ခ်ာခ်င္ေဆာင္ၿမိဳ႕အသြား ျမန္မာလုပ္သားမ်ား တင္လာသည့္ ယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္မွ နစ္နာမႈအတြက္ ျမန္မာတာဝန္ရိွသူမ်ား ကူညီေပးေန

ခ်ာခ်င္ေဆာင္ၿမိဳ႕အသြား ျမန္မာလုပ္သားမ်ား တင္လာသည့္ ယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္မွ နစ္နာမႈအတြက္ ျမန္မာတာဝန္ရိွသူမ်ား ကူညီေပးေန
ဧပြီ 11, 2018
By Tachileik News Agency

ထိုင္းႏိုင္ငံ၊ ခ်ာခ်င္ေဆာင္ၿမိဳ႕အသြားတြင္ ေမာ္ေတာ္ယာဥ္တိမ္းေမွာက္မႈမွ ေသဆံုးျမန္မာေရႊ႕ေျပာင္း လုပ္သားမ်ားအား မိသားစု၏ ဆႏၵႏွင့္အညီ သၿဂိဳလ္ႏိုင္ေရး၊ ေဆးကုသမႈခံယူေနရသူမ်ား ကုသစရိတ္ႏွင့္ နစ္နာသူမ်ား ရထုိက္သည့္ အခြင့္အေရးမ်ား ရရိွေရး ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွ ျမန္မာအလုပ္သမား သံအရာရွိရုံး အပါအဝင္ ျမန္မာတာဝန္ရိွသူမ်ားက ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ၊ ခ်ာခ်င္ေဆာင္ၿမိဳ႕ ကြန္ပ်ဴတာစက္ရံုတြင္ အလုပ္လုပ္ကိုင္ရန္အတြက္ မဲေဆာက္ၿမိဳ႕မွ ခ်ာခ်င္ေဆာင္ၿမိဳ႕သို႔ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား အမ်ိဳးသမီး (၅၁) ဦးအား တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္သည္ ဧၿပီလ (၉)ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ည(၈)နာရီ (၅၀)မိနစ္တြင္ ထြက္ခြာသြားၿပီး ည (၁၀)နာရီ (၅၀)မိနစ္အခ်ိန္ခန္႕၌ မိုင္တိုင္အမွတ္ (၆၈) အနီးတြင္ တိမ္းေမွာက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေမာ္ေတာ္ယာဥ္ တိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသမီး (၆) ဦး ေသဆုံးခဲ့ၿပီး တာ့ခ္ၿမိဳ႕ရွိ ေဆးရုံတြင္ အတြင္းလူနာအျဖစ္(၁၂) ဦးႏွင့္ ဒဏ္ရာအနည္းငယ္ရသူ (၆)ဦးရိွခဲ့ေသာ္လည္း ဧၿပီလ (၁၀)ရက္ေန႔တြင္ အတြင္းလူနာမ်ားအနက္ (၂)ဦးမွာ သက္သာလာသျဖင့္ ေဆးရံုမွဆင္းႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္ တိမ္းေမွာက္မႈျဖစ္ပြားရာသို႔ ထိုင္းႏိုင္ငံ ဆိုင္ရာ ျမန္မာစစ္သံမွဴး၊ ျမဝတီခရိုင္ အုပ္ခ်ဳပ္ေရးမွဴး၊ ထိုင္းႏိုင္ငံ တာ့ခရိုင္မွ စစ္ဗ်ဴဟာမွဴး၊ တာ့ခရိုင္ အုပ္ခ်ဳပ္ေရးမွဴးနွင့္ တာဝန္ရွိသူမ်ား၊ အလုပ္သမားသံအရာရွိရုံးမွ အလုပ္သမားသံအရာရွိ ဦးေအာင္ခင္ျမင့္ႏွင့္ ဦးႏိုင္မင္းသူ၊ ျမန္မာ ျပည္ပ အလုပ္အကိုင္ ဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္မွ တြဲဘက္အေထြေထြ အတြင္းေရးမွဴး (၁) ႏွင့္ အဖြဲ႕ဝင္မ်ား၊ ျမန္မာ ေအဂ်င္စီ၊ ထိုင္းအလုပ္ရွင္တို႔က သြားေရာက္ၾကည့္ရႈၿပီး ျမန္မာလုပ္သားမ်ားအတြက္ လိုအပ္သည္မ်ား ကူညီေဆာင္ရြက္ေပးကာ တာ့ခ္ၿမိဳ႕ရွိ ေဆးရုံတြင္ ေဆးကုသမႈ ခံယူေနရသူမ်ားကိုလည္း ကူညီေပးေနေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ပဲခူးတိုင္းေဒသႀကီးအတြင္းမွ ျဖဴးၿမိဳ႕နယ္ ေညာင္ကားယားေက်းရြာမွ မေအးၿငိမ္းသူ၊ လက္ပတန္းၿမိဳ႕နယ္ ကုလားေခ်ာင္းေက်းရြာမွ မဇင္ဇင္ႏုိင္၊ ေညာင္ေလးပင္ၿမိဳ႕နယ္ ပုဇြန္ေျမာင္းေက်းရြာမွ မဇင္မိုးဦး၊ မေကြးတုိင္းေဒသႀကီးအတြင္း ေအာင္လံၿမိဳ႕နယ္ ေရႊပန္းေတာ့ေက်းရြာမွ မလွလွမိုး၊ နတ္ေမာက္ၿမိဳ႕နယ္ ရြာေတာ္ေက်းရြာမွ မဇာႏွင့္ မႏၱေလးတုိင္းေဒသႀကီး ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ကၽြန္းတံုးရြာမွ မဇာျခည္ခုိင္တို႔ ေသဆံုးသြားေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ
ဓါတ္ပံု - ျမန္မာအလုပ္သမားသံအရာရိွရံုး


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ၊ ချာချင်ဆောင်မြို့အသွားတွင် မော်တော်ယာဉ်တိမ်းမှောက်မှုမှ သေဆုံးမြန်မာရွှေ့ပြောင်း လုပ်သားများအား မိသားစု၏ ဆန္ဒနှင့်အညီ သဂြိုလ်နိုင်ရေး၊ ဆေးကုသမှုခံယူနေရသူများ ကုသစရိတ်နှင့် နစ်နာသူများ ရထိုက်သည့် အခွင့်အရေးများ ရရှိရေး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မြန်မာအလုပ်သမား သံအရာရှိရုံး အပါအဝင် မြန်မာတာဝန်ရှိသူများက ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ချာချင်ဆောင်မြို့ ကွန်ပျူတာစက်ရုံတွင် အလုပ်လုပ်ကိုင်ရန်အတွက် မဲဆောက်မြို့မှ ချာချင်ဆောင်မြို့သို့ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး (၅၁) ဦးအား တင်ဆောင်လာသည့် မော်တော်ယာဉ်သည် ဧပြီလ (၉)ရက်နေ့ ဒေသစံတော်ချိန် ည(၈)နာရီ (၅၀)မိနစ်တွင် ထွက်ခွာသွားပြီး ည (၁၀)နာရီ (၅၀)မိနစ်အချိန်ခန့်၌ မိုင်တိုင်အမှတ် (၆၈) အနီးတွင် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် အမျိုးသမီး (၆) ဦး သေဆုံးခဲ့ပြီး တာ့ခ်မြို့ရှိ ဆေးရုံတွင် အတွင်းလူနာအဖြစ်(၁၂) ဦးနှင့် ဒဏ်ရာအနည်းငယ်ရသူ (၆)ဦးရှိခဲ့သော်လည်း ဧပြီလ (၁၀)ရက်နေ့တွင် အတွင်းလူနာများအနက် (၂)ဦးမှာ သက်သာလာသဖြင့် ဆေးရုံမှဆင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားရာသို့ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာစစ်သံမှူး၊ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး၊ ထိုင်းနိုင်ငံ တာ့ခရိုင်မှ စစ်ဗျူဟာမှူး၊ တာ့ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ အလုပ်သမားသံအရာရှိရုံးမှ အလုပ်သမားသံအရာရှိ ဦးအောင်ခင်မြင့်နှင့် ဦးနိုင်မင်းသူ၊ မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တွဲဘက်အထွေထွေ အတွင်းရေးမှူး (၁) နှင့် အဖွဲ့ဝင်များ၊ မြန်မာ အေဂျင်စီ၊ ထိုင်းအလုပ်ရှင်တို့က သွားရောက်ကြည့်ရှုပြီး မြန်မာလုပ်သားများအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကာ တာ့ခ်မြို့ရှိ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသူများကိုလည်း ကူညီပေးနေကြောင်း သိရသည်။

မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဖြူးမြို့နယ် ညောင်ကားယားကျေးရွာမှ မအေးငြိမ်းသူ၊ လက်ပတန်းမြို့နယ် ကုလားချောင်းကျေးရွာမှ မဇင်ဇင်နိုင်၊ ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာမှ မဇင်မိုးဦး၊ မကွေးတိုင်းဒေသကြီးအတွင်း အောင်လံမြို့နယ် ရွှေပန်းတော့ကျေးရွာမှ မလှလှမိုး၊ နတ်မောက်မြို့နယ် ရွာတော်ကျေးရွာမှ မဇာနှင့် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကျွန်းတုံးရွာမှ မဇာခြည်ခိုင်တို့ သေဆုံးသွားကြောင်း သိရသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - မြန်မာအလုပ်သမားသံအရာရှိရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~