တာချီလိတ်ခရိုင်၏ စတုတ္ထအကြိမ်မြောက် သင်္ကြန်မယ်ရွေးချယ်ပွဲတွင် သင်္ကြန်မယ်ဆုအဖြစ် မယ်ခေါင်ရပ်ကွက်ကိုယ်စားပြု ရရှိ

တာချီလိတ်ခရိုင်၏ စတုတ္ထအကြိမ်မြောက် သင်္ကြန်မယ်ရွေးချယ်ပွဲတွင် သင်္ကြန်မယ်ဆုအဖြစ် မယ်ခေါင်ရပ်ကွက်ကိုယ်စားပြု ရရှိ
ဧပွီ 17, 2018
By Tachileik News Agency


တာချီလိတ်ခရိုင်သင်္ကြန် ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်သည့် သင်္ကြန်ယိမ်းအကပြိုင်ပွဲ၏ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့ များထဲက စိစစ် ရွေးချယ်ခြင်းဖြစ်ပြီး ဧပြီလ(၁၆)ရက် သင်္ကြန်အတက်နေ့တွင် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ (၁၉)ဖွဲ့ထဲမှ သင်္ကြန်မယ် ဇကာတင်(၂၇)ဦး ပေါ်ထွက်ခဲ့ပြီး အဆိုပါ (၂၇)ဦးအား (၁၄)ဦးတစ်သုတ်နှင့် (၁၃)ဦးတစ်သုတ် ခွဲကာ ထပ်မံရွေးချယ်ကာ နောက်ဆုံးပေါ်ထွက်သည့် (၅)ဦးထဲမှ (၃)ဦးအား ရွေးချယ်ရာတွင်  မယ်ခေါင်ရပ်ကွက် ကိုယ်စားပြုအဖွဲ့မှ မနန်းကိန်ခမ်းက သင်္ကြန်မယ်ဆု အဖြစ် ရွေးချယ်ခံရပြီး ကျန်နှစ်ဦး ဖြစ်သည့်  မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(တာချီလိတ်)ကိုယ်စားပြု ယိမ်းအဖွဲ့မှ မအိအိချောအား သင်္ကြန်မယ် အထူးဆု(၁) အဖြစ် လည်းကောင်း၊ တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့မှ မဖြူလင်းချိုအား သင်္ကြန်မယ် အထူးဆု(၂)အဖြစ် ရွေးချယ်ကာ ဆုများ ပေးအပ်ချီးမြှင့်လိုက်ခြင်း ဖြစ်သည်။




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၏ စတုတ္ထအကြိမ်မြောက် သင်္ကြန်မယ်ရွေးချယ်ပွဲဖြစ်သည့် ၂၀၁၈ခုနှစ် သင်္ကြန်တွင် သင်္ကြန်မယ်အဖြစ် မယ်ခေါင်ရပ်ကွက်ကိုယ်စားပြုအဖွဲ့မှ တစ်ဦးအား ရွေးချယ်ခဲ့ကြပြီး သင်္ကြန်မယ်အထူးဆု (၂)ဆုကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်သင်္ကြန် ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်သည့် သင်္ကြန်ယိမ်းအကပြိုင်ပွဲ၏ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့ များထဲက စိစစ် ရွေးချယ်ခြင်းဖြစ်ပြီး ဧပြီလ(၁၆)ရက် သင်္ကြန်အတက်နေ့တွင် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ (၁၉)ဖွဲ့ထဲမှ သင်္ကြန်မယ် ဇကာတင်(၂၇)ဦး ပေါ်ထွက်ခဲ့ပြီး အဆိုပါ (၂၇)ဦးအား (၁၄)ဦးတစ်သုတ်နှင့် (၁၃)ဦးတစ်သုတ် ခွဲကာ ထပ်မံရွေးချယ်ကာ နောက်ဆုံးပေါ်ထွက်သည့် (၅)ဦးထဲမှ (၃)ဦးအား ရွေးချယ်ရာတွင် မယ်ခေါင်ရပ်ကွက် ကိုယ်စားပြုအဖွဲ့မှ မနန်းကိန်ခမ်း သင်္ကြန်မယ်ဆု အဖြစ် ရွေးချယ်ခံရပြီး ကျန်နှစ်ဦး ဖြစ်သည့် မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(တာချီလိတ်)ကိုယ်စားပြု ယိမ်းအဖွဲ့မှ မအိအိချောအား သင်္ကြန်မယ် အထူးဆု(၁) အဖြစ် လည်းကောင်း၊ တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ ကိုယ်စားပြု ယိမ်းအဖွဲ့မှ မဖြူလင်းချိုအား သင်္ကြန်မယ် အထူးဆု(၂)အဖြစ် ရွေးချယ်ကာ ဆုများ ပေးအပ်ချီးမြှင့်လိုက်ခြင်း ဖြစ်သည်။

၂၀၁၈ခုနှစ်အတွက် သင်္ကြန်မယ် နှင့် သင်္ကြန်မယ်အထူးဆု(၁)(၂)ရရှိသူ အဆိုပါ(၃)ဦးအား ဧပြီလ(၁၆)ရက်နေ့ သင်္ကြန်အတက်နေ့ ညပိုင်းတွင် ကျင်းပပြုလုပ်သည့် သင်္ကြန်ပွဲတော်ပိတ်ပွဲ အခမ်းအနား၌ တာချီလိတ်ခရိုင် အမျိုးသမီးရေးရာဥက္ကဌ ဒေါ်ဝင်းဝင်းသန့်က သင်္ကြန်မယ်ဆုအား ကျပ်ငွေ(၃)သိန်း၊ သင်္ကြန်မယ် အထူးဆု(၁)အား ကျပ်ငွေ(၂)သိန်း နှင့် သင်္ကြန်မယ်အထူးဆု(၂)အား ကျပ်ငွေ(၁)သိန်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တာချီလိတ်၏ သင်္ကြန်မယ်ဆုရွေးချယ်ပေးအပ်ခြင်း အစီစဉ်အား ၂၀၁၅ခုနှစ် သင်္ကြန်က စတင်ခဲ့ပြီး ၂၀၁၅ခုနှစ် သင်္ကြန်မယ်အား မိုင်းကိုး နှင့် ဖန်မင်ကျေးရွာအုပ်စုကိုယ်စားပြု ယိမ်းအဖွဲ့မှ မဥမ္မာဝင်းမှ လည်းကောင်း၊ ၂၀၁၆၊ ၂၀၁၇၊ နှင့် ၂၀၁၈ခုနှစ်တို့တွင် သင်္ကြန်မယ်အဖြစ် မယ်ခေါင်ရပ်ကွက် ကိုယ်စားပြုများအား မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီက (၃)နှစ်ဆက်တိုက် ရွေးချယ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~