လားရိႈးၿမိဳ႕တြင္ ယာဥ္စည္းကမ္း လမ္းစည္းကမ္း ပညာေပးႏွင့္အတူ အိတ္ေဇာေရာင္းခ်သူမ်ားကိုပါ ပညာေပး

လားရိႈးၿမိဳ႕တြင္ ယာဥ္စည္းကမ္း လမ္းစည္းကမ္း ပညာေပးႏွင့္အတူ အိတ္ေဇာေရာင္းခ်သူမ်ားကိုပါ ပညာေပး
ဧပြီ 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕တြင္ ယာဥ္စည္းကမ္း လမ္းစည္းကမ္း ပညာေပးႏွင့္အတူ ဆူညံအိတ္ေဇာႏွင့္ ပါဝါအိတ္ေဇာေရာင္းခ်သည့္ ဆုိင္မ်ားကိုပါ ပညာေပးေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ဆိုင္ကယ္၊ သံုးဘီးတို႔အား ပညာေပးမႈလုပ္ေဆာင္ခဲ့သည့္ မတ္လ (၂၃) ရက္ေန႔မွ ဧၿပီလ (၁) ရက္ေန႔အထိ ဆူညံအိတ္ေဇာတပ္ ဆိုင္ကယ္/သံုးဘီး ယာဥ္စုစုေပါင္း (၁၆၃) စီးကို ပညာေပးႏိုင္ခဲ့ၿပီးျဖစ္ေၾကာင္း အမွတ္ (၁၁၉) ယာဥ္ထိန္းရဲတပ္ဖြဲ႔စုထံမွ သိရသည္။

“အိတ္ေဇာေတြ ျဖဳတ္လဲေစခဲ့တယ္။ အေရးယူတာေတာ့ မလုပ္ေသးပါဘူး” ဟု အမွတ္ (၁၁၉) ယာဥ္ထိန္းရဲတပ္ဖြဲ႔စု (လားရႈိး) မွ ဒုရဲမွဴးေက်ာ္ခိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရိႈးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမအနီး အဝိုင္းပတ္ေနရာတြင္ ျဖတ္သန္းသြားလာေနသည့္ ေမာ္ေတာ္ ဆိုင္ကယ္မ်ားအား စစ္ေဆးၿပီး ဆိုင္ကယ္စီး ဦးထုပ္ေဆာင္းရန္၊ သံုးေယာက္စီးနင္းျခင္းမျပဳလုပ္ရန္၊ ဆူညံအိတ္ေဇာတပ္ဆင္ စီးနင္းျခင္းတို႔ အလုပ္ေဆာင္ရန္ ပညာေပးျခင္းအား သႀကၤန္ကာလမတိုင္မီအထိ လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ဧၿပီလ (၂) ရက္ေန႔ ညေနပိုင္းတြင္လည္း ရွမ္းလူငယ္မ်ားအဖြဲ႔(လားရိႈး)က ယာဥ္ထိန္းရဲတပ္ဖြဲ႔စုမ်ား ပညာေပးလုပ္ငန္းတြင္ ရွမ္းဘာသာျဖင့္ ရွင္းလင္းျခင္းျဖင့္ ကူညီေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

သႀကၤန္ကာလမတိုင္မီအထိ ဆိုင္ကယ္စီးဦးထုပ္ေဆာင္းရန္ႏွင့္ ဆူညံအိတ္ေဇာတပ္ဆင္အသံုးမျပဳရန္ အပါအဝင္ ပညာေပးမႈမ်ား ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ၿပီး လတ္တေလာအေနျဖင့္ ပညာေပး လုပ္ငန္းမ်ားအား လိုက္နာေဆာင္ရြက္မႈတိုးလာသည္ကို ျမင္ေတြ႔ရေၾကာင္း ယာဥ္ထိန္းရဲတပ္ဖြဲ႔စုမွဴး က ေျပာသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - ေရေႏြးၾကမ္း ရဲမင္းသား


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးနှင့်အတူ ဆူညံအိတ်ဇောနှင့် ပါဝါအိတ်ဇောရောင်းချသည့် ဆိုင်များကိုပါ ပညာပေးဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဆိုင်ကယ်၊ သုံးဘီးတို့အား ပညာပေးမှုလုပ်ဆောင်ခဲ့သည့် မတ်လ (၂၃) ရက်နေ့မှ ဧပြီလ (၁) ရက်နေ့အထိ ဆူညံအိတ်ဇောတပ် ဆိုင်ကယ်/သုံးဘီး ယာဉ်စုစုပေါင်း (၁၆၃) စီးကို ပညာပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း အမှတ် (၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုထံမှ သိရသည်။

“အိတ်ဇောတွေ ဖြုတ်လဲစေခဲ့တယ်။ အရေးယူတာတော့ မလုပ်သေးပါဘူး” ဟု အမှတ် (၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (လားရှိုး) မှ ဒုရဲမှူးကျော်ခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့ မြို့တော်ခန်းမအနီး အဝိုင်းပတ်နေရာတွင် ဖြတ်သန်းသွားလာနေသည့် မော်တော် ဆိုင်ကယ်များအား စစ်ဆေးပြီး ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရန်၊ သုံးယောက်စီးနင်းခြင်းမပြုလုပ်ရန်၊ ဆူညံအိတ်ဇောတပ်ဆင် စီးနင်းခြင်းတို့ အလုပ်ဆောင်ရန် ပညာပေးခြင်းအား သင်္ကြန်ကာလမတိုင်မီအထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဧပြီလ (၂) ရက်နေ့ ညနေပိုင်းတွင်လည်း ရှမ်းလူငယ်များအဖွဲ့(လားရှိုး)က ယာဉ်ထိန်းရဲတပ်ဖွဲ့စုများ ပညာပေးလုပ်ငန်းတွင် ရှမ်းဘာသာဖြင့် ရှင်းလင်းခြင်းဖြင့် ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

သင်္ကြန်ကာလမတိုင်မီအထိ ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်နှင့် ဆူညံအိတ်ဇောတပ်ဆင်အသုံးမပြုရန် အပါအဝင် ပညာပေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး လတ်တလောအနဖြေင့် ပညာပေး လုပ်ငန်းများအား လိုက်နာဆောင်ရွက်မှုတိုးလာသည်ကို မြင်တွေ့ရကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး က ပြောသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရေနွေးကြမ်း ရဲမင်းသား

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~