သီေပါေဆးရံုတြင္ (၂၂)ေပါင္ရွိသည့္ အသက္(၁၃)ႏွစ္အရြယ္ မိန္းကေလး၏ ရင္သားကို (၇)နာရီနီးပါးၾကာ ခြဲစိတ ္ဖယ္ထုတ္ပစ္ရ

သီေပါေဆးရံုတြင္ (၂၂)ေပါင္ရွိသည့္ အသက္(၁၃)ႏွစ္အရြယ္ မိန္းကေလး၏ ရင္သားကို (၇)နာရီနီးပါးၾကာ ခြဲစိတ ္ဖယ္ထုတ္ပစ္ရ
ဧပြီ 9, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕ ျပည္သူ႔ေဆးရံုတြင္ ရင္သားအဆမတန္ႀကီးထြားလာေနသည့္ အသက္ (၁၃)ႏွစ္အရြယ္ အမ်ိဳးသမီးငယ္၏ ရင္သားအတြင္းမွ (၂၂) ေပါင္ခန္႔ဖယ္ထုတ္ (၇)နာရီနီးပါးၾကာျမင့္သည့္ ခြဲစိတ္မႈကို ဧၿပီလ (၉)ရက္ေန႔က ေအာင္ျမင္စြာေဆာင္ရြက္ႏုိင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ခြဲစိတ္ကုသမႈမွာ နံနက္ ( ၉ )နာရီမွ ညေန (၃) နာရီ (၄၅) အထိၾကာျမင့္္ၿပီး  သီေပါျပည္သူ႔ ေဆးရံုႀကီးမွ ခြဲစိတ္ဆရာဝန္ႀကီးမွ ဦးေဆာင္ကာ ေဆးရံုအုပ္ႀကီးႏွင့္ အရိုးအထူးကု ဆရာဝန္ႀကီးတို႔ အပါအဝင္ စုစုေပါင္း က်န္းမာေရး ဝန္ထမ္း (၁၇) ဦး ပါဝင္ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 “အဲဒါက အပ်ိဳေဖၚဝင္စအရြယ္မွာ ရင္သားေဟာ္မုန္းေတြက အဆမတန္ႀကီးထြားေျပာင္းလဲလာတဲ့ေရာဂါ တစ္ခုလို႔ လက္တေလာေတြ႔ရွိရတယ္။ သူ႔မွာက သြားလည္းဒုကၡ၊ စားလည္းဒုကၡျဖစ္ေနရတဲ့အတြက္ ဒီကခြဲစိတ္ ဆရာဝန္ႀကီးနဲ႔အတူ ကၽြန္ေတာ္တို႔က ခြဲစိတ္ကုသေပးခဲ့တာျဖစ္ပါတယ္” ဟု သီေပါျပည္သူ႔ေဆးရံုႀကီး၏ ေဆးရံုအုပ္ ေဒါက္တာနႏၵဝင္း က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

တစ္သွ်ဴးနမူနာစစ္ေဆးမႈမ်ားလုပ္ေဆာင္ၿပီး လိုအပ္သည့္ ကုသမႈမ်ား ဆက္လက္လုပ္ေဆာင္ ေပးသြား မည္ျဖစ္ကာ လက္ရိွတြင္ ခြဲစိတ္ခံယူထားသည့္ လူနာအေျခအေနေကာင္းမြန္ေနေၾကာင္း သီေပါၿမိဳ႕ ျပည္သူ႔ေဆးရံု၏ ေဆးရံုအုပ္ဆရာဝန္ႀကီးထံမွ သိရသည္။

ခြဲစိတ္ကုသမႈခံယူသည့္လူနာမွာ မိုင္းရယ္ၿမိဳ႕နယ္ႏွင့္ သီေပါၿမိဳ႕နယ္အစပ္ရွိ ေက်းရြာတစ္ခုမွျဖစ္ၿပီး အသက္ (၁၁) ႏွစ္ခန္႔ကတည္းက ရင္သားမ်ား သာမန္ထက္ႀကီးထားလာရာမွ အသက္(၁၃)ႏွစ္အရြယ္တြင္ ေပါင္လယ္ခန္႔အထိ ဆက္လက္ႀကီးထြားလာျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါလူနာအား ခြဲစိတ္ကုသႏုိင္ရန္အတြက္ အရပ္ဖက္လူမႈကူညီေရးအဖြဲ႕မ်ား၏ အကူအညီျဖင့္ သီေပါျပည္သူ႔ေဆးရံုသို႔ ၂၀၁၈ ခုႏွစ္ ဧၿပီလ (၇) ရက္ေန႔တြင္ ေခၚေဆာင္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - Nanda Win

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ ပြည်သူ့ဆေးရုံတွင် ရင်သားအဆမတန်ကြီးထွားလာနေသည့် အသက် (၁၃)နှစ်အရွယ် အမျိုးသမီးငယ်၏ ရင်သားအတွင်းမှ (၂၂) ပေါင်ခန့်ဖယ်ထုတ် (၇)နာရီနီးပါးကြာမြင့်သည့် ခွဲစိတ်မှုကို ဧပြီလ (၉)ရက်နေ့က အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခွဲစိတ်ကုသမှုမှာ နံနက် ( ၉ )နာရီမှ ညနေ (၃) နာရီ (၄၅) အထိကြာမြင့်ပြီး သီပေါပြည်သူ့ ဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန်ကြီးမှ ဦးဆောင်ကာ ဆေးရုံအုပ်ကြီးနှင့် အရိုးအထူးကု ဆရာဝန်ကြီးတို့ အပါအဝင် စုစုပေါင်း ကျန်းမာရေး ဝန်ထမ်း (၁၇) ဦး ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “အဲဒါက အပျိုဖော်ဝင်စအရွယ်မှာ ရင်သားဟော်မုန်းတွေက အဆမတန်ကြီးထွားပြောင်းလဲလာတဲ့ရောဂါ တစ်ခုလို့ လက်တလောတွေ့ရှိရတယ်။ သူ့မှာက သွားလည်းဒုက္ခ၊ စားလည်းဒုက္ခဖြစ်နေရတဲ့အတွက် ဒီကခွဲစိတ် ဆရာဝန်ကြီးနဲ့အတူ ကျွန်တော်တို့က ခွဲစိတ်ကုသပေးခဲ့တာဖြစ်ပါတယ်” ဟု သီပေါပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာနန္ဒဝင်း က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

တစ်သျှူးနမူနာစစ်ဆေးမှုများလုပ်ဆောင်ပြီး လိုအပ်သည့် ကုသမှုများ ဆက်လက်လုပ်ဆောင် ပေးသွား မည်ဖြစ်ကာ လက်ရှိတွင် ခွဲစိတ်ခံယူထားသည့် လူနာအခြေအနေကောင်းမွန်နေကြောင်း သီပေါမြို့ ပြည်သူ့ဆေးရုံ၏ ဆေးရုံအုပ်ဆရာဝန်ကြီးထံမှ သိရသည်။

ခွဲစိတ်ကုသမှုခံယူသည့်လူနာမှာ မိုင်းရယ်မြို့နယ်နှင့် သီပေါမြို့နယ်အစပ်ရှိ ကျေးရွာတစ်ခုမှဖြစ်ပြီး အသက် (၁၁) နှစ်ခန့်ကတည်းက ရင်သားများ သာမန်ထက်ကြီးထားလာရာမှ အသက်(၁၃)နှစ်အရွယ်တွင် ပေါင်လယ်ခန့်အထိ ဆက်လက်ကြီးထွားလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလူနာအား ခွဲစိတ်ကုသနိုင်ရန်အတွက် အရပ်ဖက်လူမှုကူညီရေးအဖွဲ့များ၏ အကူအညီဖြင့် သီပေါပြည်သူ့ဆေးရုံသို့ ၂၀၁၈ ခုနှစ် ဧပြီလ (၇) ရက်နေ့တွင် ခေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ - Nanda Win

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~