လားရႈိးမွ အေ၀းေျပး ခရီးသည္တင္ယာဥ္မ်ား သႀကၤန္ကာလအတြင္း သတ္မွတ္ႏႈန္းထား၊ သတ္မွတ္၀န္ေဆာင္မႈမ်ား ေပးေစေရး အဖြဲ႔စံုျဖင့္ ၾကပ္မတ္

လားရႈိးမွ အေ၀းေျပး ခရီးသည္တင္ယာဥ္မ်ား သႀကၤန္ကာလအတြင္း သတ္မွတ္ႏႈန္းထား၊ သတ္မွတ္၀န္ေဆာင္မႈမ်ား ေပးေစေရး အဖြဲ႔စံုျဖင့္ ၾကပ္မတ္
ဧပြီ 6, 2018
By Tachileik News Agency

လားရႈိးၿမိဳ႕ရွိ နားမေခၚအေ၀းေျပးကား၀န္းတြင္ သႀကၤန္ကာလမတိုင္မီ အနယ္နယ္အရပ္ရပ္သို႔ ခရီးသည္မ်ား ပို႔ေဆာင္ေပးေနေသာ ယာဥ္လိုင္းမ်ား အေနျဖင့္ သတ္မွတ္ႏႈန္းထား မွန္ကန္မႈရွိေစေရးႏွင့္ ခရီးသည္မ်ား အေပၚ သတ္မွတ္၀န္ေဆာင္မႈမ်ား ေပးေစေရးအတြက္ စားသံုးသူေရးရာ ဒုတိယျပည္နယ္ ဦးစီးဌာန ပါ၀င္သည့္ ပူးေပါင္းအဖြဲ႕က ၾကပ္မတ္ေနေၾကာင္း သိရသည္။

“ခရီးသည္ေတြ ခရီးသြားရာမွာ စိတ္ေက်နပ္မႈ ရွိမရွိဆိုတာရယ္၊ သတ္မွတ္ႏႈန္းထားအတိုင္း ေရာင္းခ်ေပး သလား၊ ခရီးသည္ေတြကို ဝန္ေဆာင္မႈေပးရာမွာ ဝန္ေဆာင္မႈျပည့္မီရဲ႕လားဆိုတာနဲ႔ လမ္းခရီးအႏၱရာယ္ မရွိေစဖို႔ ထိုင္ခံုခါးပတ္ ပတ္ဖို႔ရာေတြကို ႀကီးၾကပ္စစ္ေဆးတာျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္ စားသံုးသူေရးရာဌာန(လားရိႈး)မွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

သႀကၤန္ကာလအတြင္း ယာဥ္စီးလက္မွတ္ဝယ္ယူရာတြင္ ပံုမွန္ေစ်းႏႈန္းထက္ ပိုမိုေပးေဆာင္ရမႈရွိ မရွိ၊ ခရီးသည္မ်ား ႀကိဳတင္ဝယ္ယူထားသည့္ ထိုင္ခံုနံပါတ္ႏွင့္ အမွန္တကယ္ စီးနင္းရာတြင္ ေနရာ ေျပာင္းခံရျခင္း ရွိမရွိ၊ ခရီးသည္မ်ားကို ယာဥ္လိုင္းမ်ားမွ အႀကိဳအပို႔ျပဳလုပ္ရာတြင္ အမွန္တကယ္ ျပဳလုပ္ေပးမႈရွိမရွိ ႏွင့္ ခရီးသည္တင္ ယာဥ္ေမာင္းမ်ား ယာဥ္ေနာက္လိုက္မ်ားတြင္ ယာဥ္ေမာင္း လိုင္စင္ပါရွိ မရွိစသည္ တို႔ကိုပါ စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါကိစၥအတြက္ ၾကပ္မတ္မႈအဖြဲ႔တြင္ စားသံုးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရံုးမွ တာဝန္ရွိသူမ်ား၊ ယာဥ္လိုင္းေပါင္းစံုႀကီးၾကပ္ေရးဌာန၊ ယာဥ္ထိန္းရဲတပ္ဖြဲ႔၊ ပို႔/ဆက္ ႏွင့္ ကညနမွ တာဝန္ရွိသူမ်ား ပါ၀င္ေၾကာင္းႏွင့္ အဆိုပါအဖြဲ႔မွ ယာဥ္လိုင္းမ်ားအေပၚ ၾကပ္မတ္မႈအား ဧၿပီလ(၂)ရက္ေန႔က စတင္ကာ ဧၿပီလ(၁၂)ရက္ေန႔အထိ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕ နားမေခၚကားဝန္း(ၿမိဳ႕ျပင္ကားဝန္း)မွ အနယ္နယ္ အရပ္ရပ္သို႔ ခရီးသည္တင္ေဆာင္ ေျပးဆြဲေနသည့္ ယာဥ္မ်ားမွာ ေန႔စဥ္ မြန္းလြဲ (၂)နာရီမွ ည(၆)နာရီအထိရွိၿပီး ယာဥ္အစီးေရ (၂၅)စီး ဝန္းက်င္မွ (၃၅)စီးဝန္းက်င္အထိ ရွိေၾကာင္း ယာဥ္လိုင္းေပါင္းစံုႀကီးၾကပ္ေရးေကာ္မတီ(လားရိႈး) မွ သိရွိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္




~~~~~~~~⊰❂ unicode ~~~~~~~~

လားရှိုးမြို့ရှိ နားမခေါ်အေဝးပြေးကားဝန်းတွင် သင်္ကြန်ကာလမတိုင်မီ အနယ်နယ်အရပ်ရပ်သို့ ခရီးသည်များ ပို့ဆောင်ပေးနေသော ယာဉ်လိုင်းများ အနဖြေင့် သတ်မှတ်နှုန်းထား မှန်ကန်မှုရှိစေရေးနှင့် ခရီးသည်များ အပေါ် သတ်မှတ်ဝန်ဆောင်မှုများ ပေးစေရေးအတွက် စားသုံးသူရေးရာ ဒုတိယပြည်နယ် ဦးစီးဌာန ပါဝင်သည့် ပူးပေါင်းအဖွဲ့က ကြပ်မတ်နေကြောင်း သိရသည်။

“ခရီးသည်တွေ ခရီးသွားရာမှာ စိတ်ကျေနပ်မှု ရှိမရှိဆိုတာရယ်၊ သတ်မှတ်နှုန်းထားအတိုင်း ရောင်းချပေး သလား၊ ခရီးသည်တွေကို ဝန်ဆောင်မှုပေးရာမှာ ဝန်ဆောင်မှုပြည့်မီရဲ့လားဆိုတာနဲ့ လမ်းခရီးအန္တရာယ် မရှိစေဖို့ ထိုင်ခုံခါးပတ် ပတ်ဖို့ရာတွေကို ကြီးကြပ်စစ်ဆေးတာဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာဌာန(လားရှိုး)မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

သင်္ကြန်ကာလအတွင်း ယာဉ်စီးလက်မှတ်ဝယ်ယူရာတွင် ပုံမှန်ဈေးနှုန်းထက် ပိုမိုပေးဆောင်ရမှုရှိ မရှိ၊ ခရီးသည်များ ကြိုတင်ဝယ်ယူထားသည့် ထိုင်ခုံနံပါတ်နှင့် အမှန်တကယ် စီးနင်းရာတွင် နေရာ ပြောင်းခံရခြင်း ရှိမရှိ၊ ခရီးသည်များကို ယာဉ်လိုင်းများမှ အကြိုအပို့ပြုလုပ်ရာတွင် အမှန်တကယ် ပြုလုပ်ပေးမှုရှိမရှိ နှင့် ခရီးသည်တင် ယာဉ်မောင်းများ ယာဉ်နောက်လိုက်များတွင် ယာဉ်မောင်း လိုင်စင်ပါရှိ မရှိစသည် တို့ကိုပါ စစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကိစ္စအတွက် ကြပ်မတ်မှုအဖွဲ့တွင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ပို့/ဆက် နှင့် ကညနမှ တာဝန်ရှိသူများ ပါဝင်ကြောင်းနှင့် အဆိုပါအဖွဲ့မှ ယာဉ်လိုင်းများအပေါ် ကြပ်မတ်မှုအား ဧပြီလ(၂)ရက်နေ့က စတင်ကာ ဧပြီလ(၁၂)ရက်နေ့အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့ နားမခေါ်ကားဝန်း(မြို့ပြင်ကားဝန်း)မှ အနယ်နယ် အရပ်ရပ်သို့ ခရီးသည်တင်ဆောင် ပြေးဆွဲနေသည့် ယာဉ်များမှာ နေ့စဉ် မွန်းလွဲ (၂)နာရီမှ ည(၆)နာရီအထိရှိပြီး ယာဉ်အစီးရေ (၂၅)စီး ဝန်းကျင်မှ (၃၅)စီးဝန်းကျင်အထိ ရှိကြောင်း ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေးကော်မတီ(လားရှိုး) မှ သိရှိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~