မိုင်းဖြတ်မြို့နယ်မှ လေဘေးသင့်နေအိမ်များအတွက် မိုးကာနှင့် အိမ်သုံးပစ္စည်းများ ပံ့ပိုး

မိုင်းဖြတ်မြို့နယ်မှ လေဘေးသင့်နေအိမ်များအတွက် မိုးကာနှင့် အိမ်သုံးပစ္စည်းများ ပံ့ပိုး
ဧပြီ 30, 2018
By Tachileik News Agency


“ကျွန်တော်တို့ မိုင်းဖြတ်မြို့နယ် ကြက်ခြေနီအသင်းခွဲကနေပြီးတော့ မြို့နယ်အတွင်း လေဘေးသင့် အိမ်တွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပို့ပေးလာတဲ့ မိုးကာနဲ့ အိမ်သုံးပစ္စည်းတွေကို ကျွန်တော်တို့ အနေနဲ့ သွားရောက် ပေးအပ်တာဖြစ်ပါတယ်” ဟု မိုင်းဖြတ်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးအောင်မြတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


သတင်း/ဓါတ်ပုံ - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် နမ့်ကုန်းကျးရွာအုပ်စု ပါဆန်းကျေးရွာမှ လေဘေးသင့် အိမ်ထောင်စု (၉)စု အတွက် ဧပြီလ(၃၀)ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက မိုးကာနှင့် အိမ်သုံးပစ္စည်းများ ပံ့ပိုးကြောင်း သိရသည်။

“ကျွန်တော်တို့ မိုင်းဖြတ်မြို့နယ် ကြက်ခြေနီအသင်းခွဲကနပြေီးတော့ မြို့နယ်အတွင်း လေဘေးသင့် အိမ်တွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပို့ပေးလာတဲ့ မိုးကာနဲ့ အိမ်သုံးပစ္စည်းတွေကို ကျွန်တော်တို့ အနေနဲ့ သွားရောက် ပေးအပ်တာဖြစ်ပါတယ်” ဟု မိုင်းဖြတ်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးအောင်မြတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အလားတူ လေဘေးသင့်ခံခဲ့ရသည့် နမ့်ကုန်းကျေးရွာမှ နေအိမ်(၁)လုံးနှင့် နမ့်ယွန်းကျေးရွာမှ နေအိမ်(၂)လုံးတို့အတွက်လည်း မိုးကာ နှင့် အိမ်သုံးပစ္စည်းများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~