နိုင်ငံတော်သမ္မတက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အား ပြည်နယ်နှင့် တိုင်းများတွင်ပါ တိုးချဲ့လုပ်ဆောင်ရန် လမ်းညွှန်

နိုင်ငံတော်သမ္မတက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အား ပြည်နယ်နှင့် တိုင်းများတွင်ပါ တိုးချဲ့လုပ်ဆောင်ရန် လမ်းညွှန်
ဧပွီ 11, 2018
By Tachileik News Agency
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် အဖွဲ့ဝင်များအား ဧပြီလ (၁၁)ရက်နေ့တွင် တွေ့ဆုံပြီး ကော်မရှင်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုးချဲ့ဖွဲ့စည်းလုပ်ဆောင်ရန် ညွှန်ကြားလိုက်ကြောင်း သိရသည်။

ကော်မရှင်အနေဖြင့် လုပ်ငန်းတာဝန်များကို မျက်နှာကြီးငယ်မလိုက်၊ ဆူးကြုံနိမ့်မြင့်မရွေး ပြတ်ပြတ် သားသား ဆောင်ရွက်သွားရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကော်မရှင်အဖွဲ့ခွဲများထားရှိခြင်း သို့မဟုတ် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဖွဲ့စည်းခြင်း သို့မဟုတ် တာဝန်ခံ ပုဂ္ဂိုလ် သတ်မှတ်ထားရှိခြင်းတို့ဖြင့် တိုးချဲ့ဖွဲ့စည်း လုပ်ဆောင်ရန် လမ်းညွှန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ နံနက် (၁၀)နာရီ၌ ကော်မရှင်အဖွဲ့အား တွေ့ဆုံပြီး သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးအဖြစ် တည်ဆောက်ရာတွင် အဂတိတရားကင်းရှင်းမှုသည် မရှိမဖြစ်လိုအပ်ပြီး အဂတိတရားကင်းရှင်းမှုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု၊ နိုင်ငံတော်၏ဂုဏ်သိက္ခာနှင့်လည်း ဆက်စပ်လျက်ရှိရာ ကော်မရှင် အနေဖြင့် လုပ်ငန်းတာဝန်များကို တိတိကျကျမှန်မှန်ကန်ကန်ဖြင့် ပိုမိုလုပ်ဆောင်ခြင်းဖြင့် ပြည်သူများ၏အကျိုးစီးပွားကို တိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကော်မရှင် အနေဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လုပ်ပိုင်ခွင့် အာဏာအရှိန်အဝါရှိသူများ၏ ဝင်ရောက်စွက်ဖက်မှုများ၊ စွပ်စွဲခံရသူဘက်မှ အကာအကွယ်ပေးမှုများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြရန်ကိုလည်း သမ္မတက ညွှန်ကြားလိုက်ကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အတူ အတွင်းရေးမှူး ဦးစန်းဝင်း၊ အဖွဲ့ဝင် များဖြစ်ကြသည့် ဦးစိုးတင့်၊ ဦးအောင်လွင်၊ ဦးဟန်ညွန့်၊ ဦးအောင်သန်းမြင့်၊ ဦးခင်မောင်မြင့်၊ ဦးမျိုးမြင့်၊ ဒေါ်အေးအေးမူ၊ ဦးဇော်ဝင်းနှင့် ဒေါ်လဲ့လဲ့သွင်တို့လည်း တက်ရောက်ကြကြောင်း သိရသည်။


သတင်း - အင်မိုင်ခ


~~~~~~~~⊰❂ unicode ~~~~~~~~
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် အဖွဲ့ဝင်များအား ဧပြီလ (၁၁)ရက်နေ့တွင် တွေ့ဆုံပြီး ကော်မရှင်အနဖြေင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုးချဲ့ဖွဲ့စည်းလုပ်ဆောင်ရန် ညွှန်ကြားလိုက်ကြောင်း သိရသည်။

ကော်မရှင်အနဖြေင့် လုပ်ငန်းတာဝန်များကို မျက်နှာကြီးငယ်မလိုက်၊ ဆူးကြုံနိမ့်မြင့်မရွေး ပြတ်ပြတ် သားသား ဆောင်ရွက်သွားရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကော်မရှင်အဖွဲ့ခွဲများထားရှိခြင်း သို့မဟုတ် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဖွဲ့စည်းခြင်း သို့မဟုတ် တာဝန်ခံ ပုဂ္ဂိုလ် သတ်မှတ်ထားရှိခြင်းတို့ဖြင့် တိုးချဲ့ဖွဲ့စည်း လုပ်ဆောင်ရန် လမ်းညွှန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတက နပြေည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ နံနက် (၁၀)နာရီ၌ ကော်မရှင်အဖွဲ့အား တွေ့ဆုံပြီး သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးအဖြစ် တည်ဆောက်ရာတွင် အဂတိတရားကင်းရှင်းမှုသည် မရှိမဖြစ်လိုအပ်ပြီး အဂတိတရားကင်းရှင်းမှုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု၊ နို်င်ငံတော်၏ဂုဏ်သိက္ခါနှင့်လည်း ဆက်စပ်လျက်ရှိရာ ကော်မရှင် အနဖြေင့် လုပ်ငန်းတာဝန်များကို တိတိကျကျမှန်မှန်ကန်ကန်ဖြင့် ပိုမိုလုပ်ဆောင်ခြင်းဖြင့် ပြည်သူများ၏အကျိုးစီးပွားကို တိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကော်မရှင် အနဖြေင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လုပ်ပိုင်ခွင့် အာဏာအရှိန်အဝါရှိသူများ၏ ဝင်ရောက်စွက်ဖက်မှုများ၊ စွပ်စွဲခံရသူဘက်မှ အကာအကွယ်ပေးမှုများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြရန်ကိုလည်း သမ္မတက ညွှန်ကြားလိုက်ကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နို်င်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အတူ အတွင်းရေးမှူး ဦးစန်းဝင်း၊ အဖွဲ့ဝင် များဖြစ်ကြသည့် ဦးစိုးတင့်၊ ဦးအောင်လွင်၊ ဦးဟန်ညွန့်၊ ဦးအောင်သန်းမြင့်၊ ဦးခင်မောင်မြင့်၊ ဦးမျိုးမြင့်၊ ဒေါ်အေးအေးမူ၊ ဦးဇော်ဝင်းနှင့် ဒေါ်လဲ့လဲ့သွင်တို့လည်း တက်ရောက်ကြကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်အနားယူသွားရာ လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတနေရာအတွက် ၂၀၁၈ ခုနှစ် မတ်လ (၂၈)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ လက်ရှိသမ္မတ ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~