သင်္ကြန်ကာလအတွင်း မှုခင်းကျဆင်းရေးအတွက် တာချီလိတ်မြို့ရှိ ဆေးဆိုင်များတွင် တားမြစ်ဆေးများ ရောင်းချခြင်း ရှိမရှိ ရှောင်တခင် ၀င်စစ်
သင်္ကြန်ကာလအတွင်း မှုခင်းကျဆင်းရေးအတွက် တာချီလိတ်မြို့ရှိ ဆေးဆိုင်များတွင် တားမြစ်ဆေးများ ရောင်းချခြင်း ရှိမရှိ ရှောင်တခင် ၀င်စစ်
ဧပွီ 5, 2018
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် သင်္ကြန်ကာလအတွင်း မှုခင်းကျဆင်းရေး စီမံချက်အနေဖြင့် တာချီလိတ်မြို့ပေါ်ရှိ ဆေးဆိုင်များအား တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် သင်္ကြန်ကာလအတွင်း မှုခင်းကျဆင်းရေး စီမံချက်အနဖြေင့် တာချီလိတ်မြို့ပေါ်ရှိ ဆေးဆိုင်များအား တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။
"သင်္ကြန်ကာလ နီးတဲ့အတွက်ကြောင့် ဆေးဆိုင်တွေမှာ တားမြစ်ထားတဲ့ဆေးတွေ၊ ကာမအားတိုးဆေးတွေ၊ မူးေဝမိန်းမောစေတဲ့ ဆေးတွေ ရောင်းချထားခြင်း ရှိမရှိကို ရှောင်တခင် ဝင်ရောက်စစ်ဆေးတာပါ။ ဒီနေ့ ဆေးဆိုင်(၆)ဆိုင်ကို စစ်ပါတယ်၊ သင်္ကြန်ကာလနီးရင်လည်း ပူးပေါင်းအဖွဲ့နဲ့ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ဖို့ရှိပါတယ်"ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းဒုတိယခေါင်းဆောင် ရဲအုပ်ကိုကိုဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင် ဦးစီးသည့် နယ်ထိန်းဒုတိယခေါင်းဆောင် ရဲအုပ်ကိုကိုဦး နှင့် တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က ၂၀၁၈ခုနှစ် ဧပြီလ(၅)ရက်နေ့ ညနေပိုင်းက စစ်ဆေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့တို့မှ သင်္ကြန်ကာလအတွင်း မှုခင်းကျဆင်းရေးအတွက် သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များမှ အသိပညာပေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~