တာခ်ီလိတ္၌ ရဲတပ္ဖြဲ႕လွည့္ကင္းေဆာင္ရြက္စဥ္ လမ္းေပၚတြင္ ပိုင္ရွင္မဲ့သိမ္းဆည္းရမိသည့္ ဆုိင္ကယ္အား ပိုင္ရွင္ထံ ျပန္လည္ေပးအပ္

တာခ်ီလိတ္၌ ရဲတပ္ဖြဲ႕လွည့္ကင္းေဆာင္ရြက္စဥ္ လမ္းေပၚတြင္ ပိုင္ရွင္မဲ့သိမ္းဆည္းရမိသည့္ ဆုိင္ကယ္အား ပိုင္ရွင္ထံ ျပန္လည္ေပးအပ္
ဧပြီ 10, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မရဲတပ္ဖြဲ႕မွ ဧၿပီလ (၉)ရက္ေန႔က ညလွည့္ကင္းေဆာင္ရြက္စဥ္ လမ္းတြင္ ပိုင္ရွင္မဲ့ေတြ႔ရသည့္ ဆုိင္ကယ္အား ဧၿပီလ (၁၀)ရက္ေန႔တြင္ ပိုင္ရွင္ထံ ျပန္လည္ ေပးအပ္ႏုိင္ခဲ့ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တုိ႔ မေန႔က မီးတန္းယာဥ္နဲ႔ လွည့္ကင္းေဆာင္ရြက္ရာမွာ မနက္အေစာပိုင္း က်န္းမာေရး စက္ဘီးစီးတဲ့ ကေလးတစ္ေယာက္က သူတို႔အိမ္နား လမ္းၾကားမွာ ဆုိင္ကယ္တစ္စီး ရပ္ထားတာေတြ႔တယ္။ မသကၤာလို႔ဆိုၿပီး သတင္းေပးတဲ့အတြက္ ကၽြန္ေတာ္တုိ႔ သြားေရာက္စစ္ေဆးရာမွာ အနီးပတ္ဝန္းက်င္မွာ ဘယ္သူမွ မေတြ႔ပါဘူး။ ရန္ေအာင္ျမင္ ပါလ်ံ ၃ ဘက္မွာ ေတြ႔ရတာပါ။ ရဲတပ္ဖြဲ႕က ထိန္းသိမ္းထားရာမွာ ဒီမနက္မွာ ဆုိင္ကယ္ေပ်ာက္တယ္ဆိုၿပီး လာတုိင္သူတစ္ေယာက္က သူ႔ဆိုင္ကယ္ျဖစ္ေနတာနဲ႔ ျပန္လည္ ေပးအပ္ႏုိင္ခဲ့တာပါ”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဘဏ္လံုၿခံဳေရး ဝန္ထမ္းတစ္ဦးက ဧၿပီလ (၈)ရက္ေန႔က ဘဏ္ေရွ႕တြင္ ရပ္ထားစဥ္ ဆုိင္ကယ္ ေပ်ာက္ဆံုးသြားသည့္ျဖစ္စဥ္ႏွင့္ ပတ္သက္၍  ဧၿပီလ (၁၀)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ လာေရာက္တုိင္ၾကားရာ ေပ်ာက္ဆံုးေနသည့္ ဆိုင္ကယ္နံပါတ္ႏွင့္ ရဲတပ္ဖြဲ႕က လွည့္ကင္း ေဆာင္ရြက္စဥ္ေတြ႔ရိွရသည့္ ဆုိင္ကယ္နံပါတ္တို႔အား တုိက္ဆိုင္ စစ္ေဆးၿပီးေနာက္ ပိုင္ရွင္ျဖစ္ေၾကာင္း အတည္ျပဳၿပီး ျပန္လည္အပ္ႏွံလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မရဲတပ်ဖွဲ့မှ ဧပြီလ (၉)ရက်နေ့က ညလှည့်ကင်းဆောင်ရွက်စဉ် လမ်းတွင် ပိုင်ရှင်မဲ့တွေ့ရသည့် ဆိုင်ကယ်အား ဧပြီလ (၁၀)ရက်နေ့တွင် ပိုင်ရှင်ထံ ပြန်လည် ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ မနေ့က မီးတန်းယာဉ်နဲ့ လှည့်ကင်းဆောင်ရွက်ရာမှာ မနက်အစောပိုင်း ကျန်းမာရေး စက်ဘီးစီးတဲ့ ကလေးတစ်ယောက်က သူတို့အိမ်နား လမ်းကြားမှာ ဆိုင်ကယ်တစ်စီး ရပ်ထားတာတွေ့တယ်။ မသင်္ကာလို့ဆိုပြီး သတင်းပေးတဲ့အတွက် ကျွန်တော်တို့ သွားရောက်စစ်ဆေးရာမှာ အနီးပတ်ဝန်းကျင်မှာ ဘယ်သူမှ မတွေ့ပါဘူး။ ရန်အောင်မြင် ပါလျံ ၃ ဘက်မှာ တွေ့ရတာပါ။ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားရာမှာ ဒီမနက်မှာ ဆိုင်ကယ်ပျောက်တယ်ဆိုပြီး လာတိုင်သူတစ်ယောက်က သူ့ဆိုင်ကယ်ဖြစ်နေတာနဲ့ ပြန်လည် ပေးအပ်နိုင်ခဲ့တာပါ”ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ဘဏ်လုံခြုံရေး ဝန်ထမ်းတစ်ဦးက ဧပြီလ (၈)ရက်နေ့က ဘဏ်ရှေ့တွင် ရပ်ထားစဉ် ဆိုင်ကယ် ပျောက်ဆုံးသွားသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဧပြီလ (၁၀)ရက်နေ့တွင် တာချီလိတ်မြို့မရဲစခန်းသို့ လာရောက်တိုင်ကြားရာ ပျောက်ဆုံးနေသည့် ဆိုင်ကယ်နံပါတ်နှင့် ရဲတပ်ဖွဲ့က လှည့်ကင်း ဆောင်ရွက်စဉ်တွေ့ရှိရသည့် ဆိုင်ကယ်နံပါတ်တို့အား တိုက်ဆိုင် စစ်ဆေးပြီးနောက် ပိုင်ရှင်ဖြစ်ကြောင်း အတည်ပြုပြီး ပြန်လည်အပ်နှံလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~