ျပည္ေထာင္စုလမ္းမႀကီး သီေပါႏွင့္ ကုန္းသာၾကားတြင္ ထိေတြ႕ပစ္ခတ္မႈျဖစ္ပြား၍ သံုးဦးထက္မနည္း ဒဏ္ရာရရိွ

ျပည္ေထာင္စုလမ္းမႀကီး သီေပါႏွင့္ ကုန္းသာၾကားတြင္ ထိေတြ႕ပစ္ခတ္မႈျဖစ္ပြား၍ သံုးဦးထက္မနည္း ဒဏ္ရာရရိွ
ဧပြီ 2, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီး သီေပါၿမိဳ႕ႏွင့္ ကုန္းသာေက်းရြာၾကားတြင္ ဧၿပီလ (၂) ရက္ေန႔ မြန္းလြဲပိုင္းက နယ္ေျမခံစစ္တပ္ႏွင့္ လက္နက္ကိုင္အဖြဲ႔တစ္ခု ထိေတြ႔မႈျဖစ္ပြားခဲ့ၿပီး ဒဏ္ရာရရွိသူ သံုးဦးထက္မနည္းရွိခဲ့ေၾကာင္း သီေပါၿမိဳ႕မရဲတပ္ဖြဲ႔ထံမွ ကနဦးအတည္ျပဳခ်က္အရ သိရသည္။

“ဒါက တပ္နဲ႔ပတ္သက္တဲ့အပိုင္းဆိုေတာ့ ကၽြန္ေတာ္တို႔က အေသးစိတ္ ေျပာျပလို႔ေတာ့မရဘူး။ ထိေတြ႔တာေတြ ျဖစ္တယ္။ ဒဏ္ရာရတဲ့သူ အနည္းဆံုး သံုးဦးေလာက္ရွိတယ္လို႔ သိရတယ္။ ျဖစ္တဲ့အခ်ိန္ အတိအက်ေတာ့ မေျပာျပတတ္ဘူး။ ကၽြန္ေတာ္္တို႔သတင္းရတာကေတာ့ ေန႔လယ္ (၁) နာရီ ခြဲဝန္းက်င္ေလာက္ရွိၿပီ” ဟု သီေပါ ၿမိဳ႕မရဲတပ္ဖြဲ႔မွ အမည္မေဖၚလိုသည့္ ရဲအရာရွိ တစ္ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ပစ္ခတ္မႈျဖစ္ပြားေနေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ၿပီး ျဖတ္သန္းသြားလာ ေနသည့္ ယာဥ္မ်ားလည္း ေခတၱရပ္တံ့ထားရေၾကာင္း သိရွိရသည္။

“သီေပါကေန လားရိႈးဘက္ကို သြားရင္ လမ္းရဲ့ညာဘက္အျခမ္းမွာျဖစ္တာ။ ကားေတြကေတာ့ ခဏေတာ့ရပ္ ထားလိုက္ၾကတယ္။ အခုေတာ့ပံုမွန္အတိုင္းသြားလာေနၾကပါၿပီ။ ျဖစ္တာက ကားလမ္းမေပၚမွာမဟုတ္ဘဲ လမ္းမရဲ့ေဘးက ေတာထဲမွာဆိုေတာ့ လမ္းနဲ႔ေတာ့ နည္းနည္းေဝးပါတယ္” ဟု သီေပါယာဥ္ထိန္းရဲတပ္ဖြဲ႔မွ ယာဥ္ထိန္းတပ္ၾကပ္ႀကီး တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အတည္မျပဳႏိုင္ေသးသည့္ သတင္းမ်ားအရ ထိေတြ႔မႈျဖစ္ပြားရာေနရာတြင္ မိုင္းေထာင္ရန္ႀကိဳးစားေနသည့္ လက္နက္ကိုင္တပ္ဖြဲ႔တစ္ခုႏွင့္ နယ္ေျမခံစစ္တပ္တို႔ ထိေတြ႔မႈျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အဆိုပါေနရာသို႔ျဖတ္သန္း ရမည့္ ႏွစ္ဖက္တြင္ ခရီးသြားယာဥ္မ်ားရပ္တံ့ထားရကာ လက္ရွိတြင္ ပံုမွန္အတိုင္းျဖတ္သန္းသြားလာေနၿပီ ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်ထောင်စုလမ်းမကြီး သီပေါနှင့် ကုန်းသာကြားတွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွား၍ သုံးဦးထက်မနည်း ဒဏ်ရာရရှိ
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီး သီပေါမြို့နှင့် ကုန်းသာကျေးရွာကြားတွင် ဧပြီလ (၂) ရက်နေ့ မွန်းလွဲပိုင်းက နယ်မြေခံစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့တစ်ခု ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ သုံးဦးထက်မနည်းရှိခဲ့ကြောင်း သီပေါမြို့မရဲတပ်ဖွဲ့ထံမှ ကနဦးအတည်ပြုချက်အရ သိရသည်။

“ဒါက တပ်နဲ့ပတ်သက်တဲ့အပိုင်းဆိုတော့ ကျွန်တော်တို့က အသေးစိတ် ပြောပြလို့တော့မရဘူး။ ထိတွေ့တာတွေ ဖြစ်တယ်။ ဒဏ်ရာရတဲ့သူ အနည်းဆုံး သုံးဦးလောက်ရှိတယ်လို့ သိရတယ်။ ဖြစ်တဲ့အချိန် အတိအကျတော့ မပြောပြတတ်ဘူး။ ကျွန်တော််တို့သတင်းရတာကတော့ နေ့လယ် (၁) နာရီ ခွဲဝန်းကျင်လောက်ရှိပြီ” ဟု သီပေါ မြို့မရဲတပ်ဖွဲ့မှ အမည်မဖေါ်လိုသည့် ရဲအရာရှိ တစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားနေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး ဖြတ်သန်းသွားလာ နေသည့် ယာဉ်များလည်း ခေတ္တရပ်တံ့ထားရကြောင်း သိရှိရသည်။

“သီပေါကနေ လားရှိုးဘက်ကို သွားရင် လမ်းရဲ့ညာဘက်အခြမ်းမှာဖြစ်တာ။ ကားတွေကတော့ ခဏတော့ရပ် ထားလိုက်ကြတယ်။ အခုတော့ပုံမှန်အတိုင်းသွားလာနေကြပါပြီ။ ဖြစ်တာက ကားလမ်းမပေါ်မှာမဟုတ်ဘဲ လမ်းမရဲ့ဘေးက တောထဲမှာဆိုတော့ လမ်းနဲ့တော့ နည်းနည်းဝေးပါတယ်” ဟု သီပေါယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်ထိန်းတပ်ကြပ်ကြီး တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ ထိတွေ့မှုဖြစ်ပွားရာနေရာတွင် မိုင်းထောင်ရန်ကြိုးစားနေသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုနှင့် နယ်မြေခံစစ်တပ်တို့ ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာသို့ဖြတ်သန်း ရမည့် နှစ်ဖက်တွင် ခရီးသွားယာဉ်များရပ်တံ့ထားရကာ လက်ရှိတွင် ပုံမှန်အတိုင်းဖြတ်သန်းသွားလာနေပြီ ဖြစ်ကြောင်း သိရှိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~