မနောကွင်း ဖွင့်ပွဲနှင့်အတူ ပထမဆုံးအကြိမ် မနောပွဲ ကွတ်ခိုင်တွင် ကျင်းပနေ

မနောကွင်း ဖွင့်ပွဲနှင့်အတူ ပထမဆုံးအကြိမ် မနောပွဲ ကွတ်ခိုင်တွင် ကျင်းပနေ
ဧပွီ 3, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့တွင် မနောကွင်းဖွင့်ပွဲနှင့်တူ ရှမ်းပြည်နယ်ကချင်ရိုးရာယဉ်ကျေးမှု မနောပွဲအား ဧပြီလ(၁)ရက်နေ့က စတင်ကျင်းပပြုလုပ်နေပြီး ဧပြီလ(၆)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သိန်းနီမြို့ဘက်မှ ကွတ်ခိုင်မြို့သို့အဝင် လွိုင်ဆမ်ဆစ်တောင်ခြေ အနီးရှိ ပြည်ထောင်စုလမ်းမကြီး၏ လက်ဝဲဘက်ရှိ မနောကွင်း(ကွတ်ခိုင်)တွင် ဧပြီလ(၁)ရက်နေ့က စတင်ကျင်းပနေခြင်းဖြစ်ပြီး ဝတ်ပြု ဆုတောင်းခြင်းများနှင့် မနောအကများကို ဧပြီလ (၃)ရက်နေ့ကစ၍ စတင် ကျင်းပပြု လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။


မနောကွင်းဖွင့်ပွဲနှင့် ရှမ်းပြည်နယ် ကချင်ရိုးရာယဉ်ကျေးမှုမနောပွဲကို ကချင်ရိုးရာယဉ်ကျေးမှုအသင်း (ကွတ်ခိုင်) မှ ဦးစီးဆောင်ရွက်နေခြင်းဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ခရစ်ယာန်ဘာသာဝင်များနှင့် ဒေသအသီးသီးမှ ခရစ်ယာန်ဘာသာ ဝင်များအား ဖိတ်ကြားတက်ရောက်လျက်ရှိကြောင်း သိရသည်။


သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - Shay Yar Za


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့တွင် မနောကွင်းဖွင့်ပွဲနှင့်တူ ရှမ်းပြည်နယ်ကချင်ရိုးရာယဉ်ကျေးမှု မနောပွဲအား ဧပြီလ(၁)ရက်နေ့က စတင်ကျင်းပပြုလုပ်နပြေီး ဧပြီလ(၆)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒါက ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်၊ မနောကွင်းကလည်း အသစ်ဖြစ်တော့ ဖွင့်ပွဲလုပ်ရင်း ကချင်ရိုးရာယဉ်ကျေးမှု မနောပွဲကိုလည်း ပြုလုပ်တာဖြစ်ပါတယ်” ဟု ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သိန်းနီမြို့ဘက်မှ ကွတ်ခိုင်မြို့သို့အဝင် လွိုင်ဆမ်ဆစ်တောင်ခြေ အနီးရှိ ပြည်ထောင်စုလမ်းမကြီး၏ လက်ဝဲဘက်ရှိ မနောကွင်း(ကွတ်ခိုင်)တွင် ဧပြီလ(၁)ရက်နေ့က စတင်ကျင်းပနခြေင်းဖြစ်ပြီး ဝတ်ပြု ဆုတောင်းခြင်းများနှင့် မနောအကများကို ဧပြီလ (၃)ရက်နေ့ကစ၍ စတင် ကျင်းပပြု လုပ်နခြေင်းဖြစ်ကြောင်း သိရသည်။

“ဖွင့်ပွဲကတော့ လဆန်း(၁)ရက်ကနေ (၆)ရက်နေ့အထိ လုပ်တာပေါ့၊ မနက်ပိုင်းက ဝတ်ပြုကိုးကွယ်ခြင်းပေါ့၊ ညနေပိုင်းမှာ မနောကတာတွေ ပါတယ်၊ (၄)ရက်နေ့ကနေစပြီးတော့ မနက်ပိုင်းတွေမှာ မနောအကတွေ လုပ်ပါမယ်၊ ဒေသအားလုံးက လာကြပါတယ်၊ နိုင်ငံခြားဧည့်သည်တွေလဲပါ ပါတယ်၊ အားလုံးကို ဖိတ်ပါတယ်” ဟု ကွတ်ခိုင်မြို့တွင် နေထိုင်သူ မဘီဘောက်တောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မနောကွင်းဖွင့်ပွဲနှင့် ရှမ်းပြည်နယ် ကချင်ရိုးရာယဉ်ကျေးမှုမနောပွဲကို ကချင်ရိုးရာယဉ်ကျေးမှုအသင်း (ကွတ်ခိုင်) မှ ဦးစီးဆောင်ရွက်နခြေင်းဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ခရစ်ယာန်ဘာသာဝင်များနှင့် ဒေသအသီးသီးမှ ခရစ်ယာန်ဘာသာ ဝင်များအား ဖိတ်ကြားတက်ရောက်လျက်ရှိကြောင်း သိရသည်။

ကွတ်ခိုင်မြို့တွင် ၁၉၈၁ ခုနှစ်က ပထမဦး ဆုံးမနောပွဲတော်ကို ကျင်းပပြုလုပ်ရန်စီစဉ်ခဲ့ဖူးသော်လည်း ရာသီဥတု အခြေအနေနှင့် အခြားအကြောင်း ကြောင်းများကြောင့် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းမရှိဘဲ ယခု ၂၀၁၈ ခုနှစ်မှသာ ပထမဦးဆုံးအကြိမ်အဖြစ် စတင် ကျင်းပပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Shay Yar Za

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~