ပင္းတယၿမိဳ႕တြင္ ပထမဆံုးက်င္းပသည့္ ဓႏုအမ်ိဳးသားဝတ္စံုျဖင့္ စုေပါင္းသႀကၤန္ပြဲေတာ္သို႔ လာေရာက္ ဆင္ႏႊဲသူမ်ားျပား

ပင္းတယၿမိဳ႕တြင္ ပထမဆံုးက်င္းပသည့္ ဓႏုအမ်ိဳးသားဝတ္စံုျဖင့္ စုေပါင္းသႀကၤန္ပြဲေတာ္သို႔ လာေရာက္ ဆင္ႏႊဲသူမ်ားျပား
ဧပြီ 16, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပင္းတယၿမိဳ႕ ပုန္းတလုတ္ကန္အေရွ႕ပတ္လမ္းတြင္ ပထမဆံုးအႀကိမ္ ဓႏုအမ်ိဳးသား ဝတ္စံုမ်ားျဖင့္ စုေပါင္းသႀကၤန္ပြဲေတာ္ကို ဧၿပီလ (၁၆)ရက္ေန႔တြင္ က်င္းပရာ ပါဝင္ ဆင္ႏႊဲသူမ်ားျဖင့္ စည္ကားခဲ့ၿပီး Talents & Models Agency မွ ေဒၚတင္မိုးလြင္လည္း ပါဝင္ဆင္ႏႊဲေၾကာင္း သိရသည္။

သႀကၤန္အတက္ေန႔ျဖစ္သည့္ ဧၿပီလ (၁၆)ရက္ေန႔ နံနက္(၇)နာရီမွ စ၍ ဓႏုရိုးရာပစၥည္းမ်ားျဖင့္ အလွဆင္ထားသည့္ ပင္းတယၿမိဳ႕ရိွ ပုန္းတလုတ္ကန္အေရွ႕ပတ္လမ္းတြင္ ဓႏုရိုးရာအိုးစည္မ်ား တီးခတ္ျခင္း၊ စတုဒိသာမ်ား ေကၽြးေမြးဧည့္ခံျခင္းမ်ားျဖင့္ ဓႏုအမ်ိဳးသားဝတ္စံုၿပီး ေရကစားၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ဓႏုလူငယ္ေမာင္မယ္မ်ား ရင္းႏွီးခင္မင္ေစရန္ႏွင့္ ဓႏု႐ိုးရာ အဝတ္စားမ်ားအား တန္ဖိုးထားျမတ္ႏိုးစြာ ဝတ္ဆင္ေစရန္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု #လူေခး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့ ပုန်းတလုတ်ကန်အရှေ့ပတ်လမ်းတွင် ပထမဆုံးအကြိမ် ဓနုအမျိုးသား ဝတ်စုံများဖြင့် စုပေါင်းသင်္ကြန်ပွဲတော်ကို ဧပြီလ (၁၆)ရက်နေ့တွင် ကျင်းပရာ ပါဝင် ဆင်နွှဲသူများဖြင့် စည်ကားခဲ့ပြီး Talents & Models Agency မှ ဒေါ်တင်မိုးလွင်လည်း ပါဝင်ဆင်နွှဲကြောင်း သိရသည်။

သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ (၁၆)ရက်နေ့ နံနက်(၇)နာရီမှ စ၍ ဓနုရိုးရာပစ္စည်းများဖြင့် အလှဆင်ထားသည့် ပင်းတယမြို့ရှိ ပုန်းတလုတ်ကန်အရှေ့ပတ်လမ်းတွင် ဓနုရိုးရာအိုးစည်များ တီးခတ်ခြင်း၊ စတုဒိသာများ ကျွေးမွေးဧည့်ခံခြင်းများဖြင့် ဓနုအမျိုးသားဝတ်စုံပြီး ရေကစားကြခြင်းဖြစ်ကြောင်း သိရသည်။

ဓနုလူငယ်မောင်မယ်များ ရင်းနှီးခင်မင်စေရန်နှင့် ဓနုရိုးရာ အဝတ်စားများအား တန်ဖိုးထားမြတ်နိုးစွာ ဝတ်ဆင်စေရန် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ #လူခေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~