တာချီလိတ်ရှိ ဇွဲသာယာဆိပ်ကမ်းမှ စားသောက်ဆိုင်များ သင်္ကြန်ကာလအပြီး ဧပြီလ(၁၇)ရက်နေ့အထိသာ ရောင်းချမည်

တာချီလိတ်ရှိ ဇွဲသာယာဆိပ်ကမ်းမှ စားသောက်ဆိုင်များ သင်္ကြန်ကာလအပြီး ဧပြီလ(၁၇)ရက်နေ့အထိသာ ရောင်းချမည်
ဧပွီ 6, 2018
By Tachileik News Agency



ဓါတ်ပုံ - KHW





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင်း ဇွဲသာယာဆိပ်ကမ်းတွင် သင်္ကြန်ကာလအတွင်း ဈေးရောင်းချနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံထားသည့် ဈေးသည်များက သင်္ကြန်ကာလ ပြီးဆုံးသည့် ဧပြီလ(၁၇)ရက်နေ့ အထိသာ ရောင်းချသွားမည်ဖြစ်ပြီး သတ်မှတ်ရက်လွန်ပါက ဈေးဆိုင်ခန်းများ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် သင်္ကြန်ကာလအတွင်း အပန်းဖြေ ရေကစားရန် အအတွက် ဇွဲသာယာဆိပ်ကမ်းတွင် သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့အထိ ဈေးသည်များက ဖွင့်လှစ်ထားမည်ဖြစ်ပြီး ညပိုင်းပိတ်ချိန်အား ည(၆)နာရီအထိ သတ်မှတ်ထားရှိကြောင်း သိရသည်။

ဖော်ပြပါ ပုံများသည့် ၂၀၁၈ခုနှစ် ဧပြီလ(၆)ရက်နေ့ နေ့လည်ပိုင်းအချိန် ဇွဲသာယာဆိပ်ကမ်း မြင်ကွင်းများဖြစ်ပါသည်။

ဓာတ်ပုံ - KHW

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~