အမ်ဳိးသမီးတစ္ဦးအား ပင္ေလာင္း - တုန္ဟုန္းလမ္းသို႔ ဆိုင္ကယ္ျဖင့္ ေခၚေဆာင္သြားကာ သတ္ျဖတ္

အမ်ဳိးသမီးတစ္ဦးအား ပင္ေလာင္း - တုန္ဟုန္းလမ္းသို႔ ဆိုင္ကယ္ျဖင့္ ေခၚေဆာင္သြားကာ သတ္ျဖတ္
ဧပြီ 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပင္ေလာင္းၿမိဳ႕နယ္၊ ပင္ေလာင္း - တုန္ဟုန္းသြား ကားလမ္း မိုင္တိုင္(၅၀/၇) ေျမတိုင္ေက်း႐ြာသြား လမ္းခြဲတံတားအနီး ေျမထိန္းနံရံေရေျမာင္းေဘး၌ လည္ပင္းတြင္ ထိုးသြင္း ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည့္ အမ်ိဳးသမီးအမႈမွ လူသတ္သူအား ဧၿပီလ (၁)ရက္ေန႔တြင္ ဖမ္းဆီးရမိထားၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးအေလာင္းအား ၂၀၁၈ ခုႏွစ္၊ မတ္လ (၃၁) ရက္ေန႔ ေန႔လယ္ (၁၂)နာရီခြဲအခ်ိန္တြင္ ေတြ႔ရိွရသျဖင့္ အေလာင္းအား ပင္ေလာင္းျပည္သူ႔ေဆး႐ုံသို႔တင္ပို႔ခဲ့ကာ ပင္ေလာင္းၿမိဳ႕မ ရဲစခန္း၌ (ပ) ၁၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ (လူသတ္မႈ)ျဖင့္ အမႈဖြင့္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လူသတ္မႈႏွင့္ပတ္သက္၍ မသကၤာသည့္ ေမာင္ျဖဴ(ခ)ေအာင္ျဖဴအား ဖမ္းဆီးစစ္ေဆးရာ ၎သည္ ယခု ေသဆံုးသြားသည့္ အိမ္ေထာင္သည္ အမ်ိဳးသမီးႏွင့္ ၿငိစြန္းေနရာမွ မတ္လ (၂၉)ရက္ေန႔တြင္ အမ်ိဳးသမီးက ခိုးယူခိုင္းသျဖင့္ ပင္ေလာင္း - တုန္ဟုန္ကားလမ္းအတိုင္း ဆိုင္ကယ္ျဖင့္ ေခၚေဆာင္လာခဲ့ၿပီး ထာငိုေက်း႐ြာ အလြန္တြင္ အဆိုပါ အမ်ိဳးသမီးအား အသင့္ပါလာေသာ အ႐ိုးအသြား (၁၀) လက္မခန္႔ရွိ ဓားဦးခြၽန္ျဖင့္ လည္ပင္းအား ႏွစ္ခ်က္ထုိးခဲ့ၿပီး ဓားအား လမ္းေဘးၿခံဳထဲတြင္ ပစ္ထားခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုသည္ဟု သိရသည္။

လက္ရိွတြင္ ေမာင္ျဖဴ(ခ)ေအာင္ျဖဴအား ဖမ္းဆီးထားၿပီး ဆက္လက္ တရားစြဲဆိုႏုိင္ေရး ေဆာင္ရြက္ ထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ ပင်လောင်း - တုန်ဟုန်းသွား ကားလမ်း မိုင်တိုင်(၅၀/၇) မြေတိုင်ကျေးရွာသွား လမ်းခွဲတံတားအနီး မြေထိန်းနံရံရေမြောင်းဘေး၌ လည်ပင်းတွင် ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီးအမှုမှ လူသတ်သူအား ဧပြီလ (၁)ရက်နေ့တွင် ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးအလောင်းအား ၂၀၁၈ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်တွင် တွေ့ရှိရသဖြင့် အလောင်းအား ပင်လောင်းပြည်သူ့ဆေးရုံသို့တင်ပို့ခဲ့ကာ ပင်လောင်းမြို့မ ရဲစခန်း၌ (ပ) ၁၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူသတ်မှုနှင့်ပတ်သက်၍ မသင်္ကာသည့် မောင်ဖြူ(ခ)အောင်ဖြူအား ဖမ်းဆီးစစ်ဆေးရာ၎င်းသည် ယခု သေဆုံးသွားသည့် အိမ်ထောင်သည် အမျိုးသမီးနှင့် ငြိစွန်းနေရာမှ မတ်လ (၂၉)ရက်နေ့တွင် အမျိုးသမီးက ခိုးယူခိုင်းသဖြင့် ပင်လောင်း - တုန်ဟုန်ကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာခဲ့ပြီး ထာငိုကျေးရွာ အလွန်တွင် အဆိုပါ အမျိုးသမီးအား အသင့်ပါလာသော အရိုးအသွား (၁၀) လက်မခန့်ရှိ ဓားဦးချွန်ဖြင့် လည်ပင်းအား နှစ်ချက်ထိုးခဲ့ပြီး ဓားအား လမ်းဘေးခြုံထဲတွင် ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု သိရသည်။

လက်ရှိတွင် မောင်ဖြူ(ခ)အောင်ဖြူအား ဖမ်းဆီးထားပြီး ဆက်လက် တရားစွဲဆိုနိုင်ရေး ဆောင်ရွက် ထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~