မြန်မာနိုင်ငံသားများအတွက် အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့်ဗီဇာကြေးနှင့် ပြည်ဝင်ခွင့်ဗီဇာသက်တမ်း ပြင်ဆင်သတ်မှတ်

မြန်မာနိုင်ငံသားများအတွက် အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့်ဗီဇာကြေးနှင့် ပြည်ဝင်ခွင့်ဗီဇာသက်တမ်း ပြင်ဆင်သတ်မှတ်
ဧပွီ 6, 2018
By Tachileik News Agency



အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့်ဗီဇာနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်း ပြန်လှန်သုံးသပ်မှုများ ပြုလုပ်ရာတွင် မြန်မာနိုင်ငံ၏ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရေးဌာနနှင့် အမေရိကန်ပြည်ထောင်စုမှ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရေးဌာနတို့ အကြား မတူညီမှုများကို တွေ့ရှိရသဖြင့်  အမေရိကန်ပြည်ထောင်စု အနေဖြင့် ပြည်ဝင်ခွင့်ဗီဇာကြေးနှင့် ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းကို မြန်မာနိုင်ငံက ကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်းများနှင့်တူညီအောင်ညှိရန် အမေရိကန် ပြည်ထောင်စု၏ဥပဒေအရ လိုအပ်သည့် အတွက်ကြောင့် ယင်းကဲ့သို့ ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~

အမေရိကန်ပြည်ထောင်စုသို့ မြန်မာနိုင်ငံသားများအတွက် အခြေမစိုက်ပြည်ဝင်ခွင့်ဗီဇာကြေးနှင့် ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းများကို ဧပြီလ (၉)ရက်နေ့မှစ၍ ပြောင်းလဲလိုက်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ကြေညာထားသည်။

ရန်ကုန်မြို့ အမေရိကန်သံရုံး၌ ပြည်ဝင်ခွင့်ဗီဇာ လာရောက်လျှောက်ထားသူတို့၏ သုံးပုံတစ်ပုံမှာ ခရီးသွား အလည်အပတ်ဗီဇာများ ဖြစ်ရာ ခရီးသွား အလည်အပတ် ဗီဇာကြေးကို ယခင် (၁၉၂) ဒေါ်လာမှ ဒေါ်လာ (၁၆၀) သို့ လျော့သွားမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့်ဗီဇာနှင့်ပတ်သက်၍ ကမာ္ဘတစ်ဝန်း ပြန်လှန်သုံးသပ်မှုများ ပြုလုပ်ရာတွင် မြန်မာနိုင်ငံ၏ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရေးဌာနနှင့် အမေရိကန်ပြည်ထောင်စုမှ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရေးဌာနတို့ အကြား မတူညီမှုများကို တွေ့ရှိရသဖြင့် အမေရိကန်ပြည်ထောင်စု အနဖြေင့် ပြည်ဝင်ခွင့်ဗီဇာကြေးနှင့် ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းကို မြန်မာနိုင်ငံက ကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်းများနှင့်တူညီအောင်ညှိရန် အမေရိကန် ပြည်ထောင်စု၏ဥပဒေအရ လိုအပ်သည့် အတွက်ကြောင့် ယင်းကဲ့သို့ ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ဝင်ခွင့်ဗီဇာကြေးနှင့် ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းတို့ကို အသေးစိတ်သိလိုပါက
https://mm.usembassy.gov/message-u-s-visa-applicants-fee-and-validity-change/
နှင့် https://www.facebook.com/usembassy.rangoon/ တို့တွင် လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~