တာချီလိတ်မြို့ တာလော့ဈေးအနီးတွင် လိုင်စင်ရှိ ဆိုင်ကယ်တစ်စီး ခိုးယူခံရ

တာချီလိတ်မြို့ တာလော့ဈေးအနီးတွင် လိုင်စင်ရှိ ဆိုင်ကယ်တစ်စီး ခိုးယူခံရ
ဧပွီ 11, 2018
By Tachileik News Agency







~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ တာလော့ရပ်ကွက်၊ တာလော့ဈေးအနောက်ဘက် ဦးအောင်ဇေယျာလမ်းကြားတွင် ရပ်တန့်ထားသည့် 2014 ခုနှစ်ထုတ် Honda Wave 125CC အနက်ရောင် ခိုးယူခံရသည့်အတွက် ဆိုင်ကယ်အား လာရောက်ရောင်းချသည်ဖြစ်စေ၊ လမ်းတွင် တွေ့ရှိရသည်ဖြစ်စေ ဆက်သွယ်အသိပေးနိုင်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီလ(၆)ရက်နေ့ ည(၁၂)နာရီဝန်းကျင်အချိန်က တာလော့ဈေးအနောက် ဦးအောင်ဇေယျလမ်းရှိ ခေါက်ဆွဲဆိုင်အနီးတွင် ဇက်သော့ခတ်၍ ခေတ္တရပ်တန့်ထားရာမှ ပျောက်ဆုံး သွားခြင်းဖြစ်ကြောင်း သိရသည်။

"ဆိုင်ကယ်ပျောက်တာနဲ့ ပတ်သက်ပြီး ရဲစခန်းကိုတော့ အသိပေးတိုင်ကြားထားတာတွေ မလုပ်ထားသေးဘူး။ ဆိုင်ကယ်ကို တွေ့ရင် ဖုန်း 09426090199 ကို ဆက်ပေးဖို့ အကူအညီ တောင်းချင်ပါတယ်"ဟု ကိုတင်အောင်လင်းက ပြောသည်။

ပျောက်ဆုံးနေသည့် ဆိုင်ကယ်မှာ ဒေါ်ဘူးယုအမည်ဖြင့် ယာဉ်လိုင်စင် နံပါတ် ၄၀ယ/၆၀၄၂၈ ရရှိထားပြီး စက်အမှတ် JA211e-0222784 ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~