ႏိုင္ငံေရးအက်ဥ္းသားမ်ား၏ လြတ္ၿငိမ္းစည္းကမ္းခ်က္မ်ားပယ္ဖ်က္ၿပီး အက်ဥ္းသား/သူ ၈၅၄၁ ဦးလြတ္ၿငိမ္း သက္သာခြင့္ေပး

ႏိုင္ငံေရးအက်ဥ္းသားမ်ား၏ လြတ္ၿငိမ္းစည္းကမ္းခ်က္မ်ားပယ္ဖ်က္ၿပီး အက်ဥ္းသား/သူ ၈၅၄၁ ဦးလြတ္ၿငိမ္း သက္သာခြင့္ေပး
ဧပြီ 17, 2018
By 🌸
ျမန္မာ့ႏွစ္သစ္ကူးအထိမ္းအမွတ္အေနျဖင့္  ျပစ္ဒဏ္က်ခံအက်ဥ္းသား/သူ(၈၅၄၁)ဦးကို လြတ္ၿငိမ္းသက္သာခြင့္ ေပးလုိက္ၿပီး ႏုိင္ငံေရး ႏုိင္ငံေရးအက်ဥ္းသားမ်ားအား လြတ္ၿငိမ္းသက္သာခြင့္ေပးရာတြင္ ထားရိွသည့္ စည္းကမ္းခ်က္မ်ားကိုလည္း ပယ္ဖ်က္လုိက္သည္။

ႏိုင္ငံေရးနွင့္စပ္လ်ဥ္းသည့္ ျပစ္မႈျဖင့္ ျပစ္ဒဏ္က်ခံခဲ့ရသူမ်ားကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄၀၁ ၊ ပုဒ္မခြဲ (၁) အရ လြတ္ၿငိ္မ္းသက္သာခြင့္ အမိန္႔မ်ားထုတ္ျပန္၍ စည္းကမ္းခ်က္ျဖင့္ လြတ္ၿငိမ္း သက္သာခြင့္ျပဳေနျခင္းမ်ားအား ႏိုင္ငံေတာ္သမၼတရံုး၏ အမိန္႔အမွတ္၊ ၁၆ / ၂၀၁၈ျဖင့္ ပယ္ဖ်က္ေပးလုိက္ျခင္း ျဖစ္သည္။

ျမန္မာႏွစ္ဆန္း(၁)ရက္ေန႔ျဖစ္သည့္ ဧၿပီလ (၁၇)ရက္ေန႔တြင္ ႏိုင္ငံေတာ္သမၼတရံုး၏ အမိန္႔အမွတ္ ၁၇/၂၀၁၈ျဖင့္ ႏုုိင္ငံသားအက်ဥ္းသား/သူ (၈၄၉၀) ဦးႏွင့္ အမိန္႔အမွတ္ ၁၈/၂၀၁၈ျဖင့္ ႏုုိင္ငံျခားသား အက်ဥ္းသား/သူ (၅၁) ဦးတို႔အား ရာဇဝတ္က်င့္ထံုးဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ(၁)အရ စည္းကမ္းသတ္မွတ္ခ်က္မထားဘဲ လြတ္ၿငိမ္းသက္သာခြင့္ေပးလုိက္ျခင္းျဖစ္သည္။

လြတ္ၿငိမ္းသက္သာျဖင့္ လြတ္ေျမာက္လာသူမ်ားတြင္ ႏိုင္ငံျခားသား အက်ဥ္းသား/သူ  (၅၁)ဦးႏွင့္ ျမန္မာႏိုင္ငံသား အက်ဥ္းသား/သူ (၈၄၉၀)ဦး ပါဝင္ၿပီး အဆိုပါ အက်ဥ္းသားမ်ားတြင္  AAPP စာရင္းဝင္ ႏိုင္က်ဥ္း (၃၆) ဦးပါဝင္သည္။

လြတ္ေျမာက္လာသူအမ်ားစုမွာ မူးယစ္မႈျဖင့္ ျပစ္ဒဏ္က်ခံေနရသူမ်ားျဖစ္ၿပီး စုစုေပါင္း (၆၃၆၂)ဦးပါ၀င္ရာ မူးယစ္ပုဒ္မ (၁၅) ျဖင့္ ျပစ္ဒဏ္က် (၁၄၆၂) ဦး၊ ျပစ္ဒဏ္က်ခံရန္က်န္ ၃ ႏွစ္ႏွင့္ေအာက္က်န္ရိွသည့္ မူးယစ္ပုဒ္မ ၁၆(ဂ)ျဖင့္ ျပစ္ဒဏ္က် (၃၂၂၀) ဦးႏွင့္ ျပစ္ဒဏ္က်ခံရန္က်န္ ၃ ႏွစ္ႏွင့္ေအာက္က်န္ရိွသည့္ မူးယစ္ပုဒ္မ ၁၅/၁၆(ဂ)ျဖင့္ ျပစ္ဒဏ္က် (၁၆၈၀) ဦးတို႔ပါဝင္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအတြင္းရွိ အက်ဥ္ေထာင္အသီးသီးတြင္ အက်ဥ္းက်ေနသူ ႏိုင္ငံျခားသား အက်ဥ္းသားမ်ားထဲမွ လြတ္ၿငိမ္းသက္သာခြင့္ရရွိသူ (၅၁)ဦးတြင္ လဝကအက္ ၁၃(၁)ျဖင့္ အက်ဥ္းသား (၄၄)ဦး ႏွင့္ ဗီယက္နမ္ႏိုင္ငံသား(၈)ဦး ပါဝင္ေၾကာင္း သိရသည္။

လြတ္ေျမာက္လာသည့္ အက်ဥ္းသားမ်ားတြင္ တပ္မေတာ္အက္ျဖင့္ ျပစ္ဒဏ္က် (၁၈၈၀) ဦး၊ ရဲစည္းကမ္းထိန္းသိမ္းေရး ျပစ္ဒဏ္က် (၁၄၁) ဦးလည္းပါဝင္ေၾကာင္း သိရသည္။

ယခုအစိုးရလက္ထက္တြင္ အက်ဥ္းသားလြတ္ၿငိမ္းခြင့္ေပးခဲ့သည့္ အေရအတြက္မွာ ၂၀၁၆ ခုႏွစ္ ဧၿပီလ (၁၇)ရက္ေန႔ ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔က အက်ဥ္းသား (၈၃)ဦး ၊ ၂၀၁၇ ခုႏွစ္ ေမလ (၂၃)ရက္ေန႔က ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ (၂၁)ရာစုပင္လံုကို ႀကိဳဆိုေသာအားျဖင့္ အက်ဥ္းက်ခံေနရသည့္ ႏုိင္ငံသား (၁၈၆)ဦးႏွင့္  ႏိုင္ငံျခားသား (၇၃)ဦး၊ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ (၇)ရက္ေန႔က အက်ဥ္းက်ခံေနရသည့္ ေက်ာင္းသူ(၇)ဦးကိုတို႔ကို လႊတ္ေပးခဲ့ရာ ယခုလြတ္ၿငိမ္းသက္သာအပါအဝင္ စုစုေပါင္း အက်ဥ္းက်ခံရသူ (၈၈၉၀)ကို လြတ္ၿငိမ္းသက္သာေပးခဲ့ၿပီးျဖစ္သည္။

သတင္း #အင္မိုင္ခ

~~~~~~~~⊰❂ unicode ~~~~~~~~
နိုင်ငံရေးအကျဉ်းသားများ၏ လွတ်ငြိမ်းစည်းကမ်းချက်များပယ်ဖျက်ပြီး အကျဉ်းသား/သူ ၈၅၄၁ ဦးလွတ်ငြိမ်း သက်သာခွင့်ပေး
*************
မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ်အနေဖြင့်  ပြစ်ဒဏ်ကျခံအကျဉ်းသား/သူ(၈၅၄၁)ဦးကို လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ပြီး နိုင်ငံရေး နိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းသက်သာခွင့်ပေးရာတွင် ထားရှိသည့် စည်းကမ်းချက်များကိုလည်း ပယ်ဖျက်လိုက်သည်။

နိုင်ငံရေးနှင့်စပ်လျဉ်းသည့် ပြစ်မှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိ်မ်းသက်သာခွင့် အမိန့်များထုတ်ပြန်၍ စည်းကမ်းချက်ဖြင့် လွတ်ငြိမ်း သက်သာခွင့်ပြုနေခြင်းများအား နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်၊ ၁၆ / ၂၀၁၈ဖြင့် ပယ်ဖျက်ပေးလိုက်ခြင်း ဖြစ်သည်။

မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်သည့် ဧပြီလ (၁၇)ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁၇/၂၀၁၈ဖြင့် နုုိင်ငံသားအကျဉ်းသား/သူ (၈၄၉၀) ဦးနှင့် အမိန့်အမှတ် ၁၈/၂၀၁၈ဖြင့် နုုိင်ငံခြားသား အကျဉ်းသား/သူ (၅၁) ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ခြင်းဖြစ်သည်။

လွတ်ငြိမ်းသက်သာဖြင့် လွတ်မြောက်လာသူများတွင် နိုင်ငံခြားသား အကျဉ်းသား/သူ  (၅၁)ဦးနှင့် မြန်မာနိုင်ငံသား အကျဉ်းသား/သူ (၈၄၉၀)ဦး ပါဝင်ပြီး အဆိုပါ အကျဉ်းသားများတွင်  AAPP စာရင်းဝင် နိုင်ကျဉ်း (၃၆) ဦးပါဝင်သည်။

လွတ်မြောက်လာသူအများစုမှာ မူးယစ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသူများဖြစ်ပြီး စုစုပေါင်း (၆၃၆၂)ဦးပါ၀င်ရာ မူးယစ်ပုဒ်မ (၁၅) ဖြင့် ပြစ်ဒဏ်ကျ (၁၄၆၂) ဦး၊ ပြစ်ဒဏ်ကျခံရန်ကျန် ၃ နှစ်နှင့်အောက်ကျန်ရှိသည့် မူးယစ်ပုဒ်မ ၁၆(ဂ)ဖြင့် ပြစ်ဒဏ်ကျ (၃၂၂၀) ဦးနှင့် ပြစ်ဒဏ်ကျခံရန်ကျန် ၃ နှစ်နှင့်အောက်ကျန်ရှိသည့် မူးယစ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် ပြစ်ဒဏ်ကျ (၁၆၈၀) ဦးတို့ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်ထောင်အသီးသီးတွင် အကျဉ်းကျနေသူ နိုင်ငံခြားသား အကျဉ်းသားများထဲမှ လွတ်ငြိမ်းသက်သာခွင့်ရရှိသူ (၅၁)ဦးတွင် လဝကအက် ၁၃(၁)ဖြင့် အကျဉ်းသား (၄၄)ဦး နှင့် ဗီယက်နမ်နိုင်ငံသား(၈)ဦး ပါဝင်ကြောင်း သိရသည်။

လွတ်မြောက်လာသည့် အကျဉ်းသားများတွင် တပ်မတော်အက်ဖြင့် ပြစ်ဒဏ်ကျ (၁၈၈၀) ဦး၊ ရဲစည်းကမ်းထိန်းသိမ်းရေး ပြစ်ဒဏ်ကျ (၁၄၁) ဦးလည်းပါဝင်ကြောင်း သိရသည်။

ယခုအစိုးရလက်ထက်တွင် အကျဉ်းသားလွတ်ငြိမ်းခွင့်ပေးခဲ့သည့် အရေအတွက်မှာ ၂၀၁၆ ခုနှစ် ဧပြီလ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့က အကျဉ်းသား (၈၃)ဦး ၊ ၂၀၁၇ ခုနှစ် မေလ (၂၃)ရက်နေ့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို ကြိုဆိုသောအားဖြင့် အကျဉ်းကျခံနေရသည့် နိုင်ငံသား (၁၈၆)ဦးနှင့်  နိုင်ငံခြားသား (၇၃)ဦး၊ ၂၀၁၇ ခုနှစ် သြဂုတ်လ (၇)ရက်နေ့က အကျဉ်းကျခံနေရသည့် ကျောင်းသူ(၇)ဦးကိုတို့ကို လွှတ်ပေးခဲ့ရာ ယခုလွတ်ငြိမ်းသက်သာအပါအဝင် စုစုပေါင်း အကျဉ်းကျခံရသူ (၈၈၉၀)ကို လွတ်ငြိမ်းသက်သာပေးခဲ့ပြီးဖြစ်သည်။

သတင်း #အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~