သင်္ကြန်အကျနေ့ တာချီလိတ်တွင် မောင်နှမချင်း စကားများနေသည်ကို ၀င်တားသည့် ယောက္ဖအား ဓါးဖြင့်ထိုး

သင်္ကြန်အကျနေ့ တာချီလိတ်တွင် မောင်နှမချင်း စကားများနေသည်ကို ၀င်တားသည့် ယောက္ဖအား ဓါးဖြင့်ထိုး
ဧပွီ 14, 2018
By Tachileik News Agency


ဓါးဖြင့်ထိုးခံရသည့် ကိုစိုးဝင်းသည် သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ(၁၄)ရက်နေ့ နံနက်(၈း၄၅)နာရီ ၀န်းကျင် အချိန်က ဇနီးဖြစ်သူနှင့်အတူ ဇနီးနှင့်ညီမတော်စပ်သူ၏ နေအိမ်သို့ သွားရောက်ပြီး နံနက်စား စားသောက်ပြီးနောက် ဇနီး၏ မောင်ဖြစ်သူ အတူး(ခ)ဟန်ထူးက အရက်မူးပြီး ရောက်ရှိလာကာ ကိုစိုးဝင်း၏ ဇနီးဖြစ်သူနှင့် ခယ်မဖြစ်သူတို့ နှင့် စကားများနေကြသဖြင့် ကိုစိုးဝင်းက စကားများ ရန်မဖြစ်ကြရန် ၀င်ရောက် ပြောဆိုတားမြစ်ရာမှ ယောက္ဖဖြစ်သူ အထူး(ခ)ဟန်ထွန်းက "ဘာဖြစ်ချင်လဲ အကုန်လုံး သတ်ပစ်မယ်၊ မကြောက်ဘူး"ဟု ပြောဆိုပြီး ၎င်း၏ ဘောင်းဘီအိတ်ကတ်အတွင်း အသင့်ပါလာသည့် (၆)လက်မ ၀န်းကျင်ရှိ ခေါက်ဓါးဦးချွန်ဖြင့် ထိုးရာ ကိုစိုးဝင်းက လက်ဖြင့် ဟန်တားလိုက်စဉ် လည်ပင်းတွင် ပြတ်ရှဒဏ်ရာ(၁)ချက် ရရှိသွားကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် မောင်နှမချင်း စကားများနေသည်ကို ဝင်ရောက် ဟန့်တားသူအား ယောက္ဖဖြစ်သူမှ ဓားဖြင့် ထိုးမှုကြောင့် လည်ပင်းတွင် ဒဏ်ရာ ရရှိသွားသည့် အတွက် တာချီလိတ်မြို့မ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး အမှုဖွင့် အရေးယူလိုက်ကြောင်း သိရသည်။

ဓားဖြင့်ထိုးခံရသည့် ကိုစိုးဝင်းသည် သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ(၁၄)ရက်နေ့ နံနက်(၈း၄၅)နာရီ ဝန်းကျင် အချိန်က ဇနီးဖြစ်သူနှင့်အတူ ဇနီးနှင့်ညီမတော်စပ်သူ၏ နေအိမ်သို့ သွားရောက်ပြီး နံနက်စား စားသောက်ပြီးနောက် ဇနီး၏ မောင်ဖြစ်သူ အတူး(ခ)ဟန်ထူးက အရက်မူးပြီး ရောက်ရှိလာကာ ကိုစိုးဝင်း၏ ဇနီးဖြစ်သူနှင့် ခယ်မဖြစ်သူတို့ နှင့် စကားများနကြေသဖြင့် ကိုစိုးဝင်းက စကားများ ရန်မဖြစ်ကြရန် ဝင်ရောက် ပြောဆိုတားမြစ်ရာမှ ယောက္ဖဖြစ်သူ အထူး(ခ)ဟန်ထွန်းက "ဘာဖြစ်ချင်လဲ အကုန်လုံး သတ်ပစ်မယ်၊ မကြောက်ဘူး"ဟု ပြောဆိုပြီး၎င်း၏ ဘောင်းဘီအိတ်ကတ်အတွင်း အသင့်ပါလာသည့် (၆)လက်မ ဝန်းကျင်ရှိ ခေါက်ဓားဦးချွန်ဖြင့် ထိုးရာ ကိုစိုးဝင်းက လက်ဖြင့် ဟန်တားလိုက်စဉ် လည်ပင်းတွင် ပြတ်ရှဒဏ်ရာ(၁)ချက် ရရှိသွားကြောင်း သိရသည်။

လည်ပင်းတွင် ရရှိသွားသည့် ပြတ်ရှဒဏ်ရာမှာ စိုးရိမ်ရခြင်း မရှိကြောင်း သိရသည်။

ဒဏ်ရာ ရရှိသွားသည့် ကိုစိုးဝင်းက တရားလိုပြုလုပ်၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြား သဖြင့် ဓားဖြင့်ထိုးသူ အတူး(ခ)ဟန်ထွန်းအား (ပ) ၁၁၂/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄/၅၀၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး ရဲအုပ်ဝင်းဌေးစိုးက အမှုစစ်အဖြစ် တာဝန်ယူ ဆောင်ရွက်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~