မိုင်းရှင်းလင်းရေး လုပ်ငန်းများတွင် အစိုးရနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပံ့ပိုးဆောင်ရွက်ရန် EU တိုက်တွန်း

မိုင်းရှင်းလင်းရေး လုပ်ငန်းများတွင် အစိုးရနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပံ့ပိုးဆောင်ရွက်ရန် EU တိုက်တွန်း
ဧပွီ 6, 2018
By Tachileik News Agency

မိုင်းအန္တရာယ် အသိပညာပေးရေး တိုးမြှင့်ဆောင်ရွက်ရန် ပံ့ပိုးပေးထားသည့်အပြင် မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုလည်း ကူညီထောက်ပံ့ရန် အစီအစဉ်ရှိသည့် ဥရောပသမဂ္ဂက အစိုးရနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အနေဖြင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်း မရှင်းလင်းသော နယ်မြေများ၌ နေထိုင်နေကြရသည့် အရပ်သားများစွာ တို့အား ပိုမိုကာကွယ်စောင့်ရှောက် ပေးနိုင်ရန်အတွက် မြေမြှုပ်မိုင်းအသုံးပြုမှုကို အရေးယူ ဆောင်ရွက်မှုပြုပေးပါရန် ဥရောသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်များက မြန်မာအစိုးရအပေါ် အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းသတိပြုရေးနေ့ဖြစ်သည့် ဧပြီလ (၄)ရက်နေ့၌ တိုက်တွန်း လိုက်ခြင်းဖြစ်သည်။

မြေမြှုပ်မိုင်းနှင့် စစ်ပွဲလက်ကျန်ပေါက်ကွဲစေတတ်သည့် ပစ္စည်းများမှာ အရပ်သားများ၏လုံခြုံရေး၊ ကျန်းမာ ရေးနှင့် အသက်အိုးအိမ်များကို ပြင်းထန်သောအန္တရာယ်ဖြစ်စေနိုင်သည်သာမက မိုင်းဒဏ်ခံဒေသများရှိ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် သိသိသာသာ ဟန့်တားနှောင့်ယှက်ကာ ဆင်းရဲမှုအဆင့်မြင့်မားရခြင်း ၏ အကြောင်းရင်းခံတစ်ခုလည်းဖြစ်သည်ဟု အဆိုပါ တိုက်တွန်းချက်တွင် ထောက်ပြပြောဆိုထားသည်။

မြေမြုပ်မိုင်းများမှာ ပဋိပက္ခပြီးဆုံး၍ ကာလကြာမြင့်သွားသည့်တိုင်အောင် ဒေသခံပြည်သူလူထုအား ထိခိုက်စေပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်ကာ မိသားစုကိုရှာဖွေကျွေးမွေးနေရသည့် ကျေးလက် ဒေသများမှ တောင်သူများ၊ ပဋိပက္ခဖြစ်ပွားနေမှုမှ လွတ်မြောက်ရန် ထွက်ပြေးနေရသည့် အရပ်သားများနှင့် ကလေးသူငယ်များမှာ အဓိက ခံစားကြရသူများဖြစ်သည်ဟု ဖေါ်ပြထားသည်။
မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး ( ၉) ခုတွင် မြေမြှုပ်မိုင်းနှင့် စစ်ပွဲလက်ကျန်ပေါက်ကွဲစေတတ် သည့်ပစ္စည်းများ ကျန်ရှိနေသေးသည်ဟု ယူဆထားရပြီး ကချင်၊ ရှမ်းနှင့်ရခိုင်ပြည်နယ်များအတွင်း ပဋိ ပက္ခ ဒဏ်ခံဒေသများ၌ မြေမြှုပ်မိုင်းများကို ၂၀၁၇ ခုနှစ်၌ ထပ်မံသုံးစွဲခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်နေကြောင်း သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံအနေဖြင့် မြေမြှုပ်မိုင်းအသုံးပြုမှုတားမြစ်သည့် အော်တဝါကွန်ဗင်းရှင်း၌ ပါဝင်ရန်ကိုလည်း တိုက်တွန်းထားသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

မိုင်းအန္တရာယ် အသိပညာပေးရေး တိုးမြှင့်ဆောင်ရွက်ရန် ပံ့ပိုးပေးထားသည့်အပြင် မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုလည်း ကူညီထောက်ပံ့ရန် အစီအစဉ်ရှိသည့် ဥရောပသမဂ္ဂက အစိုးရနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အနဖြေင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံအတွင်း မြမြှေုပ်မိုင်း မရှင်းလင်းသော နယ်မြေများ၌ နေထိုင်နကြေရသည့် အရပ်သားများစွာ တို့အား ပိုမိုကာကွယ်စောင့်ရှောက် ပေးနိုင်ရန်အတွက် မြမြှေုပ်မိုင်းအသုံးပြုမှုကို အရေးယူ ဆောင်ရွက်မှုပြုပေးပါရန် ဥရောသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်များက မြန်မာအစိုးရအပေါ် အပြည်ပြည်ဆိုင်ရာ မြမြှေုပ်မိုင်းသတိပြုရေးနေ့ဖြစ်သည့် ဧပြီလ (၄)ရက်နေ့၌ တိုက်တွန်း လိုက်ခြင်းဖြစ်သည်။

မြမြှေုပ်မိုင်းနှင့် စစ်ပွဲလက်ကျန်ပေါက်ကွဲစေတတ်သည့် ပစ္စည်းများမှာ အရပ်သားများ၏လုံခြုံရေး၊ ကျန်းမာ ရေးနှင့် အသက်အိုးအိမ်များကို ပြင်းထန်သောအန္တရာယ်ဖြစ်စေနိုင်သည်သာမက မိုင်းဒဏ်ခံဒေသများရှိ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် သိသိသာသာ ဟန့်တားနှောင့်ယှက်ကာ ဆင်းရဲမှုအဆင့်မြင့်မားရခြင်း၏ အကြောင်းရင်းခံတစ်ခုလည်းဖြစ်သည်ဟု အဆိုပါ တိုက်တွန်းချက်တွင် ထောက်ပြပြောဆိုထားသည်။

မြမြေုပ်မိုင်းများမှာ ပဋိပက္ခပြီးဆုံး၍ ကာလကြာမြင့်သွားသည့်တိုင်အောင် ဒေသခံပြည်သူလူထုအား ထိခိုက်စပြေီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်ကာ မိသားစုကိုရှာဖွေကျွေးမွေးနေရသည့် ကျေးလက် ဒေသများမှ တောင်သူများ၊ ပဋိပက္ခဖြစ်ပွားနေမှုမှ လွတ်မြောက်ရန် ထွက်ပြေးနေရသည့် အရပ်သားများနှင့် ကလေးသူငယ်များမှာ အဓိက ခံစားကြရသူများဖြစ်သည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး ( ၉) ခုတွင် မြမြှေုပ်မိုင်းနှင့် စစ်ပွဲလက်ကျန်ပေါက်ကွဲစေတတ် သည့်ပစ္စည်းများ ကျန်ရှိနေသေးသည်ဟု ယူဆထားရပြီး ကချင်၊ ရှမ်းနှင့်ရခိုင်ပြည်နယ်များအတွင်း ပဋိ ပက္ခ ဒဏ်ခံဒေသများ၌ မြမြှေုပ်မိုင်းများကို ၂၀၁၇ ခုနှစ်၌ ထပ်မံသုံးစွဲခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်နေကြောင်း သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံအနဖြေင့် မြမြှေုပ်မိုင်းအသုံးပြုမှုတားမြစ်သည့် အော်တဝါကွန်ဗင်းရှင်း၌ ပါဝင်ရန်ကိုလည်း တိုက်တွန်းထားသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~