တာခ်ီလိတ္တြင္ ရွမ္းစာေပေဟာေျပာပြဲ ျပဳလုပ္ရန္အတြက္ အလွဴေငြေပးအပ္

တာခ်ီလိတ္တြင္ ရွမ္းစာေပေဟာေျပာပြဲ ျပဳလုပ္ရန္အတြက္ အလွဴေငြေပးအပ္
ဧပြီ 7, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းမွ ရွမ္းစာေပေဟာေျပာပြဲ က်င္းပႏုိင္ရန္ အတြက္ လုပ္ငန္းရွင္တစ္ဦးမွ ရန္ပံုေငြအျဖစ္ ဘတ္(၂)သိန္းတိတိ လွဴဒါန္းလိုက္ေၾကာင္း သိရသည္။

ရွမ္းစာေပေဟာေျပာပြဲ ျပဳလုပ္ရန္အတြက္ ၂၀၁၈ခုႏွစ္ ဧၿပီလ(၇)ရက္ေန႔ နံနက္ပိုင္းက ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္းမွ ဥကၠဌ ႏွင့္ အမႈေဆာင္အဖြဲ႔၀င္မ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားျဖင့္ ေတြ႔ဆံုေဆြးေႏြးမႈမ်ား ျပဳလုပ္စဥ္ နဂါးႏွစ္ေကာင္ကုမၸဏီမွ ဦးစိုင္းေအာင္ခင္ + ေဒၚနန္းစုလႈိင္မိသားစုက ထိုင္းဘတ္ေငြ(၂)သိန္း တိတိအား ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းသို႔ လွဴဒါန္းရာ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္း နာယက အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္က လက္ခံေပးခဲ့ၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ ေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း ႏွင့္ ယခုလို လွဴဒါန္းေပးလာမႈအတြက္ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္း ဥကၠဌ ေဒါက္တာဦးစိုင္းမုတ္က ေက်းဇူးတင္စကားေျပာၾကားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းမွ တာခ်ီလိတ္ခရိုင္အတြင္း ေႏြရာသီ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈ သင္တန္းမ်ားအျဖစ္ ေက်ာင္းသား/သူ စုစုေပါင္း(၁၀၀၀)ေက်ာ္အား ပို႔ခ် ေပး ေနလ်က္ရွိေၾကာင္းႏွင့္ ရွမ္းစာေပေဟာေျပာပြဲအား က်င္းပျပဳလုပ္ရန္ စီစဥ္ထားရွိေသာ္လည္း ေဟာေျပာမည့္ ရက္ႏွင့္ ေဟာေျပာမည့္ ရွမ္းစာဆိုေတာ္ပညာရွင္စာရင္းအား အတည္မျပဳရေသးေၾကာင္း သိရသည္။

"ရွမ္းစာေပေဟာေျပာပြဲ ျပဳလုပ္ဖို႔ရွိပါတယ္၊ ဘယ္ေန႔မွာ လုပ္မလဲ ဆိုတာနဲ႔ ဘယ္သူ႕ကို ေခၚမလဲ ဆိုတာေတာ့ အတည္မျပဳရေသးပါဘူး၊ ရွမ္းစာေပေဟာေျပာမွာက ေႏြရာသီ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈသင္တန္း ဆင္းပြဲမွာ တခါတည္းလုပ္မလား၊ သီးျခားလုပ္မလားဆိုတာေတာ့ အစည္းအေ၀း လုပ္ရဦးမွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းမွ စာရင္းစစ္ျဖစ္သူ ဦးစိုင္းႏြံတီြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ယခင္က ရွမ္းစာေပေဟာေျပာပြဲအား ေဆခမ္း(ေဟာင္လိတ္)ဘက္တြင္သာ ျပဳလုပ္ခဲ့ ဖူးေသာ္လည္း ယခုအႀကိမ္တြင္ တာခ်ီလိတ္ၿမိဳ႕ထဲရွိ ေအာင္ျမတ္ခန္းအတြင္း က်င္းပလိုသူမ်ားလည္း ရွိေနေၾကာင္း သိရွိရသည္။

ဓါတ္ပံု - SNT





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ရှမ်းစာပေဟောပြောပွဲ ကျင်းပနိုင်ရန် အတွက် လုပ်ငန်းရှင်တစ်ဦးမှ ရန်ပုံငွေအဖြစ် ဘတ်(၂)သိန်းတိတိ လှူဒါန်းလိုက်ကြောင်း သိရသည်။

ရှမ်းစာပေဟောပြောပွဲ ပြုလုပ်ရန်အတွက် ၂၀၁၈ခုနှစ် ဧပြီလ(၇)ရက်နေ့ နံနက်ပိုင်းက ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဥက္ကဌ နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်စဉ် နဂါးနှစ်ကောင်ကုမ္ပဏီမှ ဦးစိုင်းအောင်ခင် + ဒေါ်နန်းစုလှိုင်မိသားစုက ထိုင်းဘတ်ငွေ(၂)သိန်း တိတိအား ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းသို့ လှူဒါန်းရာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း နာယက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က လက်ခံပေးခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း နှင့် ယခုလို လှူဒါန်းပေးလာမှုအတွက် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဒေါက်တာဦးစိုင်းမုတ်က ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။

တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာချီလိတ်ခရိုင်အတွင်း နွေရာသီ ရှမ်းစာပေနှင့် ယဉ်ကျေးမှု သင်တန်းများအဖြစ် ကျောင်းသား/သူ စုစုပေါင်း(၁၀၀၀)ကျော်အား ပို့ချ ပေး နေလျက်ရှိကြောင်းနှင့် ရှမ်းစာပေဟောပြောပွဲအား ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိသော်လည်း ဟောပြောမည့် ရက်နှင့် ဟောပြောမည့် ရှမ်းစာဆိုတော်ပညာရှင်စာရင်းအား အတည်မပြုရသေးကြောင်း သိရသည်။

"ရှမ်းစာပေဟောပြောပွဲ ပြုလုပ်ဖို့ရှိပါတယ်၊ ဘယ်နေ့မှာ လုပ်မလဲ ဆိုတာနဲ့ ဘယ်သူ့ကို ခေါ်မလဲ ဆိုတာတော့ အတည်မပြုရသေးပါဘူး၊ ရှမ်းစာပေဟောပြောမှာက နွေရာသီ ရှမ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်း ဆင်းပွဲမှာ တခါတည်းလုပ်မလား၊ သီးခြားလုပ်မလားဆိုတာတော့ အစည်းအေဝး လုပ်ရဦးမှာပါ"ဟု တာချီလိတ်မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ စာရင်းစစ်ဖြစ်သူ ဦးစိုင်းနွံတွီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ယခင်က ရှမ်းစာပေဟောပြောပွဲအား ဆေခမ်း(ဟောင်လိတ်)ဘက်တွင်သာ ပြုလုပ်ခဲ့ ဖူးသော်လည်း ယခုအကြိမ်တွင် တာချီလိတ်မြို့ထဲရှိ အောင်မြတ်ခန်းအတွင်း ကျင်းပလိုသူများလည်း ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ - SNT

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~