နိုင်ငံ့ဝန်ထမ်း အမှုထမ်းလစာတိုး မှားယွင်းတွက်ချက်မိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ထုတ်ပြန်

နိုင်ငံ့ဝန်ထမ်း အမှုထမ်းလစာတိုး မှားယွင်းတွက်ချက်မိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ထုတ်ပြန်
ဧပြီ 18, 2018
By Tachileik News Agency





~~~~~~~~⊰❂ unicode ~~~~~~~~

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံ့ဝန်ထမ်းလစာတိုးတွက်ချက်ရာတွင် အမှုထမ်းတစ်ဦး၏ အနည်းဆုံး လစာတွက်ချက်မှုတွင် မှားယွင်း ထုတ်ပြန်ထားမိသည့်အတွက် ဧပြီလ (၁၈)ရက်နေ့တွင် ပြန်လည်ပြင်ဆင် ဖော်ပြလိုက်သည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့က ပြောကြားသည့် နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားတွင်၎င်းတို့ဝန်ကြီးဌာန၏ မှားယွင်းတွက်ချက်မှုအရ အမှုထမ်းတစ်ဦး၏ အနည်းဆုံးလစာ ၁၂၀,ဝဝဝ ကျပ်မှ ၁၃၈,ဝဝဝ ကျပ်အထိ တိုးမြှင့်သွားမည်ဟု ဖော်ပြ ပါရှိသွားခဲ့ခြင်းဖြစ်ပြီး အမှုထမ်းတစ်ဦး၏ အနည်းဆုံးလစာမှာ ၁၂၀,ဝဝဝ ကျပ်မှ ၁၄၄,ဝဝဝ ကျပ်အထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြင်ဆင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူးမိန့်ခွန်းတွင် နိုင်ငံ့ဝန်ထမ်း အမှုထမ်းများအား လစာ (၂၀)ရာခိုင်နှုန်းနှင့် အရာထမ်းများအား လစာ (၁၀)ရာခိုင်နှုန်း တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ပြောကြားသွားခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~