တာခ်ီလိတ္ႏွင့္ မယ္ဆုိင္အၾကား ခြင့္ျပဳခ်က္မရိွဘဲ သြယ္တန္းသည့္ အင္တာနက္ဆက္သြယ္ေရး Fiber ဆက္ေၾကာင္းႏွင့္ Wifi ထုတ္လႊင့္ေရာင္းခ်မႈမ်ား စိစစ္သြားမည္

တာခ်ီလိတ္ႏွင့္ မယ္ဆုိင္အၾကား ခြင့္ျပဳခ်က္မရိွဘဲ သြယ္တန္းသည့္ အင္တာနက္ဆက္သြယ္ေရး Fiber ဆက္ေၾကာင္းႏွင့္ Wifi ထုတ္လႊင့္ေရာင္းခ်မႈမ်ား စိစစ္သြားမည္
ဧပြီ 11, 2018
By Tachileik News Agency

ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံနယ္စပ္ တာခ်ီလိတ္ၿမဳိ႕ႏွင့္ မယ္ဆုိင္ၿမဳိ႕အၾကား ခြင့္ျပဳခ်က္ မရိွဘဲ အင္တာနက္ ဆက္သြယ္ေရးဖိုင္ဘာ ဆက္ေၾကာင္းမ်ား သြယ္တန္းမႈ အေျခအေနႏွင့္ ခြင့္ျပဳထားျခင္း မရိွသည့္ ဝိုင္ဖိုင္ ထုတ္လႊင့္ေရာင္းခ်မႈ အေျခအေနမ်ားကို ထုိင္းႏုိင္ငံဘက္က စိစစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

နယ္စပ္ၿမိဳ႕ျဖစ္တဲ့ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးတံတားေအာက္တြင္ အင္တာနက္ ဖိုင္ဘာႀကိဳးမ်ား သြယ္တန္းထားရာ တရားဝင္သြယ္တန္းမႈမ်ားအျပင္ တရားမဝင္ သြယ္တန္း ထားမႈမ်ားပါ ပါဝင္ေနသျဖင့္ ႏွစ္ႏုိင္ငံတာဝန္ရိွသူမ်ား ဧၿပီလ (၁၁)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕၌ ေတြ႔ဆံု ေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“တံတားေအာက္ကေန ဖိုင္ဘာႀကိဳးေတြ ရႈပ္ပြၿပီး ဖရိုဖရဲေတြျဖစ္ေနေတာ့ ဟိုဘက္က ဘယ္ကုမၸဏီေတြက လုပ္ေနတာလဲဆိုတာကို ေသခ်ာေမးျမန္းၿပီး စိစစ္တဲ့ သေဘာပါ။ ဥပေဒအရ ႏုိင္ငံျဖတ္ေက်ာ္လုပ္ခြင့္ရိွတာ ကုမၸဏီက ေလးခုပဲ ရိွတယ္။ အမ္ပီတီ၊ ေအာ္ရီဒူး၊ တယ္လီေနာနဲ႕ မုိင္တဲလ္။ အဲဒါက အင္တာေနရွင္နယ္ ဂိတ္ေဝးရထားတာ။ အဲဒီေအာက္ထဲမွာ မဆုိင္ဘဲ သူ႔နည္းသူ႔ဟန္နဲ႔ လုပ္ေနတာေတြလည္း ပါေနတယ္။ ခြင့္ျပဳခ်က္ရထားတာေရာ မရိွတာေတြေရာ ေရာေနတယ္။ ဒါေၾကာင့္ စိစစ္တဲ့သေဘာပါ။ သူတုိ႔ ဘက္မွာလည္း ဒီဘက္က ကုမၸဏီေလးခုနဲ႔ ခ်ိတ္ဆက္ထားတဲ့ ကုမၸဏီေတြလည္း ရိွပါတယ္။ တရားမဝင္ သြယ္တန္း ထားတာေတြရိွေနရင္ ဒါေတြက လံုၿခံဳေရးအရ စိုးရိမ္စရာေတြပါ။ ဝိုင္ဖုိင္ေတြကို သူတို႔ ႏုိင္ငံဘက္ကေန ဒီဘက္ကို ေရာင္းခြင့္မရိွပါဘူးလို႔ ဆိုပါတယ္”ဟု တာခ်ီလိတ္ခရို္င္ စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယင္းကဲ့သို႔ ႏွစ္ႏုိင္ငံၾကား ဆက္သြယ္ေရးဖိုင္ဘာဆက္ေၾကာင္းမ်ား တရားမဝင္သြယ္တန္းမႈမ်ား စိစစ္ေရးႏွင့္ ပတ္သက္၍ ျမန္မာႏွင့္ ထုိင္း ႏွစ္ႏုိင္ငံတာဝန္ရိွသူမ်ားက ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလမွ စတင္ ေဆြးေႏြးေနျခင္းျဖစ္ၿပီး ယခု ဧၿပီလေတြ႔ဆံုမႈသည္ စတုတၳအႀကိမ္ေျမာက္ျဖစ္ေၾကာင္း သိရသည္။

 ျမန္မာႏုိင္ငံတြင္ အမ္ပီတီ၊ တယ္လီေနာ၊ ေအာ္ရီဒူးႏွင့္ မုိင္တဲလ္ဆက္သြယ္ေရးကုမၸဏီမ်ားက ထုိင္းနိုင္ငံမွ ဆက္သြယ္ေရး ကုမၸဏီမ်ားႏွင့္ တရားဝင္ ခ်ိတ္ဆက္ေဆာင္ရြက္ထားသည္မွ လြဲ၍ က်န္ဆက္သြယ္ေရး လုပ္ငန္းမ်ားမွာ သြယ္တန္းခြင့္မရိွေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္




~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနှစ်နိုင်ငံနယ်စပ် တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့အကြား ခွင့်ပြုချက် မရှိဘဲ အင်တာနက် ဆက်သွယ်ရေးဖိုင်ဘာ ဆက်ကြောင်းများ သွယ်တန်းမှု အခြေအနေနှင့် ခွင့်ပြုထားခြင်း မရှိသည့် ဝိုင်ဖိုင် ထုတ်လွှင့်ရောင်းချမှု အခြေအနေများကို ထိုင်းနိုင်ငံဘက်က စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်တဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ နှစ်နိုင်ငံချစ်ကြည်ရေးတံတားအောက်တွင် အင်တာနက် ဖိုင်ဘာကြိုးများ သွယ်တန်းထားရာ တရားဝင်သွယ်တန်းမှုများအပြင် တရားမဝင် သွယ်တန်း ထားမှုများပါ ပါဝင်နေသဖြင့် နှစ်နိုင်ငံတာဝန်ရှိသူများ ဧပြီလ (၁၁)ရက်နေ့က တာချီလိတ်မြို့၌ တွေ့ဆုံ ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

“တံတားအောက်ကနေ ဖိုင်ဘာကြိုးတွေ ရှုပ်ပွပြီး ဖရိုဖရဲတွဖြေစ်နေတော့ ဟိုဘက်က ဘယ်ကုမ္ပဏီတွေက လုပ်နေတာလဲဆိုတာကို သေချာမေးမြန်းပြီး စိစစ်တဲ့ သဘောပါ။ ဥပဒေအရ နိုင်ငံဖြတ်ကျော်လုပ်ခွင့်ရှိတာ ကုမ္ပဏီက လေးခုပဲ ရှိတယ်။ အမ်ပီတီ၊ အော်ရီဒူး၊ တယ်လီနောနဲ့ မိုင်တဲလ်။ အဲဒါက အင်တာနေရှင်နယ် ဂိတ်ဝေးရထားတာ။ အဲဒီအောက်ထဲမှာ မဆိုင်ဘဲ သူ့နည်းသူ့ဟန်နဲ့ လုပ်နေတာတွေလည်း ပါနေတယ်။ ခွင့်ပြုချက်ရထားတာရော မရှိတာတွေရော ရောနေတယ်။ ဒါကြောင့် စိစစ်တဲ့သဘောပါ။ သူတို့ ဘက်မှာလည်း ဒီဘက်က ကုမ္ပဏီလေးခုနဲ့ ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်။ တရားမဝင် သွယ်တန်း ထားတာတွေရှိနေရင် ဒါတွေက လုံခြုံရေးအရ စိုးရိမ်စရာတွေပါ။ ဝိုင်ဖိုင်တွေကို သူတို့ နိုင်ငံဘက်ကနေ ဒီဘက်ကို ရောင်းခွင့်မရှိပါဘူးလို့ ဆိုပါတယ်”ဟု တာချီလိတ်ခရို်င် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းကဲ့သို့ နှစ်နိုင်ငံကြား ဆက်သွယ်ရေးဖိုင်ဘာဆက်ကြောင်းများ တရားမဝင်သွယ်တန်းမှုများ စိစစ်ရေးနှင့် ပတ်သက်၍ မြန်မာနှင့် ထိုင်း နှစ်နိုင်ငံတာဝန်ရှိသူများက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှ စတင် ဆွေးနွေးနခြေင်းဖြစ်ပြီး ယခု ဧပြီလတွေ့ဆုံမှုသည် စတုတ္ထအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

 မြန်မာနိုင်ငံတွင် အမ်ပီတီ၊ တယ်လီနော၊ အော်ရီဒူးနှင့် မိုင်တဲလ်ဆက်သွယ်ရေးကုမ္ပဏီများက ထိုင်းနိုင်ငံမှ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် တရားဝင် ချိတ်ဆက်ဆောင်ရွက်ထားသည်မှ လွဲ၍ ကျန်ဆက်သွယ်ရေး လုပ်ငန်းများမှာ သွယ်တန်းခွင့်မရှိကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~