သင်္ကြန်အကြိုနေ့၌ တာချီလိတ်ခရိုင်အတွင်း နမ့်မွေချောင်းတွင် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

သင်္ကြန်အကြိုနေ့၌ တာချီလိတ်ခရိုင်အတွင်း နမ့်မွေချောင်းတွင် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး
ဧပွီ 13, 2018
By Tachileik News Agency

တာချီလိတ်ခရိုင် တာလေမြို့ရှိ နမ့်မွေချောင်း၌ သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ(၁၃)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင် အချိန်က အသက်(၈)နှစ်ဝန်းကျင်အရွယ် ယောက်ျားလေးတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် အသက်(၈)နှစ်ဝန်းကျင်အရွယ် စိုင်းဆမ်တစ်ဖြစ်ကြောင်း နှင့် တာလေမြို့ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု၊ ၀ိန်းလန်းရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။






~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင် တာလမြေို့ရှိ နမ့်မွေချောင်း၌ သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ(၁၃)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင် အချိန်က အသက်(၈)နှစ်ဝန်းကျင်အရွယ် ယောက်ျားလေးတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် အသက်(၈)နှစ်ဝန်းကျင်အရွယ် စိုင်းဆမ်တစ်ဖြစ်ကြောင်း နှင့် တာလမြေို့ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု၊ ဝိန်းလန်းရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ကလေးငယ်သည် နမ့်မွေချောင်းအတွင်း ယနေ့ ဧပြီလ(၁၃)ရက်နေ့ နံနက်က အတာသင်္ကြန်ဖွင့်ပွဲ အခမ်းအနားပြုလုပ်ရာသို့ လာရောက်၍ ကပြဖျော်ဖြေသည့် အဖွဲ့တွင် ပါဝင်သူဖြစ်ပြီး ကပြဖျော်ဖြေမှု အပြီး ရေထဲဆင်းရာမှ ယင်းကဲ့သို့ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် သင်္ကြန်အကြိုနေ့ မရောက်မီ ဧပြီလ(၁၂)ရက်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦး ကားတိုက်ခံရ၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~