ပထမအကြိမ် ဓနုတိုင်းရင်းသားများ ရိုးရာဝတ်စုံများဖြင့် စုပေါင်းသင်္ကြန် ပင်းတယတွင် ကျင်းပမည်

ပထမအကြိမ် ဓနုတိုင်းရင်းသားများ ရိုးရာဝတ်စုံများဖြင့် စုပေါင်းသင်္ကြန် ပင်းတယတွင် ကျင်းပမည်
ဧပွီ 14, 2018
By Tachileik News Agency




စုပေါင်းသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးအတွက် ဓနုတိုင်းရင်းသားရေးရာဥက္ကဌ ဦးဝင်းဝဏ္ဏဝင်းက ကျပ်(၃)သိန်း၊ ဓနုတိုင်းရင်းသားရေးရာဒုဥက္ကဌ ဦးနေမျိုးကျော်(မြစ်ဖျားဇော်ဂျီဟိုတယ်) က ကျပ်(၁)သိန်း၊ ဒေသဦးစီးအဖွဲ့ဝင် ဦးထိန်လင်း (ရွှေပန်းတိုင်အထက်တန်းကျောင်း) က ကျပ်ငါးသောင်း၊ မနွေမြင့်မောင် (NEW MEMORY ဘော်ဒါဆောင်)က ကျပ်ငါးသောင်း၊ ကိုဖိုးထောင်နှင့် မခင်လွင်ထူးတို့က ကျပ်ငါးသောင်း၊ ကိုပြည့်ပိုင်မှူးအိမ်က ကျပ်သုံးသောင်း၊ ထင်းရှူးရိပ် လူငယ်ပရဟိတအသင်းက ကျပ်သုံးသောင်း၊ ကိုသိန်းနိုင်နှင့် မမိုးမိုးသင်းက ကျပ်သုံးသောင်း၊ ပင်းတယမြို့ GLOBAL GRACE HOTEL ကကျပ်သုံးသောင်း၊ မနန်းသရဖူတင့်က ကျပ်နှစ်သောင်း၊ ကိုသားထွေးက ကျပ်နှစ်သောင်း၊ မနီလာဝင်းက ကျပ်တစ်သောင်း၊ BB beauty saloon က ကျပ်တစ်သောင်း စုပေါင်းထည့်ဝင်ငွေဖြင့် ကျင်းပရန် စီစဉ်နေခြင်းဖြစ်ပြီး အကြံဥာဏ်နှင့် ငွေကြေးထည့်ဝင် လှူဒါန်းလိုသူများအနေဖြင့် စုပေါင်း သင်္ကြန်ဖြစ်မြောက်ရေး ဆောင်ရွက်နေသူတစ်ဦးဖြစ်သည့် စိုင်းလူခေး ဖုန်း ၀၉၄၀၀၆၇၅၀၀၁ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း #ချယ်ရီ
ဓာတ်ပုံ #လူခေး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့ ပုန်းတလုတ်ကန်အရှေ့ပတ်လမ်းတွင် ဓနုတိုင်းရင်းသားဝတ်စုံများ ဝတ်ဆင်၍ ပထမဆုံးအကြိမ် ဆင်နွှဲမည့် စုပေါင်းသင်္ကြန်ပွဲတော်ကို ဧပြီလ (၁၆)ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ပါဝင်ဆင်နွှဲနိုင်ကြကြောင်း သိရသည်။

သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ (၁၆)ရက်နေ့ နံနက် (၆)နာရီတွင် ပင်းတယမြို့ဓမ္မာရုံတွင် ဆရာတော်ကြီးများအား အရုဏ်ဆွမ်းကပ်၊ ဆရာတော်ကြီးများထံမှ တရားတော်နာယူပြီးနောက် နံနက်(၇)နာရီမှစ၍ ပင်းတယမြို့ရှိ ပုန်းတလုတ်ကန်အရှေ့ပတ်လမ်းတွင် ဓနုရိုးရာအိုးစည်များ တီးခတ်ခြင်း၊ နံနက် (၈)နာရီတွင် စတုဒိသာများ ကျွေးမွေးဧည့်ခံခြင်းနှင့် နံနက် (၉)နာရီမှ ညနေ (၅)နာရီအထိ ဓနုရိုးရာဓလေ့ပစ္စည်းများဖြစ်သော ငှက်ပျောတောထီး၊ ခမောက်၊ စက္ကူပုံးများဖြင့် ပေါင်းစပ်အလှဆင်ထားသည့် ပုန်းတလုတ်ကန်အရှေ့ပတ်လမ်းတွင် ဓနုရိုးရာဝတ်စုံများဖြင့် အေးဆေးငြိမ်းချမ်းစွာ ရေပက် ကစားကြမည်ဖြစ်ကြောင်း သိရသည်။

ဓနုလူငယ်မောင်မယ်များ ရင်းနှီးခင်မင်စေရန်နှင့် ဓနုရိုးရာ အဝတ်စားများအား တန်ဖိုးထားမြတ်နိုးစွာ ဝတ်ဆင်စေရန် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

စုပေါင်းသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးအတွက် ဓနုတိုင်းရင်းသားရေးရာဥက္ကဌ ဦးဝင်းဝဏ္ဏဝင်းက ကျပ်(၃)သိန်း၊ ဓနုတိုင်းရင်းသားရေးရာဒုဥက္ကဌ ဦးနေမျိုးကျော်(မြစ်ဖျားဇော်ဂျီဟိုတယ်) က ကျပ်(၁)သိန်း၊ ဒေသဦးစီးအဖွဲ့ဝင် ဦးထိန်လင်း (ရွှေပန်းတိုင်အထက်တန်းကျောင်း) က ကျပ်ငါးသောင်း၊ မနွမြေင့်မောင် (NEW MEMORY ဘော်ဒါဆောင်)က ကျပ်ငါးသောင်း၊ ကိုဖိုးထောင်နှင့် မခင်လွင်ထူးတို့က ကျပ်ငါးသောင်း၊ ကိုပြည့်ပိုင်မှူးအိမ်က ကျပ်သုံးသောင်း၊ ထင်းရှူးရိပ် လူငယ်ပရဟိတအသင်းက ကျပ်သုံးသောင်း၊ ကိုသိန်းနိုင်နှင့် မမိုးမိုးသင်းက ကျပ်သုံးသောင်း၊ ပင်းတယမြို့ GLOBAL GRACE HOTEL ကကျပ်သုံးသောင်း၊ မနန်းသရဖူတင့်က ကျပ်နှစ်သောင်း၊ ကိုသားထွေးက ကျပ်နှစ်သောင်း၊ မနီလာဝင်းက ကျပ်တစ်သောင်း၊ BB beauty saloon က ကျပ်တစ်သောင်း စုပေါင်းထည့်ဝင်ငွဖြေင့် ကျင်းပရန် စီစဉ်နခြေင်းဖြစ်ပြီး အကြံဉာဏ်နှင့် ငွေကြေးထည့်ဝင် လှူဒါန်းလိုသူများအနဖြေင့် စုပေါင်း သင်္ကြန်ဖြစ်မြောက်ရေး ဆောင်ရွက်နေသူတစ်ဦးဖြစ်သည့် စိုင်းလူခေး ဖုန်း ဝ၉၄၀၀၆၇၅၀၀၁ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း #ချယ်ရီ
ဓာတ်ပုံ #လူခေး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~