မိုင္းဆတ္အက်ဥ္းေထာင္မွ အက်ဥ္းသား (၅၁)ဦး လြတ္ၿငိမ္းသက္သာတြင္ ပါဝင္

မိုင္းဆတ္အက်ဥ္းေထာင္မွ အက်ဥ္းသား (၅၁)ဦး လြတ္ၿငိမ္းသက္သာတြင္ ပါဝင္
ဧပြီ 18, 2018
By Tachileik News Agency

ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔တြင္ ႏုိင္ငံေတာ္သမၼတက လြတ္ၿငိမ္းသက္သာခြင့္ျပဳလုိက္သည့္ အက်ဥ္းသား ရွစ္ေထာင္ေက်ာ္တြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္အက်ဥ္းေထာင္မွ အက်ဥ္းသား (၅၁)ဦးပါဝင္ရာ မူးယစ္ေဆးဝါးအမႈျဖင့္ ျပစ္ဒဏ္က်သူ (၃၀)ဦးႏွင့္ တပ္မေတာ္အက္ျဖင့္ ျပစ္ဒဏ္က်သူ (၁၉)ဦး ပါဝင္ေၾကာင္း သိရသည္။

“မူးယစ္ေဆး၀ါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆး၀ါးမ်ားဆိုင္ရာဥပေဒပုဒ္မ၊ ၁၅ ျဖင့္(၈)ဦး၊ ၁၆(ဂ)ျဖင့္ (၁၁) ဦး၊ ၁၅/၁၆(ဂ)ျဖင့္ (၁၁)ဦး၊ တပ္မေတာ္အက္ဥပေဒျဖင့္(၁၉)ဦး၊ အသက္(၇၀)ႏွစ္ အထက္(၁)ဦး၊ အသက္(၈၀)ႏွစ္ အထက္(၁)ဦး စုစုေပါင္း(၅၁)ဦးလြတ္ေျမာက္ပါတယ္။ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ႏိုင္ငံျခားသား (၅၁)ဦးပါရင္ (၈၅၄၁)ဦး လြတ္ေျမာက္ပါတယ္၊ အခုလြတ္တဲ့သူေတြက ရာဇ၀တ္က်င့္ထုံး ဥပေဒပုဒ္မ ၄၀၁(၁)အရ စည္းကမ္းသတ္မွတ္ခ်က္ မထားဘဲ ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္ရရိွၾကတာပါ။ ခိုး ဆိုး လု ႏိႈက္ ျပစ္ဒဏ္သမားေတြကေတာ့မပါပါဘူး”ဟု မိုင္းဆတ္အက်ဥ္းေထာင္မွ ဦးစီးအရာရိွ ဦးေအာင္ဆန္းလင္းက ေျပာသည္။

မုိင္းဆတ္အက်ဥ္းေထာင္မွ လြတ္ေျမာက္သူမ်ားတြင္ အက်ဥ္းသား(၄၀)ဦး၊ အက်ဥ္းသူ(၁၁) ဦးပါဝင္ၿပီး ၎တို႔အား မိုင္းဆတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္၊ ခ႐ိုင္ရဲတပ္ဖဲြ႔မွဴး ဒုတိယ ရဲမွဴးႀကီး၀႑ေဇာ္ႏွင့္ ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး ရဲမွဴးေအာင္ႏိုင္ေရႊတို႔က အားေပးစကားေျပာၾကားၿပီး ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးက တစ္ဦးလွ်င္ ေငြက်ပ္ငါးေထာင္စီႏွင့္ ဦးစီးအရာရိွ ဦးေအာင္ဆန္းလင္းက တစ္ဦးလွ်င္ ေငြက်ပ္တစ္ေထာင္စီ ေထာက္ပံ့ေပးအပ္ခဲ့ကာ ေနရပ္ျပန္ႏိုင္ေရးစီစဥ္ေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - သန္းေဇာ္(မိုင္းဆတ္)



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတော်သမ္မတက လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည့် အကျဉ်းသား ရှစ်ထောင်ကျော်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်အကျဉ်းထောင်မှ အကျဉ်းသား (၅၁)ဦးပါဝင်ရာ မူးယစ်ဆေးဝါးအမှုဖြင့် ပြစ်ဒဏ်ကျသူ (၃၀)ဦးနှင့် တပ်မတော်အက်ဖြင့် ပြစ်ဒဏ်ကျသူ (၁၉)ဦးပါဝင်ကြောင်း သိရသည်။

“မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ၊ ၁၅ ဖြင့်(၈)ဦး၊ ၁၆(ဂ)ဖြင့် (၁၁) ဦး၊ ၁၅/၁၆(ဂ)ဖြင့် (၁၁)ဦး၊ တပ်မတော်အက်ဥပဒဖြေင့်(၁၉)ဦး၊ အသက်(၇၀)နှစ် အထက်(၁)ဦး၊ အသက်(၈၀)နှစ် အထက်(၁)ဦး စုစုပေါင်း(၅၁)ဦးလွတ်မြောက်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံခြားသား (၅၁)ဦးပါရင် (၈၅၄၁)ဦး လွတ်မြောက်ပါတယ်၊ အခုလွတ်တဲ့သူတွေက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁(၁)အရ စည်းကမ်းသတ်မှတ်ချက် မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ရရှိကြတာပါ။ ခိုး ဆိုး လု နှိုက် ပြစ်ဒဏ်သမားတွေကတော့မပါပါဘူး”ဟု မိုင်းဆတ်အကျဉ်းထောင်မှ ဦးစီးအရာရှိ ဦးအောင်ဆန်းလင်းက ပြောသည်။

မိုင်းဆတ်အကျဉ်းထောင်မှ လွတ်မြောက်သူများတွင် အကျဉ်းသား(၄၀)ဦး၊ အကျဉ်းသူ(၁၁) ဦးပါဝင်ပြီး၎င်းတို့အား မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးဝဏ္ဍဇော်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ရွှေတို့က အားပေးစကားပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူးက တစ်ဦးလျှင် ငွေကျပ်ငါးထောင်စီနှင့် ဦးစီးအရာရှိ ဦးအောင်ဆန်းလင်းက တစ်ဦးလျှင် ငွေကျပ်တစ်ထောင်စီ ထောက်ပံ့ပေးအပ်ခဲ့ကာ နေရပ်ပြန်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်(မိုင်းဆတ်) 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~