တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမတြင္ ကြန္ပ်ဴတာနည္းပညာ အခမဲ့ေဟာေျပာပြဲ ျပဳလုပ္မည္ မည္သူမဆို လာေရာက္ေလ့လာႏိုင္

တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမတြင္ ကြန္ပ်ဴတာနည္းပညာ အခမဲ့ေဟာေျပာပြဲ ျပဳလုပ္မည္ မည္သူမဆို လာေရာက္ေလ့လာႏိုင္
ဧပြီ 1, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမတြင္ HND Computing ႏွင့္ Business Management Course မ်ားအတြက္ ပညာေရးေဆြးေႏြးပဲြကို  ၂၀၁၈ခုႏွစ္ ဧၿပီလ (၆)ရက္ေန႔ ညေန (၃)နာရီမွ (၅)နာရီအထိ ျပဳလုပ္မည္ျဖစ္သျဖင့္ စိတ္ဝင္စားသူမ်ား တက္ေရာက္ေလ့လာႏုိင္ေၾကာင္း သိရသည္။

တကၠသိုလ္ဝင္တန္းေျဖဆိုထားေသာ ေက်ာင္းသား/သူမ်ား ၊ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဆယ္တန္း မၿပီးေျမာက္ေသးသူမ်ား ၊ ကြန္ပ်ဴတာ နည္းပညာမ်ားကုိ စိတ္ဝင္စားသူမ်ား အတြက္ အဆိုပါ ပညာေရး ေဆြးေႏြးပြဲကို ျပဳလုပ္ျခင္းျဖစ္ၿပီး ကြန္ပ်ဴတာ နည္းပညာဆုိင္ရာ စာအုပ္မ်ား ေရးသားေနသည့္ ဦးေဇာ္လင္း YIC ( YOUTH INTERNATIONAL COLLEGE ) က ေဟာေျပာေဆြးေႏြးမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေဟာေျပာပြဲအတြင္ လူဦးေရ(၄၀၀)၀န္းက်င္အတြက္ ေနရာစီစဥ္ထားရွိၿပီး တက္ေရာက္ ေလ့လာသူမ်ား အေနျဖင့္ ဖုန္း ၀၉ ၄၅၁၄၉၉၇၉၅၊ ၀၉ ၂၆၃၁၄၃၁၃၉ တုိ႔သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် HND Computing နှင့် Business Management Course များအတွက် ပညာရေးဆွေးနွေးပွဲကို ၂၀၁၈ခုနှစ် ဧပြီလ (၆)ရက်နေ့ ညနေ (၃)နာရီမှ (၅)နာရီအထိ ပြုလုပ်မည်ဖြစ်သဖြင့် စိတ်ဝင်စားသူများ တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းဖြေဆိုထားသော ကျောင်းသား/သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ဆယ်တန်း မပြီးမြောက်သေးသူများ၊ ကွန်ပျူတာ နည်းပညာများကို စိတ်ဝင်စားသူများ အတွက် အဆိုပါ ပညာရေး ဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ပြီး ကွန်ပျူတာ နည်းပညာဆိုင်ရာ စာအုပ်များ ရေးသားနေသည့် ဦးဇော်လင်း YIC ( YOUTH INTERNATIONAL COLLEGE ) က ဟောပြောဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲအတွင် လူဦးရေ(၄၀၀)ဝန်းကျင်အတွက် နေရာစီစဉ်ထားရှိပြီး တက်ရောက် လေ့လာသူများ အနဖြေင့် ဖုန်း ဝ၉ ၄၅၁၄၉၉၇၉၅၊ ဝ၉ ၂၆၃၁၄၃၁၃၉ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~