တာခ်ီလိတ္သႀကၤန္အား မ႑ပ္(၁၀)ခုေက်ာ္ ႏွင့္ သႀကၤန္ယိမ္း (၁၉)ဖြဲ႔ျဖင့္ က်င္းပမည္

တာခ်ီလိတ္သႀကၤန္အား မ႑ပ္(၁၀)ခုေက်ာ္ ႏွင့္ သႀကၤန္ယိမ္း (၁၉)ဖြဲ႔ျဖင့္ က်င္းပမည္
ဧပြီ 10, 2018
By Tachileik News Agency

တာခ်ီလိတ္တြင္ ၂၀၁၈ခုႏွစ္ သႀကၤန္ပြဲအား ဗဟိုသႀကၤန္မ႑ပ္အပါအ၀င္ သႀကၤန္မ႑ပ္(၁၀)ခုေက်ာ္ ႏွင့္ သႀကၤန္ယိမ္း(၁၉)ဖြဲ႔တို႔ျဖင့္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

"သႀကၤန္ယိမ္းအက အဖြဲ႔က (၁၉)ဖြဲ႔ အတည္ျပဳၿပီးပါၿပီ။ ပထမေန႔မွာ (၆)ဖြဲ႔ၿပိဳင္မယ္၊ ဒုတိယေန႔မွာ (၇)ဖြဲ႔ၿပိဳင္မယ္၊ တတိယေန႔မွာ(၆)ဖြဲ႔ၿပိဳင္မွာပါ"ဟု သႀကၤန္ယိမ္းအကအဖြဲ႔မ်ား နည္းျပ ကိုမင္းမင္းထြန္းက ေျပာသည္။

သႀကၤန္ယိမ္းအက(၁၉)ဖြဲ႔ထဲမွ ပထမ၊ ဒုတိယ၊ တတိယ ဆုမ်ားအျဖစ္ ေရြးခ်ယ္သြားမည့္အျပင္ ယခင္ႏွစ္ နည္းတူ သႀကၤန္မယ္တစ္ဦးကိုလည္း ေရြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သႀကၤန္မ႑ပ္မ်ားအေနျဖင့္ ဗဟိုသႀကၤန္မ႑ပ္အား တာခ်ီလိတ္ၿမိဳ႕လယ္ရွိ ရွမ္းရိုးမကြင္းတြင္ ျပဳလုပ္ထားရွိၿပီး က်န္မ႑ပ္မ်ားမွာ သတ္မွတ္ေနရာမ်ားအလိုက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီး ေဘးတစ္ေလွ်ာက္တြင္ တည္ရွိမည္ျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - Ye Htoo ၊ Phyo Wai



~~~~~~~~⊰❂ unicode ~~~~~~~~


တာချီလိတ်တွင် ၂၀၁၈ခုနှစ် သင်္ကြန်ပွဲအား ဗဟိုသင်္ကြန်မဏ္ဍပ်အပါအဝင် သင်္ကြန်မဏ္ဍပ်(၁၀)ခုကျော် နှင့် သင်္ကြန်ယိမ်း(၁၉)ဖွဲ့တို့ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"သင်္ကြန်ယိမ်းအက အဖွဲ့က (၁၉)ဖွဲ့ အတည်ပြုပြီးပါပြီ။ ပထမနေ့မှာ (၆)ဖွဲ့ပြိုင်မယ်၊ ဒုတိယနေ့မှာ (၇)ဖွဲ့ပြိုင်မယ်၊ တတိယနေ့မှာ(၆)ဖွဲ့ပြိုင်မှာပါ"ဟု သင်္ကြန်ယိမ်းအကအဖွဲ့များ နည်းပြ ကိုမင်းမင်းထွန်းက ပြောသည်။

သင်္ကြန်ယိမ်းအက(၁၉)ဖွဲ့ထဲမှ ပထမ၊ ဒုတိယ၊ တတိယ ဆုများအဖြစ် ရွေးချယ်သွားမည့်အပြင် ယခင်နှစ် နည်းတူ သင်္ကြန်မယ်တစ်ဦးကိုလည်း ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်မဏ္ဍပ်များအနဖြေင့် ဗဟိုသင်္ကြန်မဏ္ဍပ်အား တာချီလိတ်မြို့လယ်ရှိ ရှမ်းရိုးမကွင်းတွင် ပြုလုပ်ထားရှိပြီး ကျန်မဏ္ဍပ်များမှာ သတ်မှတ်နေရာများအလိုက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး ဘေးတစ်လျှောက်တွင် တည်ရှိမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - Ye Htoo၊ Phyo Wai

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~