Update News
ကယားပြည်နယ်တွင် ခွေးလေခွေးလွင့်များအတွက် ကျပ်(၁၃၉)သန်း အသုံးပြု၍ ခွေးဂေဟာ တည်ဆောက်မည်
ယခင်က ခွေးလေခွေးလွင့်များအား အစာအဆိပ်ချ သတ်ဖြတ်ရှင်းလင်းနေခြင်းဖြစ်ရာ လာမည့် ဘဏ္ဍာနှစ်မှစ၍  ခွေးဂေဟာတည်ဆောက်၍ စနစ်တကျ ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ကယားပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက မတ်လ (၃၀) ရက်နေ့တွင် ပြုလုပ်ခဲ့သော ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းဝေး တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ် စည်ပင်သာယာရေးကော်မတီ အနေဖြင့် ခွေးလေခွေးလွင့်များအား စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်  ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ စည်ပင်သာယာရေးကော်မတီထံမှ တည်ဆောက် ထားသော ခွေးဂေဟာပုံစံအတိုင်း တည်ဆောက်ရန် ခန့်မှန်းကုန်ကျငွေ ကျပ်(၁၃၉)သန်းအား ၂၀၁၈ ခုနှစ် ပထမခြောက်လပတ် ဘတ်ဂျက်တွင် လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ထည့်သွင်းလျာထားပြီး ဖြစ်ကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ခွေးလေခွေးလွင့်များ ထိန်းသိမ်းရန် ကျပ် (၁၃၉)သန်းကုန်ကျမည့် ခွေးဂေဟာတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်က ခွေးလေခွေးလွင့်များအား အစာအဆိပ်ချ သတ်ဖြတ်ရှင်းလင်းနခြေင်းဖြစ်ရာ လာမည့် ဘဏ္ဍာနှစ်မှစ၍ ခွေးဂေဟာတည်ဆောက်၍ စနစ်တကျ ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ကယားပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက မတ်လ (၃၀) ရက်နေ့တွင် ပြုလုပ်ခဲ့သော ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းဝေး တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခွေးဂေဟာတည်ဆောက်ပြီး ခွေးလေခွေးလွင့်များအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် လူမှု့ရေးအသင်း အဖွဲ့များဖြင့် ပူးပေါင်းကာ စနစ်တကျအကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
" ကျွန်မက တိရစ္ဆာန်ချစ်တဲ့သူတွေထဲမှာ ပါတော့ ဒီလိုအဆိပ်ချသတ်တာကိုတော့ အပြင်းအထန် ကန့်ကွက်ဖူးတယ်။ အခုလို စနစ်တကျ ထိန်းသိမ်းပေးမယ်ဆိုတော့ တိရစ္ဆာန်လေးတွေအတွက် ဝမ်းသာစရာပေါ့။ အခုလို အရေးတယူလုပ်ပေးတဲ့ အစိုးရကို ကျေးဇူးတင်တယ်။ အမြန်အကောင်အထည် ဖော်ပေးပါလို့်ပဲ တိုက်တွန်းချင်တယ် " ဟု လွို်င်ကော်မြို့မှ မလဲ့လဲ့က ပြောသည်။
ကယားပြည်နယ် စည်ပင်သာယာရေးကော်မတီ အနဖြေင့် ခွေးလေခွေးလွင့်များအား စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ စည်ပင်သာယာရေးကော်မတီထံမှ တည်ဆောက် ထားသော ခွေးဂေဟာပုံစံအတိုင်း တည်ဆောက်ရန် ခန့်မှန်းကုန်ကျငွေ ကျပ်(၁၃၉)သန်းအား ၂၀၁၈ ခုနှစ် ပထမခြောက်လပတ် ဘတ်ဂျက်တွင် လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ထည့်သွင်းလျာထားပြီး ဖြစ်ကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~
« PREV
NEXT »
No comments
Post a Comment
:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::