အဆိုတော် စိုင်းဆိုင်မောဝ်ရဲ့ ကျန်းမာရေးအတွက် ရှမ်းအဆိုတော်များ သီချင်းသီဆိုဖျော်ဖြေကာ ရန်ပုံငွေ ရှာဖွေ

အဆိုတော် စိုင်းဆိုင်မောဝ်ရဲ့ ကျန်းမာရေးအတွက် ရှမ်းအဆိုတော်များ သီချင်းသီဆိုဖျော်ဖြေကာ ရန်ပုံငွေ ရှာဖွေ
ဧပြီ 9, 2018
By Tachileik News Agency


ရှမ်းတိုင်းရင်းသားအဆိုတော်ကြီး စိုင်းဆိုင်မောဝ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်က ဆုခွန်ဝစ် ဆေးရုံမှာ ကျောက်ကပ်ကုသမှုခံယူချိန် အာရုံကြောထိခိုက်မှုမရှိနိုင်တဲ့အတွက် ဆေးကုသမှု ကုန်ကျစရိတ် ထိုင်းဘတ်ငွေ (၅)သိန်းကျော် ကုန်ကျမှာဖြစ်တဲ့အတွက် အဆိုပါ ကုန်ကျမှုကို မတတ်နိုင်တဲ့အတွက်ကြောင့် ဘန်ကောက်က  ဖရမ်းကောက် သို့ ပြောင်းရွှေ့ စမ်းသပ်ရာမှာ ကျောက်ကပ်ခွဲစိပ်မှု အောင်မြင်နိုင်သော်လည်း အာရုံကြောကို ထိခိုက်နိုင်မှာဖြစ်ကြောင်း နဲ့ ဆေးကုသစရိတ် ထိုင်းဘတ်ငွေ (၁)သိန်းခွဲကျော် ကုန်ကျမှာ ဖြစ်ကြောင်း သိရတဲ့အတွက် ခွဲစိပ်ရန် (၃)လစာ ဆေးစားပြီး မြန်မာပြန်မှာ ပြန်လည်၍ စောင့်ပြီးမှ သွားရောက် ခွဲစိပ်မယ်လို့ သိရပါတယ်။


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံမှာ ဆေးဝါးကုသမှုခံယူနေတဲ့ အသက်(၇၀)ဝန်းကျင်ရှိ ရှမ်းတိုင်းရင်းသားအဆိုတော်ကြီး စိုင်းဆိုင်မောဝ်ရဲ့ ကျန်းမာရေးဆေးဝါးကုသမှု စရိတ်များ ထောက်ပံ့နိုင်ရန် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(တာချီလိတ်) နဲ့ တာချီလိတ်ရှမ်းတိုင်းရင်းသားအဆိုတော်များ စုပေါင်းပြီး သီချင်းသီဆိုဖျော်ဖြေကာ ထောက်ပံ့ငွေကောက်ခံပေးမှုအဖြစ် တာချီလိတ်မြို့ ချစ်ကြည်ရေး အမှတ်(၁)တံတားထိပ် အဝိုင်းပတ်အနီးရှိ မြူးဇစ်တိုင်း ရှေ့မှာ ဧပြီလ(၈)ရက် နဲ့ (၉)ရက်နေ့တို့မှာ (၂)ရက်တိတိ ပြုလုပ်ခဲ့ပါတယ်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~