ကယားျပည္နယ္တြင္ ေရသန္႔ လုပ္ငန္းရွင္အသင္းဖြဲ႔စည္းၿပီးပါက တရားမဝင္ ထုတ္လုပ္မႈမ်ား အေရးယူမည္

ကယားျပည္နယ္တြင္ ေရသန္႔ လုပ္ငန္းရွင္အသင္းဖြဲ႔စည္းၿပီးပါက တရားမဝင္ ထုတ္လုပ္မႈမ်ား အေရးယူမည္
ဧပြီ 3, 2018
By Tachileik News Agency

ကယားျပည္နယ္တြင္ ထုတ္လုပ္သည့္ေရသန္႔လုပ္ငန္းမ်ားအား စည္းၾကပ္ႏုိင္ေရးအတြက္ ေရသန္႔လုပ္ငန္း ရွင္မ်ားအဖြဲ႕အား ဖြဲ႕စည္းေပးသြားမည္ျဖစ္ေၾကာင္း ကယားျပည္နယ္ စားသုံးသူေရးရာဦးစီးဌာနထံမွ သိရသည္။

" အခုသူတို႔ထုတ္လုပ္တဲ့ တံဆိပ္နဲ႔ ဥပမာ လူသုံးမ်ားတဲ့ ေရသန္႔ စက္႐ုံထုတ္တဲ့ ဗူးေတြေပါ့။ အဲဒါေတြက တစ္ျခား ေရသန္႔ထုတ္တဲ့ ေနရာေတြ ေရာက္ကုန္တယ္။ တံဆိပ္နဲ႔ ဗူးေတြ ေရသန္႔ထုတ္တာေတြက အကုန္ေရာၿပီး ဒီတံဆိပ္ ဒီစက္႐ုံကမဟုတ္။ အဲဒီလိုေတြျဖစ္ေနတယ္။ အဲဒါေတြကို ကၽြန္ေတာ္တို႔ ျပန္တည့္ေပးမယ္။ ကိုယ့္တံဆိပ္နဲ႔ ကိုယ့္ဗူးနဲ႔ ကိုယ္ပဲထုတ္ရမယ္။ တံဆိပ္မွန္၊ ဗူးအမွန္ေတြပဲ ထုတ္ရမယ္ေပါ့။ ေနာက္ၿပီးထုတ္တဲ့ေရသန္႔ေတြကိုလည္း ကြၽန္ေတာ္တို႔ ဒီကယားျပည္နယ္မွာ ဓာတ္ခြဲခန္း သုံးခုေလာက္႐ွိတယ္။ အဲဒီမွာ မၾကာခဏ စစ္ေဆးမယ္။ လုပ္ထုံးလုပ္နည္းေတြနဲ႔ ထိန္းေက်ာင္းသြားမယ္။ ဒါမွစနစ္တက် ရိွလာမယ္ေပါ့" ဟု ကယားျပည္​စားသုံးသူ​ေရးရာဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ဦးခမ္လ်န္စြန္း က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ ကယားျပည္နယ္တြင္း ေရသန္႔ထုတ္လုပ္သည့္ လုပ္ငန္းမ်ားမွာ ထုတ္လုပ္မႈတြင္ စနစ္က်မႈ အားနည္းေနသျဖင့္ စားသုံးသူမ်ား ထိခိုက္နစ္နာမႈမရိွေစေရးအတြက္ အသင္းဖြဲ႕စည္း ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္မတို႔က သူတို႔လာပို႔တဲ့ ေရသန္႔ကိုပဲ ျပန္ေရာင္းရတာေပါ့။ ကြၽန္မဆို စက္ရံုႏွစ္ခုေလာက္က ေရသန္႔ ယူတယ္။ အခက္အခဲက ေရသန္႔လာလဲတဲ့သူေတြက ေရႊကယားေရသန္႔ကို စိမ့္ဆန္းမိုးတို႔ရဲ႕ဗူးနဲ႔ လာလဲတာလည္း ရိွတယ္။ ေျပာလို႔မရဘူးေလ။ အဲဒီေလာက္ထိလည္း လိုက္ၿပီး ကြၽန္မတို႔ ေဈးဆိုင္ေတြက်ေတာ့ လိုက္မၾကည့္ႏိုင္ဘူးေပါ့။ အဲဒီေတာ့ ေရႊကယားဗူးက ဟိုဖက္ပါသြား၊ ဟိုဖက္ဗူးက ဒီဖက္ပါလာနဲ႔ တံဆိပ္ေတြနဲ႔ ဗူးေတြက ေရာကုန္တာေတာ့႐ွိတာေပါ့ " ဟု လိြဳင္ေကာ္ၿမိဳ႕မွ အိမ္ဆိုင္ဖြင့္လွစ္ေရာင္းခ်ေနေသာ ေဒၚလွရီက ေျပာသည္။

ေရသန္႔အသင္းတြင္ FDA ေထာက္ခံခ်က္ႏွင့္ ထုတ္လုပ္ခြင့္ လုိင္စင္ရိွၿပီးသူမ်ားအျပင္ မရိွေသးသည့္ ထုတ္လုပ္သူမ်ားလည္း ပါဝင္ဖြဲ႕စည္းမည္ျဖစ္ေၾကာင္း သိရၿပီး အသင္းဖြဲ႕စည္းၿပီးပါက တရားမဝင္ ထုတ္လုပ္ေနမႈမ်ားအား ထိေရာက္သည့္ အေရးယူမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း




~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်တွင် ထုတ်လုပ်သည့်ရေသန့်လုပ်ငန်းများအား စည်းကြပ်နိုင်ရေးအတွက် ရေသန့်လုပ်ငန်း ရှင်များအဖွဲ့အား ဖွဲ့စည်းပေးသွားမည်ဖြစ်ကြောင်း ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။

" အခုသူတို့ထုတ်လုပ်တဲ့ တံဆိပ်နဲ့ ဥပမာ လူသုံးများတဲ့ ရေသန့် စက်ရုံထုတ်တဲ့ ဗူးတွေပေါ့။ အဲဒါတွေက တစ်ခြား ရေသန့်ထုတ်တဲ့ နေရာတွေ ရောက်ကုန်တယ်။ တံဆိပ်နဲ့ ဗူးတွေ ရေသန့်ထုတ်တာတွေက အကုန်ရောပြီး ဒီတံဆိပ် ဒီစက်ရုံကမဟုတ်။ အဲဒီလိုတွဖြေစ်နေတယ်။ အဲဒါတွေကို ကျွန်တော်တို့ ပြန်တည့်ပေးမယ်။ ကိုယ့်တံဆိပ်နဲ့ ကိုယ့်ဗူးနဲ့ ကိုယ်ပဲထုတ်ရမယ်။ တံဆိပ်မှန်၊ ဗူးအမှန်တွေပဲ ထုတ်ရမယ်ပေါ့။ နောက်ပြီးထုတ်တဲ့ရေသန့်တွေကိုလည်း ကျွန်တော်တို့ ဒီကယားပြည်နယ်မှာ ဓာတ်ခွဲခန်း သုံးခုလောက်ရှိတယ်။ အဲဒီမှာ မကြာခဏ စစ်ဆေးမယ်။ လုပ်ထုံးလုပ်နည်းတွေနဲ့ ထိန်းကျောင်းသွားမယ်။ ဒါမှစနစ်တကျ ရှိလာမယ်ပေါ့" ဟု ကယားပြည်​စားသုံးသူ​ရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ကယားပြည်နယ်တွင်း ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းများမှာ ထုတ်လုပ်မှုတွင် စနစ်ကျမှု အားနည်းနေသဖြင့် စားသုံးသူများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် အသင်းဖွဲ့စည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့က သူတို့လာပို့တဲ့ ရေသန့်ကိုပဲ ပြန်ရောင်းရတာပေါ့။ ကျွန်မဆို စက်ရုံနှစ်ခုလောက်က ရေသန့် ယူတယ်။ အခက်အခဲက ရေသန့်လာလဲတဲ့သူတွေက ရွှေကယားရေသန့်ကို စိမ့်ဆန်းမိုးတို့ရဲ့ဗူးနဲ့ လာလဲတာလည်း ရှိတယ်။ ပြောလို့မရဘူးလေ။ အဲဒီလောက်ထိလည်း လိုက်ပြီး ကျွန်မတို့ ဈေးဆိုင်တွေကျတော့ လိုက်မကြည့်နိုင်ဘူးပေါ့။ အဲဒီတော့ ရွှေကယားဗူးက ဟိုဖက်ပါသွား၊ ဟိုဖက်ဗူးက ဒီဖက်ပါလာနဲ့ တံဆိပ်တွေနဲ့ ဗူးတွေက ရောကုန်တာတော့ရှိတာပေါ့ " ဟု လွိုင်ကော်မြို့မှ အိမ်ဆိုင်ဖွင့်လှစ်ရောင်းချနေသော ဒေါ်လှရီက ပြောသည်။

ရေသန့်အသင်းတွင် FDA ထောက်ခံချက်နှင့် ထုတ်လုပ်ခွင့် လိုင်စင်ရှိပြီးသူများအပြင် မရှိသေးသည့် ထုတ်လုပ်သူများလည်း ပါဝင်ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရပြီး အသင်းဖွဲ့စည်းပြီးပါက တရားမဝင် ထုတ်လုပ်နေမှုများအား ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~