပြဲသို႔ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္ ႏွင့္ ဇနီး၊ တာခ်ီလိတ္ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈေကာ္မတီ အတြင္းေရးမွဴး၊ ၿမိဳ႕နယ္လ၀ကဦးစီးအရာရွိ ဦးစိုင္းဆိုင္တစ္ႏွင့္ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ၀င္မ်ား၊ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ တာ၀န္ရွိသူမ်ား၊ တာခ်ီလိတ္ၿမိဳ႕နယ္ အင္းသားလူမႈကူညီေရးအသင္း နာယကမ်ားႏွင့္ ဥကၠဌ အပါအ၀င္ အမႈေဆာင္အဖြဲ႔၀င္မ်ား၊ ၿပိဳင္ပြဲ၀င္မ်ား တက္ေရာက္ခဲ့ၾကသည္။

ၿပိဳင္ပြဲတြင္ က်န္စစ္သားအသင္း၊ ဗႏၶဳလအသင္း၊ ဘုရင့္ေနာင္အသင္း၊ အေလာင္းဘုရားအသင္း ဟူ၍ အုပ္စု(၄)စု ဖြဲ႔၍ ယွဥ္ၿပိဳင္ေစၿပီး ဗန္တိုလက္အတိုက္ ႏွင့္ ဓါးတစ္လက္အတိုက္ အမ်ဳိးအစားမ်ားျဖင့္ ယွဥ္ၿပိဳင္ၾကျခင္း ျဖစ္ေၾကာင္း ႏွင့္ ၿပိဳင္ပြဲမ်ားမွ ပထမ ႏွင့္ ဒုတိယအျပင္ အထူးဆု ရရွိသူမ်ားအား တာ၀န္ရွိသူမ်ားက ေပးအပ္ခ်ီးျမႇင့္ခဲ့ၾကေၾကာင္း သိရသည္။

ၿပိဳင္ပြဲ၀င္မ်ားအား ၿပိဳင္ပြဲမစတင္မီ ေႏြရာသီသင္တန္းအျဖစ္ သင္ၾကားေပးခဲ့သည္မွာ အေျခခံသာျဖစ္ၿပီး တိုင္းႏွင့္ျပည္နယ္မ်ားသို႔ သြားေရာက္ယွဥ္ၿပိဳင္ႏိုင္ရန္အတြက္ ထပ္မံသင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္သိုင္းဆပ္ေကာ္မတီမွ သိရသည္။

"အေျခခံ ဗန္တို(၆၃) နည္းပညာက်င့္စဥ္အေနနဲ႔  ကေလးသူငယ္ေတြကို စၿပီးေတာ့မွ ေလ့က်င့္ေပးတာဟာ ကြ်န္ေတာ္တို႔ ျမန္မာ့သိုင္း အေနနဲ႔ဆိုရင္ အေျခခံအဆင့္ ေလာက္ပဲရွိပါတယ္၊ ကေလးသူငယ္ေတြ စိတ္က်န္းမာ ခႏၶာကိုယ္ ႀကံ႕ခိုင္သန္စြမ္းမႈအတြက္ အဓိကထားၿပီးေတာ့မွ ေလ့က်င့္သင္ၾကားေပးခဲ့ျခင္း ျဖစ္ပါတယ္၊ အခုလက္ရွိ အဆင့္က အေျခခံပညာရပ္ကိုသာ သင္ၾကားေပးျခင္း ျဖစ္ပါတယ္၊ ျမန္မာ့သိုင္း ပညာမွာ ဒီ့ထက္ အဆင့္ျမင့္တာေတြ အမ်ားႀကီး က်န္ပါေသးတယ္၊ တိုင္းနဲ႔ျပည္နယ္ေတြမွာ ၀င္ေရာက္ ယွဥ္ၿပိဳင္ႏိုင္ရန္ အတြက္ ကြ်န္ေတာ္တို႔ ေနာက္တစ္ႀကိမ္ သင္ၾကားေပးမွာ ျဖစ္ပါတယ္"ဟု ရွမ္းျပည္နယ္ သိုင္းဆပ္ေကာ္မတီ ဥကၠဌ ဦးေမာင္ေမာင္ျမင့္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္တြင္ က်င္းပသည့္ ျမန္မာ့သိုင္းၿပိဳင္ပြဲမွာ ပထမဆံုးအႀကိမ္ျဖစ္ၿပီး ဆက္လက္၍ ယခုလို ႏွစ္စဥ္ က်င္းပသြားရန္ အစီအစဥ္ရွိေၾကာင္း သိရွိရသည္။

ဓါတ္ပံု - #ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်တွင် ပထမဆုံးအကြိမ်အဖြစ် (၃)ရက်ကြာ ကျင်းပပြုလုပ်သည့် မြန်မာ့သိုင်းပြိုင်ပွဲ၏ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲအား ဧပြီလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

တာချီလိတ်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နှင့် အင်းသားလူမှုကူညီရေးအသင်းတို့ ပူးပေါင်း ကျင်းပသည့် ၂၀၁၈ခုနှစ်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ(ဖလား)၊ ပထမအကြိမ် မြန်မာ့ သိုင်းပြိုင်ပွဲအား ဧပြီလ(၇)ရက်နေ့က တာချီလိတ်မြို့ရှိ တာလော့ကျောင်းအတွင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဧပြီလ(၇)ရက် နှင့် (၈)ရက်နေ့တို့တွင် တာချီလိတ်ခရိုင်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

နောက်ဆုံးဗိုလ်လုပွဲ နှင့် ဆုပေးပွဲသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ် နှင့် ဇနီး၊ တာချီလိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လဝကဦးစီးအရာရှိ ဦးစိုင်းဆိုင်တစ်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ တာချီလိတ်ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တာချီလိတ်မြို့နယ် အင်းသားလူမှုကူညီရေးအသင်း နာယကများနှင့် ဥက္ကဌ အပါအဝင် အမှုဆောင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

ပြိုင်ပွဲတွင် ကျန်စစ်သားအသင်း၊ ဗန္ဓုလအသင်း၊ ဘုရင့်နောင်အသင်း၊ အလောင်းဘုရားအသင်း ဟူ၍ အုပ်စု(၄)စု ဖွဲ့၍ ယှဉ်ပြိုင်စပြေီး ဗန်တိုလက်အတိုက် နှင့် ဓားတစ်လက်အတိုက် အမျိုးအစားများဖြင့် ယှဉ်ပြိုင်ကြခြင်း ဖြစ်ကြောင်း နှင့် ပြိုင်ပွဲများမှ ပထမ နှင့် ဒုတိယအပြင် အထူးဆု ရရှိသူများအား တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြိုင်ပွဲဝင်များအား ပြိုင်ပွဲမစတင်မီ နွေရာသီသင်တန်းအဖြစ် သင်ကြားပေးခဲ့သည်မှာ အခြေခံသာဖြစ်ပြီး တိုင်းနှင့်ပြည်နယ်များသို့ သွားရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ထပ်မံသင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်သိုင်းဆပ်ကော်မတီမှ သိရသည်။

"အခြေခံ ဗန်တို(၆၃) နည်းပညာကျင့်စဉ်အနေနဲ့ ကလေးသူငယ်တွေကို စပြီးတော့မှ လေ့ကျင့်ပေးတာဟာ ကျွန်တော်တို့ မြန်မာ့သိုင်း အနေနဲ့ဆိုရင် အခြေခံအဆင့် လောက်ပဲရှိပါတယ်၊ ကလေးသူငယ်တွေ စိတ်ကျန်းမာ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းမှုအတွက် အဓိကထားပြီးတော့မှ လေ့ကျင့်သင်ကြားပေးခဲ့ခြင်း ဖြစ်ပါတယ်၊ အခုလက်ရှိ အဆင့်က အခြေခံပညာရပ်ကိုသာ သင်ကြားပေးခြင်း ဖြစ်ပါတယ်၊ မြန်မာ့သိုင်း ပညာမှာ ဒီ့ထက် အဆင့်မြင့်တာတွေ အများကြီး ကျန်ပါသေးတယ်၊ တိုင်းနဲ့ပြည်နယ်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် အတွက် ကျွန်တော်တို့ နောက်တစ်ကြိမ် သင်ကြားပေးမှာ ဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ် သိုင်းဆပ်ကော်မတီ ဥက္ကဌ ဦးမောင်မောင်မြင့် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် ကျင်းပသည့် မြန်မာ့သိုင်းပြိုင်ပွဲမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဆက်လက်၍ ယခုလို နှစ်စဉ် ကျင်းပသွားရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~