ဂုတ်တွင်းလမ်းပိုင်းတွင် (၂၂)ဘီးယာဉ် မတော်တဆဖြစ်ပွား၍ သက်ဆိုင်ရာမှ လမ်းရှင်းပေးနေ

ဂုတ်တွင်းလမ်းပိုင်းတွင် (၂၂)ဘီးယာဉ် မတော်တဆဖြစ်ပွား၍ သက်ဆိုင်ရာမှ လမ်းရှင်းပေးနေ
ဧပွီ 8, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်ထောင်စုလမ်းမကြီး၊ ဂုတ်တွင်းလမ်းပိုင်းရှိ အကွေ့နံပါတ်(၁၂)တွင် (၂၂)ဘီးယာဉ်မှ အကွေ့၌ မတော်တဆမှု ဖြစ်ပွားခြင်းကြောင့် ကရိန်းဖြင့် ရွှေ့ပြောင်းပေးနေပြီး ညပိုင်းတွင် ယာဉ်များအားလုံး ပုံမှန်ဖြတ်သန်း သွားလာနိုင်ရန်အတွက် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း Oriental Highway ကုမ္ပဏီတာဝန်ရှိသူထံကသိရသည်။

"အခုတော့ အဆင်းကားတွေကို လွှတ်ပေးနေတယ်၊ (၆)ဘီးကားလောက်အထိ သွားလို့ လာလို့ရတယ်၊ ပိတ်နေတဲ့ယာဉ်ပေါ်က ပစ္စည်းတွေက လူအင်အားနဲ့ သယ်လို့မရတဲ့ ကုန်ပစ္စည်းတွေဖြစ်တဲ့အတွက် ကရိန်းနဲ့ရွှေ့ ပေးနေပါတယ်၊ ဒီညနေတော့ ပုံမှန်အတိုင်းသွားလို့ရသွားအောင် လုပ်နေပါတယ်”ဟု ဂုတ်တွင်းလမ်းပိုင်းအား တာဝန်ယူဆောင်ရွက်နေသည့် Oriental Highway ကုမ္ပဏီ မှ စီမံကိန်းမန်နေဂျာ ဦးသက်ဆွေက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈ခုနှစ် ဧပြီလ(၈)ရက်နေ့ နံနက်(၅)နာရီ ၀န်းကျင်က  သတင်းစာ/ဂျာနယ်သုံး စက္ကူလိပ်များ တင်ဆောင် လာသည့် (၂၂)ဘီးယာဉ်တစ်စီးမှာ ဂုတ်တွင်းလမ်းပိုင်းရှိ အကွေ့နံပါတ် (၁၂)တွင် မတော်တဆမှု ဖြစ်ပွားပိတ်ဆို့နေခြင်းကြောင့် မန္တလေးဘက်မှ တက်လာသည့် ယာဉ်များနှင့် လားရှိုးဘက်မှ ဆင်းသည့်ယာဉ်များအား အလှည့်ကျ စေလွှတ်ပေးနေရပြီး ခရီးသည်တင်ယာဉ်များမှာ ဖြတ်သန်း ရန်ခက်ခဲနေကြောင်း သိရသည်။

"တစ်ချို့ခရီးသည်တင် မှန်လုံယာဉ်တွေကတော့ လွန်းထိုးပြီး တက်နေကြတာပဲ၊ (၆)ဘီးကားနဲ့ ကားငယ်တွေကတော့ သွားလို့ရတယ်၊ ပိတ်တဲ့အချိန်ကတည်းက သက်ဆိုင်တဲ့ အဖွဲ့တွေက လမ်းရှင်း ပေးနေပါတယ်” ဟု အမှတ် (၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျောက်မဲ)မှ ယာဉ်ထိန်းအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရန်ကုန်မှ လားရှိုးသို့ ဧပြီလ (၇)ရက်နေ့ ညနေပိုင်းက ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်များလည်း ဂုတ်တွင်း လမ်းပိုင်းတွင် ပိတ်မိနေပြီး လားရှိုးသို့ မရောက်ရှိသေးသည့် အတွက် ဧပြီ (၈)ရက်ညနေပိုင်းတွင် လားရှိုးမှ ရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်တင်ယာဉ်များလည်း သတ်မှတ်အချိန်များကို နောက်ဆုတ်ထားရကြောင်း ခရီးသည်တင်ယာဉ်လိုင်းများထံမှ သိရှိရသည်။

သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - Saung Yati

 


~~~~~~~~⊰

❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်ထောင်စုလမ်းမကြီး၊ ဂုတ်တွင်းလမ်းပိုင်းရှိ အကွေ့နံပါတ်(၁၂)တွင် (၂၂)ဘီးယာဉ်မှ အကွေ့၌ မတော်တဆမှု ဖြစ်ပွားခြင်းကြောင့် ကရိန်းဖြင့် ရွှေ့ပြောင်းပေးနပြေီး ညပိုင်းတွင် ယာဉ်များအားလုံး ပုံမှန်ဖြတ်သန်း သွားလာနိုင်ရန်အတွက် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း Oriental Highway ကုမ္ပဏီတာဝန်ရှိသူထံကသိရသည်။

"အခုတော့ အဆင်းကားတွေကို လွှတ်ပေးနေတယ်၊ (၆)ဘီးကားလောက်အထိ သွားလို့ လာလို့ရတယ်၊ ပိတ်နေတဲ့ယာဉ်ပေါ်က ပစ္စည်းတွေက လူအင်အားနဲ့ သယ်လို့မရတဲ့ ကုန်ပစ္စည်းတွဖြေစ်တဲ့အတွက် ကရိန်းနဲ့ရွှေ့ ပေးနေပါတယ်၊ ဒီညနေတော့ ပုံမှန်အတိုင်းသွားလို့ရသွားအောင် လုပ်နေပါတယ်”ဟု ဂုတ်တွင်းလမ်းပိုင်းအား တာဝန်ယူဆောင်ရွက်နေသည့် Oriental Highway ကုမ္ပဏီ မှ စီမံကိန်းမန်နေဂျာ ဦးသက်ဆွေက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈ခုနှစ် ဧပြီလ(၈)ရက်နေ့ နံနက်(၅)နာရီ ဝန်းကျင်က သတင်းစာ/ဂျာနယ်သုံး စက္ကူလိပ်များ တင်ဆောင် လာသည့် (၂၂)ဘီးယာဉ်တစ်စီးမှာ ဂုတ်တွင်းလမ်းပိုင်းရှိ အကွေ့နံပါတ် (၁၂)တွင် မတော်တဆမှု ဖြစ်ပွားပိတ်ဆို့နခြေင်းကြောင့် မန္တလေးဘက်မှ တက်လာသည့် ယာဉ်များနှင့် လားရှိုးဘက်မှ ဆင်းသည့်ယာဉ်များအား အလှည့်ကျ စေလွှတ်ပေးနေရပြီး ခရီးသည်တင်ယာဉ်များမှာ ဖြတ်သန်း ရန်ခက်ခဲနေကြောင်း သိရသည်။

"တစ်ချို့ခရီးသည်တင် မှန်လုံယာဉ်တွေကတော့ လွန်းထိုးပြီး တက်နကြေတာပဲ၊ (၆)ဘီးကားနဲ့ ကားငယ်တွေကတော့ သွားလို့ရတယ်၊ ပိတ်တဲ့အချိန်ကတည်းက သက်ဆိုင်တဲ့ အဖွဲ့တွေက လမ်းရှင်း ပေးနေပါတယ်” ဟု အမှတ် (၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျောက်မဲ)မှ ယာဉ်ထိန်းအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရန်ကုန်မှ လားရှိုးသို့ ဧပြီလ (၇)ရက်နေ့ ညနေပိုင်းက ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်များလည်း ဂုတ်တွင်း လမ်းပိုင်းတွင် ပိတ်မိနပြေီး လားရှိုးသို့ မရောက်ရှိသေးသည့် အတွက် ဧပြီ (၈)ရက်ညနေပိုင်းတွင် လားရှိုးမှ ရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်တင်ယာဉ်များလည်း သတ်မှတ်အချိန်များကို နောက်ဆုတ်ထားရကြောင်း ခရီးသည်တင်ယာဉ်လိုင်းများထံမှ သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Saung Yati

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~